Civil 3D Tutorials : ဗဟိုမှတ်အသုံးပြု Arc ဆွဲနည်း

AutoCAD Civil 3D Training Center Myanmar ကနေ မျဉ်းကွေး Arc ဆွဲသားနည်းများ တပိုင်းခြင်း တင်ဆက်လာရာမှာ အခု ဒုတိယမြောက်နည်းလမ်းအတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။

လက်တွေ့ရေးဆွဲထားတဲ့ ဗီဒီယိုလည်း အောက်မှာ ထည့်ပေးထားပါတယ်ခင်ဗျာ။

ဘယ်လိုဆွဲရမလဲ?

အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ ဗဟိုမှတ် နှင့် အဆုံးမှတ်တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။

စဆွဲပါမယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, Center , End ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။

3.      ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။

4.      ဒါဆို ဒုတိယအနေနဲ့ ဗဟိုမှတ်ကို ဆက်တောင်းပါမယ်။ အလယ်ကောင် တည့်တည့်မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး ဗဟိုမှတ် အဖြစ် သတ်မှတ်ပေးပါ။

5.      အခု မျဉ်းကွေး နောက်ဆုံးပွိုင့် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ အပေါ်ဆုံးက ပွိုင့်ကို ကလစ်လုပ်ပြီး မျဉ်းကွေး အဆုံးမှတ်အဖြစ် သတ်မှတ်ပေးလိုက်ပါ။

6.      အခုဆို ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး Arc တခု ရရှိပါပြီ။

အခုနည်းမှာ စက်ဝိုင်းခြမ်းတဝက် အပြည့်ရေးဆွဲထားသော်လည်း ဆွဲချင်တဲ့ ဘက် ဘယ်/ညာ မရွေးခိုင်းသလို ညာဖက်မှာလည်း မပေါ်တာ တွေ့ရပါမယ်။ မျဉ်းကွေး Arc ဆွဲသားရာမှာ Direction Left အတိုင်း ရရှိတာကို သတိပြုပေးပါ။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)