Civil 3D Tutorials : ဗဟိုခံဆောင့်ထောင့်သုံး Arc ဆွဲသားခြင်း နောက်တနည်း

ယခင်တင်ဆက်ပြီးသား ဗဟိုခံဆောင့်ထောင့်သုံး Arc ဆွဲနည်းလေးနဲ့ သံတူကြောင်းကွဲ ဒုတိယနည်းလေးကို မိတ်ဆွေများအတွက် AutoCAD Civil 3D Training Center Myanmar ကနေပြီး ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။

အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ အဆုံးမှတ် နှင့် အဲဒီမျဉ်းကွေးကို ခံဆောင်ထားတဲ့ ဗဟိုခံဆောင်ထောင့် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, End , Angle ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။

3.      ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။

4.      ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အဆုံးမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အဆုံးမှတ် အဖြစ် သတ်မှတ်ပေးပါ။

5.      အခုဆိုရင် မျဉ်းကွေး Arc ကို ခံဆောင်ထားတဲ့ အတွင်းထောင့်တန်ဖိုး သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ ခံဆောင်ထောင့် ၈၀ ဒီဂရီ ထားဆွဲကြည့်မှာမို့ 80 လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။

6.      အခုဆို ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး Arc တခု ရရှိပါပြီ။

ဆွဲထားတဲ့ Angle အတိုင်း ဟုတ်/မဟုတ် စစ်ကြည့်လိုပါက Dimension Angular Command အသုံးပြု စစ်ကြည့်နိုင်ပါတယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

ယခင်နည်းလမ်းကို https://www.actcmyanmar.com/2022/01/start-cen-ang-arc.html မှာ ကြည့်နိုင်ပါတယ်။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)