Civil 3D Tutorials : ဝန်းထိမျဉ်း လားရာ Tangent Direction သတ်မှတ်၍ Arc ဆွဲသားနည်း
အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ အဆုံးမှတ် နှင့် ဝန်းထိမျဉ်း လားရာ Tangent Direction တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။
1.
ပထမဦးစွာ
Home Tab > Draw Panel > Arc
Drop-down menu > Start, End , Direction ကို ကလစ်လုပ်ပြီး Command
ယူလိုက်ပါမယ်။
2.
Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင်
ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။
3.
ကလစ်လုပ်ပြီး
Command အသက်ဝင်လာရင်
အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ်
ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။
4.
ဒါဆို
ဒုတိယအနေနဲ့ စက်ဝန်းပြတ် အဆုံးမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့
ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အဆုံးမှတ် အဖြစ်
သတ်မှတ်ပေးပါ။
5.
အခုဆိုရင်
ဝန်းထိမျဉ်း လားရာ Tangent Direction သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ Tangent Direction ကို မိမိ အလိုရှိသလို ၃၀ ဒီဂရီ၊ ၄၅ ဒီဂရီ အစရှိသဖြင့်
သတ်မှတ်ဆွဲသားနိုင်သလို တပြေးညီ ပြသပေးနေမှာ ဖြစ်ပါတယ်။ အခု Tangent Direction
ကို 0 ဒီဂရီ သတ်မှတ်ရေးဆွဲမှာမို့ 0 လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ။
6.
အခုဆို
ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး Arc တခု ရရှိပါပြီ။
7.
နောက်တကြိမ်
ထပ်စမ်းကြည့်ရအောင်။ Command ပြန်ယူပြီး အရင်ပွိုင့်အဆုံးမှတ်ကို အခုဆွဲမယ့် Arc အစမှတ်
အဖြစ် သတ်မှတ်ပါ။
8.
အဆုံးမှတ်
အဖြစ် ဘယ်ဘက်အစွန်ဆုံးက ကြက်ခြေခတ်ပုံကို ကလစ်ပြီး သတ်မှတ်ပေးပါ။
9.
ဝန်းထိမျဉ်း
လားရာ Tangent Direction
ကိုတော့ 90 ဒီဂရီထားရင် စက်ဝိုင်းတစိတ်ရပြီး 270 ထားရင်တော့ အဲဒီနေရာကို ချန်လှပ်ကာ
စက်ဝိုင်း၃စိတ်စာ ရရှိမှာ ဖြစ်ပါတယ်။ အခု စက်ဝိုင်းတစိတ်စာ ဖြည့်ဖို့ 90 လို့
ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။
အလုံးစုံ မဟုတ်ရင်တောင်
တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး
၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။
Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း
အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
သိုမှီးသိမ်းဆည်းစရာ
Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း
https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။
500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium
Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက
https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။
ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက
https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2
ကနေ စျေးသက်သက်သာသာနဲ့
ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
တင်သမျှကို လက်မလွတ်စတမ်း
ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။
#AutoCAD #Civil3D #OnlineTraining #Myanmar
#Engineer #Surveyor #Tutorial
#Infrastructure #Road #Dam
#Irrigation #Canal #Earthwork
#Layout #Planning #Urban
#Drainage #Grading #Alignment
#Surface #Contour #Profile
#Corridor #Traverse #Construction
#Landscape #ParkingLot
#OnlineClass #OnlineCourse
Comments
Post a Comment