Civil 3D Tutorial : Create Arc by Center, Start, End

 AutoCAD Civil 3D Training Center Myanmar ကနေ Arc ဆွဲနည်းများ တင်ဆက်ပေးလာရာမှာ အဌမမြောက် Arc ဆွဲသားနည်း ရောက်ရှိလာပါပြီ။

အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် အဆုံးမှတ် တွေကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, End ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။

3.      ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။

4.      ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အစမှတ်ကို ဆက်တောင်းပါမယ်။ အောက်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အစမှတ် အဖြစ် သတ်မှတ်ပေးပါ။

5.      အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ အဆုံးမှတ် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ ဘယ်ဖက် အစွန်ဆုံးက ပွိုင့်မှာ ကလစ်ချပြီး အဆုံးမှတ် သတ်မှတ် ပေးလိုက်ပါ။

6.      အခုဆို ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး Arc တခု ရရှိပါပြီ။

7.      နောက်တကြိမ် ထပ်စမ်းကြည့်ရအောင်။ Command ပြန်ယူပြီး အပေါ်မှာ ဆွဲခဲ့သလိုပဲ အလယ်ပွိုင့်ကို ကလစ်ပြီး ဗဟိုမှတ်အဖြစ် သတ်မှတ်ပါ။ ဗဟိုမှတ် အတူတူပဲ ထားပေးလိုက်တာ ဖြစ်ပါတယ်။

8.      အစမှတ် အဖြစ် စောနက အဆုံးမှတ်ဖြစ်တဲ့ ဘယ်ဘက်အစွန်ဆုံးက ကြက်ခြေခတ်ပုံကို ကလစ်ပြီး သတ်မှတ်ပေးပါ။

9.      အဆုံးမှတ် အဖြစ် အောက်ဆုံးပွိုင့်ကို ကလစ်ပြီး သတ်မှတ်ပါ။

10.   အခုဆို ကျန်နေတဲ့ စက်ဝိုင်းစိတ်အဖြစ် ကျွန်တော်တို့ ဆွဲချင်တဲ့ Arc ရလာပါပြီ။

အားလုံး လိုက်ပါလေ့ကျင့်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse #actcmyanmar


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)