Civil 3D Tutorial : နဝမမြောက် Arc ဆွဲသားနည်း Create Arc by Center, Start, Angle

ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၇ ကြိမ်မြောက် မွေးနေ့နဲ့ တိုက်ဆိုင်စွာပဲ နဝမမြောက် Arc ဆွဲသားနည်းကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ ၉ ဂဏန်းကို မြှောက်သည်ဖြစ်စေ၊ ပေါင်းသည်ဖြစ်စေ ရလာတဲ့ အဖြေကို တလုံးတည်း ဖြစ်အောင် ပြန်ပေါင်းရင် ၉ သာ ပြန်ရသောကြောင့် ဗေဒင်ဆရာများက မသေဂဏန်း အဖြစ် တင်စားလေ့ရှိကြပါတယ်။ အဲလိုပဲ ဗိုလ်ချုပ်သည်လည်း ကျွန်တော်တို့ ရင်ထဲမှာ ဘယ်တော့မှ သေဆုံးသွားမှာမဟုတ်ပါဘူးခင်ဗျာ။

အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် ဗဟိုခံဆောင်ထောင့် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, Angle ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။

3.      ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။

4.      ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အစမှတ်ကို ဆက်တောင်းပါမယ်။ ဘယ်ဖက် အစွန် မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အစမှတ် အဖြစ် သတ်မှတ်ပေးပါ။

5.      အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ ဗဟိုခံဆောင့်ထောင် သတ်မှတ်ပေးဖို့ သရုပ်ပြပုံနဲ့တကွ ဆက်တောင်းနေတာ တွေ့မြင်ရပါမယ်။ ဗဟိုခံဆောင်ထောင့် အဖြစ် ၃၀ လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။

6.      အခုဆို ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး Arc တခု ရရှိပါပြီ။

7.      နောက်တကြိမ် ထပ်စမ်းကြည့်ရအောင်။ Command ပြန်ယူပြီး အပေါ်မှာ ဆွဲခဲ့သလိုပဲ အလယ်ပွိုင့်ကို ကလစ်ပြီး ဗဟိုမှတ်အဖြစ် သတ်မှတ်ပါ။ ဗဟိုမှတ် အတူတူပဲ ထားပေးလိုက်တာ ဖြစ်ပါတယ်။

8.      အစမှတ် အဖြစ် ညာဖက်အစွန်ဆုံးက ကြက်ခြေခတ်ပုံကို ကလစ်ပြီး သတ်မှတ်ပေးပါ။

9.      ဗဟိုခံဆောင်ထောင့်တောင်းလာရင် ၃၀ လို့ပဲ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။

10.   အခုဆို ကနဦးရေးဆွဲထားတဲ့ စက်ဝိုင်းစိတ်နဲ့ မျက်နှာခြင်းဆိုင်မှာ ကျွန်တော်တို့ ဆွဲချင်တဲ့ Arc ရလာပါပြီ။

အားလုံး လိုက်ပါလေ့ကျင့်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse #actcmyanmar


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)