Civil 3D Tutorial : Create Arc by Center, Start, Length
AutoCAD Civil 3D Training Center Myanmar ကနေပြီးတော့ Arc ဆွဲသားနည်းများ တင်ဆက်ပေးလာရာမှာ အခု ဒဿမမြောက်ဖြစ်တဲ့ Center, Start, Length နည်းကို ရောက်ရှိလာပါပြီ။
အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့
Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊
အစမှတ် နှင့် လေးကြိုးအလျား Chord Length အစရှိသည် တို့ကို သတ်မှတ်
ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။
1. ပထမဦးစွာ Home Tab > Draw Panel >
Arc Drop-down menu > Center, Start, Length ကို ကလစ်လုပ်ပြီး Command
ယူလိုက်ပါမယ်။
2. Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။
3. ကလစ်လုပ်ပြီး Command အသက်ဝင်လာရင်
ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ်
ကလစ်ပြီး သတ်မှတ်ပေးပါ။
4. ဒါဆို စက်ဝန်းပြတ် အစမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး
မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး
Arc အစမှတ် အဖြစ် သတ်မှတ်ပေးပါ။
5. အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ လေးကြိုးအလျား Chord Length သတ်မှတ်ပေးဖို့ ဆက်တောင်းနေတာ
တွေ့မြင်ရပါမယ်။ Chord Length အဖြစ် ၂၀ လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ။
6. အခုဆို ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး
Arc တခု ရရှိပါပြီ။
7. နောက်တကြိမ် ထပ်စမ်းကြည့်ရအောင်။ Command
ပြန်ယူပြီး အပေါ်မှာ ဆွဲခဲ့သလိုပဲ အလယ်ပွိုင့်ကို ကလစ်ပြီး ဗဟိုမှတ်အဖြစ်
သတ်မှတ်ပါ။ ဗဟိုမှတ် အတူတူပဲ ထားပေးလိုက်တာ ဖြစ်ပါတယ်။
8. အစမှတ် အဖြစ် အောက်ဆုံးက ကြက်ခြေခတ်ပုံကို ကလစ်ပြီး
သတ်မှတ်ပေးပါ။
9. Chord Length သတ်မှတ်ပေးဖို့ တောင်းလာရင်
ဒီတခါတော့ တိုက်ရိုက်ကလစ်ချနည်း အသုံးပြုဆွဲမှာ ဖြစ်လို့ ညာဖက်အစွန်ဆုံးက
ကြက်ခြေခတ်ပုံပွိုင့်မှာ Node Osnap အသုံးပြု ကလစ်လုပ်ပေးလိုက်ပါ။
10. အခုဆို ကနဦးရေးဆွဲထားတဲ့ စက်ဝိုင်းစိတ်နဲ့
မျက်နှာခြင်းဆိုင်မှာ ကျွန်တော်တို့ ဆွဲချင်တဲ့ Arc ရလာပါပြီ။
အားလုံး လိုက်ပါလေ့ကျင့်ကြည့်ဖို့
ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
Civil 3D သင်တန်း တက်ရောက်လိုသူများ အနေနဲ့ သင်တန်း
အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
သိုမှီးသိမ်းဆည်းစရာ
Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း
https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။
500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium
Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက
https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။
ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက
https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2
ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
#AutoCAD #Civil3D #OnlineTraining #Myanmar
#Engineer #Surveyor #Tutorial
#Infrastructure #Road #Dam
#Irrigation #Canal #Earthwork
#Layout #Planning #Urban
#Drainage #Grading #Alignment
#Surface #Contour #Profile
#Corridor #Traverse #Construction
#Landscape #ParkingLot
#OnlineClass #OnlineCourse #actcmyanmar
Comments
Post a Comment