Civil 3D Tutorials : Create Arc by Continue

ACTC-Myanmar က Arc ဆွဲသားနည်း တင်ဆက်ပေးလာခဲ့တာ အခုဆို နောက်ဆုံးနည်းဖြစ်တဲ့ Create Arc by Continue နည်းကို ရောက်လာပြီ ဖြစ်ပါတယ်။ 

အခြေခံဆွဲသားနည်းများသာ ဖြစ်တာကြောင့် တချို့အတွက် ငြီးငွေ့စရာ ဖြစ်နိုင်သော်လည်း အခုမှစလေ့လာနေသူများအတွက်ဖြစ်စေ ၊ နှိုက်နှိုက်ချွတ်ချွတ် သိရှိလိုသူများအတွက်ဖြစ်စေ အကျိုးရှိနိုင်တဲ့အတွက် တင်ဆက်ပေးရခြင်း ဖြစ်ပါတယ်။

အခုနည်းကတော့ ပထမဆွဲထားတဲ့ Arc မျဉ်းကွေးရဲ့ အဆုံးမှတ်ကနေ မိမိအလိုရှိတဲ့ မျဉ်းကွေးကို တိုက်ရိုက်ကလစ်ချ ရေးဆွဲရမှာ ဖြစ်ပါတယ်။ အရင်ဆွဲထားတဲ့ မျဉ်းကွေးရှိမှသာ ဒီနည်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

1.         ဒီမှာ မြင်တွေ့ရတာကတော့ Create Arc by Center, Start, Length နည်းတုန်းက ပထမဆွဲထားတဲ့ Chord Length ၂၀’ ရှိ Arc ဖြစ်ပါတယ်။

2.         ဒီ Arc အဆုံးကနေပြီး ခရုပတ်တခု ဆွဲကြည့်မှာဖြစ်လို့ Home Tab > Draw Panel > Arc Drop-down menu > Continue ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။

3.         ကလစ်လုပ်ပြီး Command အသက်ဝင်လာတာနဲ့ မူလရှိပြီး Arc အဆုံးကနေ မောက်စ်ရွှေ့တဲ့အတိုင်း လိုက်ရွှေ့နေတဲ့ သရုပ်ပြ မျဉ်းကွေးကို တွေ့ရပါမယ်။ ဟိုဟိုဒီဒီ ရွှေ့ကြည့်ပြီး အောက်ဆုံးမှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပေးလိုက်ပါ။

4.         ဒါဆို ကိုယ်ကလစ်ချလိုက်တဲ့ အမှတ်ကို မူလစက်ဝန်းအဆုံးမှတ်ကနေပြီးတော့ မျဉ်းကွေးတခုနဲ့ ဆက်ပေးတာ တွေ့ရပါမယ်။

5.         နောက်ထပ် မျဉ်းကွေးတခု ထပ်ဆွဲဖို့အတွက် Home Tab > Draw Panel > Continue ကို ထပ်ကလစ်ပြီး Command ထပ်ယူလိုက်ပါမယ်။

6.         အခုလေးတင် ဆွဲထားခဲ့တဲ့ Arc အဆုံးကနေ မောက်စ်ရွှေ့တဲ့အတိုင်း လိုက်ပါနေတဲ့ မျဉ်းကွေး Arc တခု မြင်ရပါမယ်။ ဒီတခါတော့ စောနကပွိုင့်ရဲ့ အပေါ်တည့်တည့်မှာရှိတဲ့ အပေါ်ကနေ ရေရင် ဒုတိယမြောက် ကြက်ခြေခတ်ပုံစံ ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပေးလိုက်ပါ။ ဒီအထိ မျဉ်းကွေး ရရှိပါမယ်။

7.         နောက်တကြိမ် ထပ်စမ်းကြည့်ရအောင်။ Command ပြန်ယူပြီး စောနကပွိုင့်ရဲ့ အောက်တည့်တည့်မှာရှိတဲ့ အောက်ကနေ ရေရင် ဒုတိယမြောက် ကြက်ခြေခတ်ပုံစံ ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပေးလိုက်ပါ။ ဒီအထိ မျဉ်းကွေး ရရှိပါမယ်။

8.         နောက်ဆုံး Arc ဆွဲသားဖို့အတွက် Command ထပ်သွားယူပါမယ်။

9.         ဒီတခါတော့ ဗဟိုမှတ် တည့်တည့် ကို Node Osnap အသုံးပြု ကလစ်လုပ် သတ်မှတ်ပေးလိုက်ပါ။

10.        အခုဆို လက်ဝဲရစ် ခရုပတ်တခု လှလှပပ ရရှိလာပါပြီ။

အားလုံး လိုက်ပါလေ့ကျင့်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

Civil 3D သင်တန်း တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်သလို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော Survey တိုင်းတာခြင်းများ ကိုလည်း ဝန်ဆောင်မှု ပေးနေပြီး ရယူနိုင်တဲ့ ဝန်ဆောင်မှု အမျိုးအစားများကို https://www.actcmyanmar.com/2022/02/surveying-services.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse #actcmyanmar


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)