Civil 3D Tutorial : Create Arc by Start, End, Radius

 AutoCAD Civil 3D Training Center Myanmar ကနေ Arc ဆွဲသားနည်း အမျိုးမျိုး တင်ဆက်ပေးလာရာမှာ အခု သတ္တမမြောက်  Create Arc by Start, End, Radius နည်းကို ရောက်ရှိလာပါပြီ။ 

အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ အဆုံးမှတ် နှင့် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ အချင်းဝက်တွေကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, End , Radius ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။

3.      ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။

4.      ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အဆုံးမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အဆုံးမှတ် အဖြစ် သတ်မှတ်ပေးပါ။

5.      အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ အချင်းဝက် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ အချင်းဝက် ကို ပွိုင့်တခုခုမှာ ကလစ်ချပြီး သတ်မှတ်နိုင်သလို လိုချင်တဲ့တန်ဖိုး ရိုက်ထည့်သတ်မှတ်ပြီးလည်း ဆွဲသားနိုင်ပါတယ်။ အခုတော့ အလယ်က ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး အချင်းဝက် သတ်မှတ် လိုက်ပါ။

6.      အခုဆို ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး Arc တခု ရရှိပါပြီ။

7.      နောက်တကြိမ် ထပ်စမ်းကြည့်ရအောင်။ Command ပြန်ယူပြီး အပေါ်မှာ ဆွဲခဲ့သလို အောက်ဆုံးပွိုင့်ကို ကလစ်ပြီး အခုဆွဲမယ့် Arc အစမှတ် အဖြစ် သတ်မှတ်ပါ။

8.      အဆုံးမှတ် အဖြစ် ဘယ်ဘက်အစွန်ဆုံးက ကြက်ခြေခတ်ပုံကို ကလစ်ပြီး သတ်မှတ်ပေးပါ။

9.      Arc ရဲ့ အချင်းဝက် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ မှာ အချင်းဝက် ၃၀’ နဲ့ ဆွဲမှာမို့ ၃၀ လို့ ရိုက်ထည့်ပေးလိုက်ပါ။ Arc မဖြစ်ပေါ်လာတာတွေ့ရပါမယ်။ Arc ဆွဲသားရာမှာ အမြဲတမ်း နာရီလက်တံ ပြောင်းပြန်ရစ်သာ အလုပ်လုပ်ခြင်းကြောင့် ကျွန်တော်တို့ သတ်မှတ်တာနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ အဲဒီတော့ Command ပြန်ယူပြီး လက်ဝဲရစ် ပြန်ဆွဲကြည့်ပါမယ်။

10.   ဘယ်ဘက်အစွန်ဆုံးက ကြက်ခြေခတ်ပုံကို ကလစ်ပြီး အစမှတ် အဖြစ် သတ်မှတ်ပါ။

11.   အဆုံးမှတ် အဖြစ် အောက်ဆုံးပွိုင့်ကို ကလစ်ပြီး သတ်မှတ်ပါ။

12.   အချင်းဝက် သတ်မှတ်ပေးဖို့ တောင်းချိန်မှာ အချင်းဝက် ၃၀’ နဲ့ ဆွဲမှာမို့ ၃၀ လို့ ရိုက်ထည့်ပေးလိုက်ပါ။ အခုဆို ကျွန်တော်တို့ ဆွဲချင်တဲ့ Arc ရလာပါပြီ။

အားလုံး လိုက်ပါလေ့ကျင့်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse #actcmyanmar


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)