Posts

Showing posts from February, 2022

Civil 3D Tutorial : Create Arc by Center, Start, Length

Image
AutoCAD Civil 3D Training Center Myanmar ကနေပြီးတော့ Arc ဆွဲသားနည်းများ တင်ဆက်ပေးလာရာမှာ အခု ဒဿမမြောက်ဖြစ်တဲ့ Center, Start, Length နည်းကို ရောက်ရှိလာပါပြီ။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် လေးကြိုးအလျား Chord Length အစရှိသည် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.         ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, Length ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.         Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.         ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။ 4.         ဒါဆို စက်ဝန်းပြတ် အစမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အစမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.         အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ လေးကြိုးအလျား Chord Length သတ်မှတ်ပေးဖို့ ဆက်တောင်းနေတာ တွေ့မြင

Civil 3D Tutorial : နဝမမြောက် Arc ဆွဲသားနည်း Create Arc by Center, Start, Angle

Image
ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၇ ကြိမ်မြောက် မွေးနေ့နဲ့ တိုက်ဆိုင်စွာပဲ နဝမမြောက် Arc ဆွဲသားနည်း ကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ ၉ ဂဏန်းကို မြှောက်သည်ဖြစ်စေ၊ ပေါင်းသည်ဖြစ်စေ ရလာတဲ့ အဖြေကို တလုံးတည်း ဖြစ်အောင် ပြန်ပေါင်းရင် ၉ သာ ပြန်ရသောကြောင့် ဗေဒင်ဆရာများက မသေဂဏန်း အဖြစ် တင်စားလေ့ရှိကြပါတယ်။ အဲလိုပဲ ဗိုလ်ချုပ်သည်လည်း ကျွန်တော်တို့ ရင်ထဲမှာ ဘယ်တော့မှ သေဆုံးသွားမှာမဟုတ်ပါဘူးခင်ဗျာ။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် ဗဟိုခံဆောင်ထောင့် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, Angle ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ

107th Birthday of General Aung San

Image
 Happy Birthday Our General! We miss you alot of these days! We never FORGET YOUUUU. REST IN PEACE. \_ \_ \_

Surveying Services

Image
 အားလုံး မင်္ဂလာပါခင်ဗျာ။ လူကြီးမင်းတို့ရဲ့ လမ်းတံတားလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ Shopping Center များ၊ ရေစီးရေလာထိန်းသိမ်းရေး လုပ်ငန်းများအတွက် လိုအပ်သော တိုင်းတာရေးလုပ်ငန်းများကို ဝန်ဆောင်မှု ပေးနေပြီ ဖြစ်တဲ့အတွက် လိုအပ်လာပါက ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။  အရည်အသွေး ပြည့်ဝသော တိုင်းတာရေး စက်ကိရိယာများ နှင့် ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များကို အသုံးပြု၍ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ထံမှာ အောက်ပါဝန်ဆောင်မှုများရယူနိုင်ပါတယ်။ တိုင်းတာခကတော့ မိမိတိုင်းတာလိုတဲ့ပုံစံအပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာမို့ အသေးစိတ် သိလိုပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ Topographic Survey ဒီဝန်ဆောင်မှု အမျိုးအစားကိုတော့ စီမံကိန်းလုပ်ဆောင်မယ့် ဧရိယာအတွင်းရှိ တည်ရှိပြီး အဆောက်အဦများ၊ လမ်း၊ရေမြောင်း အစရှိသည်တို့နှင့် မြေမျက်နှာပြင် အနိမ့်အမြင့်များကို စကေးကိုက် ကွန်တိုမြေပုံထုတ်ပြီး ရေးဆွဲနိုင်ဖို့ ရယူလေ့ရှိပါတယ်။ ရရှိလာတဲ့ ကွန်တိုမြေပုံပေါ်မူတည်ပြီးတော့ ရနိုင်တဲ့ အခြေအနေကို ဒီဇိုင်းနာက စဉ်းစားပုံစံထုတ်လေ့ ရှိပါတယ်။    Topographic Map Constructio

Civil 3D Tutorial : Create Arc by Center, Start, End

Image
 AutoCAD Civil 3D Training Center Myanmar ကနေ Arc ဆွဲနည်းများ တင်ဆက်ပေးလာရာမှာ အဌမမြောက် Arc ဆွဲသားနည်း ရောက်ရှိလာပါပြီ။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် အဆုံးမှတ် တွေကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, End ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အစမှတ်ကို ဆက်တောင်းပါမယ်။ အောက်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အစမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ အဆုံးမှတ် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ ဘယ်ဖက် အစွန်ဆုံးက ပွိုင့်မှာ ကလစ်ချပြီး အဆုံးမှတ် သတ်မှတ် ပေးလိုက်ပါ။ 6.

Civil 3D Tutorial : Create Arc by Start, End, Radius

Image
 AutoCAD Civil 3D Training Center Myanmar ကနေ Arc ဆွဲသားနည်း အမျိုးမျိုး တင်ဆက်ပေးလာရာမှာ အခု သတ္တမမြောက်  Create Arc by Start, End, Radius နည်းကို ရောက်ရှိလာပါပြီ။  အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ အဆုံးမှတ် နှင့် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ အချင်းဝက်တွေကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, End , Radius ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အဆုံးမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အဆုံးမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ အချင်းဝက် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။

Civil 3D Tutorials : ဝန်းထိမျဉ်း လားရာ Tangent Direction သတ်မှတ်၍ Arc ဆွဲသားနည်း

Image
အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ အဆုံးမှတ် နှင့် ဝန်းထိမျဉ်း လားရာ Tangent Direction တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, End , Direction ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အဆုံးမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အဆုံးမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခုဆိုရင် ဝန်းထိမျဉ်း လားရာ Tangent Direction သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ Tangent Direction ကို မိမိ အလိုရှိသလို ၃၀ ဒီဂရီ၊ ၄၅ ဒီဂရီ အစရှိသဖြင့် သတ်မှတ်ဆွဲသားနိုင်သလို တပြေးညီ ပြသပေးနေမှာ ဖြစ်ပါတယ်။ အခု Tangent Direction ကို 0 ဒီဂရီ

AutoCAD Civil3D Training Center