Civil 3D Tutorials : Create Plan Profile Template For Plotting

ACTC-Myanmr ကနေ အခု တင်ဆက်ပေးလိုက်တာကတော့ မိမိ အသုံးပြုလိုတဲ့ စာရွက်ဆိုဒ်အတိုင်း Plan Profile Template ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။

ပုံဆွဲသားခြင်းရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့ တည်ဆောက်ရေးအတွက် အသုံးပြုနိုင်မယ့် ပုံစံများကို ပရင့်ထုတ်ယူ နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် Civil 3D မှာ အသင့်ထည့်ပေးထားတဲ့ Plan Only, Plan Profile , Profile Only အစရှိသဖြင့် Template များ ပါသော်လည်း ကျွန်တော်တို့ အများဆုံး အသုံးပြုနေရတဲ့ A3 size အတွက် မပါဝင်တာ တွေ့ရမှာပါ။ ဒါကြောင့် ကိုယ်တိုင်လုပ်ယူနိုင်ဖို့အတွက် A3 Plan Profile Template ပြုလုပ်နည်း နမူနာ တင်ပေး လိုက်ပါတယ်ခင်ဗျာ။

ကိုယ်တိုင်ဖန်တီးယူဖို့အတွက် အလွယ်ဆုံးနည်းကတော့ မူလပါပြီးသား Template ကို မှီငြမ်းပြီး ကိုယ်လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြုပြင်ယူတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကိုယ်အသုံးပြုလိုတဲ့ ယူနစ်နဲ့ Template ဖိုင်တခု ခေါ်ယူပြီး ပြုပြင်သွားမှာ ဖြစ်ပါတယ်။

အရင်ဆုံး ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ Application Menu ကနေ New တောင်းပြီး ပေါ်လာတဲ့ Dialog မှာ File of type ကို Drawing Template (.dwt) ဆိုတာကိုရွေးပါ။ အခု ကျွန်တော်တို့က Plan Profile ၂ ခုစလုံး ပါတာကို သုံးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မူလပါတဲ့ Plan Profile ပုံစံများကို ကြည့်ရှုလေ့လာဖို့အတွက် Plan Production folder ကို Double Click ခေါက်ပြီး ဝင်လိုက်ပါ။ အဲဒီအထဲမှာ Plan Only, Plan Profile , Profile Only အစရှိသဖြင့် Template များကို သက်ဆိုင်ရာ ယူနစ်အလိုက် တွေ့ရပါမယ်။ ကျွန်တော်တို့က ပေလက်မ စနစ် အသုံးပြုမှာ ဖြစ်ပြီး Plan Profile ၂ ခု စလုံးအတွက် အသုံးပြုမှာ ဖြစ်တာကြောင့် Civil 3D (Imperial) Plan and Profile.dwt ကို ရွေးဖွင့်လိုက်ပါ။

အခု သူ့အထဲမှာ ပါတဲ့ Layout tab က စာရွက်ဆိုဒ်များကို လေ့လာကြည့်ပါ။ ANSI D နှင့် ANSI E အရွယ်အစား စာရွက်များကို စကေးအမျိုးမျိုးနဲ့ ထည့်ပေးထားတာ တွေ့ရပါမယ်။ ကျွန်တော်တို့ လိုချင်တဲ့ A3/ ANSI B အရွယ် စာရွက်အတွက် ပြုလုပ်ပေးထားတာ မပါဝင်ပါဘူး။

ဒီတော့ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးယူကြရအောင်။

အခု အသုံးမတည့်တဲ့ Layout tab အားလုံးကို Right Click > Select All Layouts နဲ့ ရွေးလိုက်ပြီး ကီးဘုတ်က Delete ကို နှိပ် ဖျက်လိုက်ပါ။

ဒါဆို Layout1 အမည်နဲ့ Layout အသစ်တခု ရလာပါမယ်။ အဲမှာပါလာတဲ့ Viewport ကို ကလစ်လုပ် ရွေးပြီး Erase နဲ့ ဖျက်လိုက်ပါ။

ပြီးရင် အဲဒီ Layout1 အပေါ်မှာ Right Click ထောက်ပြီး Page Setup Manager ဝင်ပြီး အောက်ပါအတိုင်း Modify လုပ်ပါမယ်။

A.      Printer/Plotter မှာ DWG To PDF ကိုရွေးပေးပါ။

B.      စာရွက်ဆိုဒ်ကတော့ ကျွန်တော်တို့ အသုံးပြုချင်တဲ့ ISO A3 ကို ရှာရွေးပေးပါမယ်။

C.      စကေးမှာ ယူနစ်ကို inches ရွေးပေးပြီး အချိုးကတော့ ၁လက်မ ၁ပေ (1”=1’) သတ်မှတ်ပေးပါ။

D.     အဲလို သတ်မှတ်ပြီးသွားရင် OK ၂ ကြိမ် ဆက်နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

ဒါဆို Layout ကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

စောနက ဖျက်ထားတဲ့ Viewport အစား အခု အသစ် ပြန်ထည့်ပါမယ်။ Command Line မှာ VP လို့ ရိုက်ထည့်လိုက်တာနဲ့ တက်လာတဲ့ အထဲက VPORTS ဆိုတာကို ရွေးသုံးပါမယ်။

Viewports Dialog တက်လာရင် Single ဆိုတာကို ရွေးပေးပြီး OK နှိပ် ထွက်ပါမယ်။

Viewport ပုံစံ သတ်မှတ်ခိုင်းချိန်မှာ Fit ဆိုတာကို ရွေးပေးရင် စာရွက်ဆိုဒ်မှာ ရနိုင်တဲ့ Viewport အတိုင်း ကွက်တိ ပေါ်လာပါမယ်။

အဲဒီအပေါ်မှာ Rectangular Command အသုံးပြုပြီး လေးထောင့်ကွက်တခု ဆွဲလိုက်ပါမယ်။

ပြီးရင် အောက်က Viewport ကို shift နှင့် Left Click တွဲနှိပ် ရွေးပြီး Erase နဲ့ ဖျက်လိုက်ပါ။

ကျန်တာကိုတော့ Video ဖိုင်မှာ ဆက်ကြည့်ပေးပါခင်ဗျာ။

 


အတိုချုပ်မှတ်မယ်ဆိုရင်

        I.          လိုချင်တဲ့ စာရွက်ဆိုဒ် အရင်တောင်းပါ။

      II.          မိမိတို့လုပ်ငန်း Title Block နှင့် Viewport ကို စာရွက်ဆိုဒ်နဲ့ ချိန်ညှိနေရာချထားပါမယ်။

     III.          Viewport များကို ဘာအတွက် ပြုလုပ်ထားတယ်ဆိုတာ သတ်မှတ်ပေးပါ။ ဥပမာ Plan ပုံအတွက်ဆိုရင် Plan , Profile အတွက် ဆိုရင် Profile အစရှိသဖြင့်

    IV.          အားလုံးပြီးစီးသွားပြီဆိုရင် Block ဖွဲ့ပြီး မိမိရှင်းလင်းစွာ မှတ်မိနိုင်တဲ့ အမည်ပေးပါ။

      V.          နောင်အခါ အဆင်သင့် ခေါ်သုံးနိုင်အောင် .dwt (drawing template format) နဲ့ save ထားပါ။ 

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

Civil 3D သင်တန်း တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်သလို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော Survey တိုင်းတာခြင်းများ ကိုလည်း ဝန်ဆောင်မှု ပေးနေပြီး ရယူနိုင်တဲ့ ဝန်ဆောင်မှု အမျိုးအစားများကို https://www.actcmyanmar.com/2022/02/surveying-services.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



 

#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse #actcmyanmar

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)