Surveying Services

 အားလုံး မင်္ဂလာပါခင်ဗျာ။

လူကြီးမင်းတို့ရဲ့ လမ်းတံတားလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ Shopping Center များ၊ ရေစီးရေလာထိန်းသိမ်းရေး လုပ်ငန်းများအတွက် လိုအပ်သော တိုင်းတာရေးလုပ်ငန်းများကို ဝန်ဆောင်မှု ပေးနေပြီ ဖြစ်တဲ့အတွက် လိုအပ်လာပါက ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 

အရည်အသွေး ပြည့်ဝသော တိုင်းတာရေး စက်ကိရိယာများ နှင့် ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များကို အသုံးပြု၍ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ထံမှာ အောက်ပါဝန်ဆောင်မှုများရယူနိုင်ပါတယ်။ တိုင်းတာခကတော့ မိမိတိုင်းတာလိုတဲ့ပုံစံအပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာမို့ အသေးစိတ် သိလိုပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Topographic Survey

ဒီဝန်ဆောင်မှု အမျိုးအစားကိုတော့ စီမံကိန်းလုပ်ဆောင်မယ့် ဧရိယာအတွင်းရှိ တည်ရှိပြီး အဆောက်အဦများ၊ လမ်း၊ရေမြောင်း အစရှိသည်တို့နှင့် မြေမျက်နှာပြင် အနိမ့်အမြင့်များကို စကေးကိုက် ကွန်တိုမြေပုံထုတ်ပြီး ရေးဆွဲနိုင်ဖို့ ရယူလေ့ရှိပါတယ်။ ရရှိလာတဲ့ ကွန်တိုမြေပုံပေါ်မူတည်ပြီးတော့ ရနိုင်တဲ့ အခြေအနေကို ဒီဇိုင်းနာက စဉ်းစားပုံစံထုတ်လေ့ ရှိပါတယ်။ 

 
Topographic Map


Construction Survey

ဒီဝန်ဆောင်မှု အမျိုးအစားကတော့ အတိုချုပ်ပြောရရင် ဒီဇိုင်းနာ ရေးဆွဲထားတဲ့ ပုံစံအတိအကျကို မြေပေါ်မှာ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ Piling Work အတွက် Pile Point သတ်မှတ်ပေးခြင်း၊ မြေကြီးတူးရန် နေရာသတ်မှတ်ပေးခြင်း၊ လိုအပ်တဲ့ Level မှတ်သား ပေးခြင်း အစရှိသည်တို့ကနေ လမ်းတံတားလုပ်ငန်းများအတွက် လမ်းအူကြောင်း၊ တံတားအူကြောင်း သတ်မှတ်ပေးခြင်း အစရှိသည်တို့ ပါဝင်ပါတယ်။

Design Plan
Construction Stakeout
 


Asbuilt Survey

ဒီအမျိုးအစားကတော့ တည်ဆောက်ပြီးတဲ့ လုပ်ငန်းများကို သတ်မှတ်ဒီဇိုင်းပုံစံနှင့် ကိုက်ညီခြင်း ရှိ/မရှိ၊ လက်ခံနိုင်သော အမှားအယွင်းပမာဏ Tolerance အတွင်း ရှိ/မရှိ သိရှိလိုသော အခါ တိုင်းတာလေ့ ရှိပါတယ်။ လမ်းဦးစီးမှာတော့ ပြန်စစ်ဆိုပြီး တည်ဆောက်ပြီးတဲ့လမ်းများကို ပြန်လည်တိုင်းတာပုံထုတ်ခိုင်းလေ့ ရှိပါတယ်။

Road Construction Survey

ထပ်ဆောင်းရယူနိုင်သောဝန်ဆောင်မှု

လျာထား လုပ်ငန်းများအတွက် မြေကြီးလုပ်ငန်းပမာဏ တွက်ချက်ပေးခြင်း။ လမ်း၊ ဆည်ရေပေးမြောင်း၊ မြေကွက်ညှိခြင်း၊ တင်ဒါလုပ်ငန်းများအတွက် မြေကြီးလုပ်ငန်းပမာဏ စစ်ဆေးခြင်း အစရှိသည်တို့အတွက်လည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ပေးအပ်သော ဒေတာအပေါ်မူတည်ပြီး ရနိုင်မည့် အချိန် ကွာခြားပါသည်။

Road Earthwork Calculation

ဆက်သွယ်စုံစမ်းမေးမြန်းရန်

09-977 108 606 Phone or Viber

#toposurvey #constructionsurvey #stakeout #route #alignment #roadwork #earthwork #asbuilt #urban #landdevelopment
 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)