Civil 3D Tutorials : Tangent မျည်း အလွယ်ဆွဲနည်း

ကိုယ်ပုံလိုအပ်ချက်အရ ရှိပြီးသား မျဉ်းကွေးတခု သို့မဟုတ် မျဉ်းတခုပေါ်က အမှတ်တခုကို Tangent မျဉ်းတကြောင်း ဆွဲချင်တဲ့အခါ ဘယ်နည်းကို သုံးဖြစ်ကြသလဲခင်ဗျာ?

ACTC-MYANMAR က တင်ပေးတဲ့ ဒီနည်းလေးကို သုံးကြည့်ရင် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆွဲနိုင်တာ တွေ့ရပါမယ်။ 

အစားကောင်းစားရရင် ချစ်တဲ့သူကို သတိရသတဲ့။ ဒါကြောင့် ဒီနည်းလေးကို ကျွန်တော့်မိတ်ဆွေတွေကို မျှဝေလိုက်ပါတယ်။

ဘယ်လို ရလာမလဲ?

လိုင်းကနေ ဆက်ဆွဲရင်တော့ အဖြောင့်လိုင်းပဲ ရရှိမှာ ဖြစ်ပြီး မျဉ်းကွေးကနေ ဆက်ဆွဲတဲ့ အခါမှာတော့ တန်းဂျင့်လိုင်း ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုဆွဲတဲ့ အခါမှာ ကိုယ်ဆွဲချင်တဲ့ဘက်ကို Cursor ရွှေ့ပြီး လားရာပြထားပေးဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့အတိုင်း ရရှိလာမှာ ဖြစ်ပါတယ်။

စဆွဲကြည့်ရအောင်။

1.      ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line Tangent from Point ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      ဒါဆိုရင် Select arc or line object: ဆိုပြီး ကိုယ်ဆွဲချင်တဲ့ မျဉ်း သို့မဟုတ် မျဉ်းကွေးကို ရွေးပေးဖို့ ပြောပါမယ်။ arc ကို ကလစ်လုပ်ပြီး အရင် ရွေးပေးလိုက်ပါ။

3.      အခုဆို Specify point of tangency: ဆိုပြီး ဝန်းထိမှတ် သတ်မှတ်ဖို့ တောင်းနေပြီ ဖြစ်တဲ့အတွက် မျဉ်းကွေးအလယ်ခန့်မှာ ရှိတဲ့ ပွိုင့်ကို ကလစ်ချပြီး သတ်မှတ်ပေးပါမယ်။

4.      အကွာအဝေး သတ်မှတ်ပေးဖို့ Specify distance: ဆိုပြီး တောင်းနေပါတယ်။ အကွာအဝေး သတ်မှတ်ရာမှာ လိုချင်တဲ့အမှတ်မှာ ကလစ်ချပြီး သတ်မှတ်လို့ရသလို လိုချင်တဲ့ အတိုင်းအတာ သတ်မှတ်ပြီး ထည့်သွင်းရေးဆွဲလို့လည်း ရပါတယ်။

5.      အခု ဒီအတိုင်းပဲ ကလစ်ချတဲ့နေရာကို ကိုယ်လိုချင်တဲ့နေရာအဖြစ် သဘောထားပြီး ဘယ်ဖက်ခြမ်း တနေရာမှာ ကလစ်ချလိုက်ပါ။ ဝန်းထိ Tangent မျဉ်း ရရှိလာတာ တွေ့ရပါမယ်။

6.      ဆွဲလိုက်တဲ့ ဝန်းထိမျဉ်းရဲ့ အလျားကိုလည်း Command Line မှာ တွေ့ရပါမယ်။

7.      ဆက်ပြီးတော့ ကိုယ်လိုချင်တဲ့ အတိုင်းအတာ သတ်မှတ်ရေးဆွဲကြည့်ရအောင်။



8.      Up Arrow နှိပ်ပြီး လိုချင်တဲ့ Command ရွေးပြီး enter ခေါက်လို့ဖြစ်စေ၊ Ribbon > Home Tab > Draw Panel > Line Drop-down menu > Create Line Tangent from Point ကို ကလစ်လုပ်ပြီးဖြစ်စေ Command ပြန်ယူပါမယ်။

9.      Object ရွေးခိုင်းချိန်မှာ အစောက မျဉ်းကွေးကိုပဲ ကလစ်လုပ်ပြီး ထပ်ရွေးပေးလိုက်ပါ။

10.   ဝန်းထိမှတ်တောင်းချိန်မှာတော့ မျဉ်းကွေးအပေါ် အဆုံးမှတ်ကို ကလစ်ချပြီး သတ်မှတ်ပေးလိုက်ပါ။ အတိုင်းအတာ သတ်မှတ်ပေးဖို့ တောင်းပါမယ်။

11.   ဒီတခါတော့ အလျား ၁၀၀’ ရှိတဲ့ ဝန်းထိမျဉ်း လိုချင်တာမို့ 100 လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ကိုယ်လိုချင်တဲ့ အတိုင်း အလျား ၁၀၀’ရှိ ဝန်းထိမျဉ်း ရရှိပါပြီ။

12.   အလျားစစ်ကြည့်ချင်ရင် Dimalign command သုံးပြီး စစ်ကြည့်နိုင်ပါတယ်။

13.   မျဉ်းကွေးမှာ ဆွဲကြည့်ပြီးသွားရင် မျဉ်းဖြောင့်မှာ ဆက်ဆွဲကြည့်ဖို့ Create Line Tangent from Point Command ပြန်ယူလိုက်ပါ။

14.   Object ရွေးခိုင်းရင် အောက်က ရေပြင်ညီလိုင်းကို ကလစ်ပြီး ရွေးပေးပါ။

15.   ဝန်းထိမှတ်တောင်းချိန်မှာတော့ မျဉ်းဖြောင့် ညာဘက် အဆုံးမှတ်ကို ကလစ်ချပြီး သတ်မှတ်ပေးလိုက်ပါ။ အတိုင်းအတာ သတ်မှတ်ပေးဖို့ တောင်းပါမယ်။

16.   ဒီတခါတော့ ကိုယ်လိုချင်တဲ့ ညာဘက် ၅၀’ အကွာ မှာရှိတဲ့ အနီရောင်ပွိုင့်ကို ကလစ်ပြီး သတ်မှတ်ပေးလိုက်ပါ။

17.   ဆွဲလိုက်တဲ့ ဝန်းထိမျဉ်းရဲ့ အလျားကို Command Line မှာ တွေ့ရပါမယ်။



အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။ Civil 3D သင်တန်း တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။

#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot



Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)