Civil 3D Tutorials : Using customized template to plot

 ACTC-Myanmar ကနေ ဒီနေ့ တင်ဆင်ပေးချင်တာကတော့ ယခင်ပြုလုပ်ခဲ့ပြီးသား Template ကို ပရင့်ထုတ်ရာမှာ ဘယ်လိုအသုံးပြုရမလဲ ဆိုတာ ဖြစ်ပါတယ်။

အခုပို့စ်မှာ အရင်ပြုလုပ်ထားခဲ့တဲ့ A3 size Plan Profile template.dwt ကို ပရင့်ထုတ်ဖို့အတွက် Plan Profile များ ဆွဲသားရာမှာ လက်တွေ့အသုံးပြုပြထားတာ ဖြစ်ပါတယ်။

ပုံကို အပြီးသတ် ဆွဲပြီးတာနဲ့ ပရင့်ထုတ်ဖို့ အရင်ဆုံး လုပ်ရမယ့်အလုပ်ကတော့ Create View frame ဖန်တီးပေးရတာ ဖြစ်ပါတယ်။

View Frame ဖန်တီးချိန်မှာ မိမိအသုံးပြုလိုတဲ့ template ဖိုင်ကို ခေါ်ယူ သတ်မှတ်ပေးရပါတယ်။ template ဖိုင်မှာ Layout ပါဝင်သလောက်ကို မြင်တွေ့ရွေးချယ်နိုင်မှာပါ။

နောက်တခု သတိထားရမှာက Match Line ဖြစ်ပါတယ်။ ကိုယ်အလိုရှိသလို ရွှေ့ပြောင်းချိန်ညှိနိုင်အောင် သတ်မှတ်သင့် ပါတယ်။

နောက်ဆုံး သတ်မှတ်ပေးရမှာကတော့ Profile View နှင့် Band set ဖြစ်ပါတယ်။

အားလုံး သတ်မှတ်ပေးပြီး Create View frame နှိပ်လိုက်တာနဲ့ Plan ပုံမှာ လေးထောင့်ကွက် View frame များ ပေါ်လာတာ တွေ့ရပါမယ်။

Match Line များကို မိမိလိုချင်တဲ့ station ကွက်တိကျအောင် drag and drop လုပ် ရွှေ့ပေးပါ။

ပြီးရင် View frame တခုကို ကလစ်လုပ်ရွေးပြီး ပေါ်လာတဲ့ Contextual Tab မှာ Create Sheets ကို နှိပ်ပြီး Sheet set ဖန်တီးပါမယ်။

Layout အားလုံးကို အခုလက်ရှိပုံမှာပါ လိုချင်လား? ပုံအသစ်မှာ ထည့်ချင်တာလား? Layout တခု ပုံတပုံ လုပ်မလား အစရှိသဖြင့် ရွေးချယ်နိုင်သလို မြောက်တိုင် North Arrow ထည့်/မထည့် ဆိုတာလည်း သတ်မှတ်နိုင်ပါတယ်။

ပြီးရင် Profile View မှာ ဖော်ပြချင်တဲ့ ပုံစံ များ၊ အညွှန်းစတိုင်များကိုလည်း ရွေးချယ်သတ်မှတ်နိုင်ပါတယ်။

အားလုံး သတ်မှတ်ပြီးတာနဲ့ Create Sheets ကို နှိပ်ပြီး နေရာလွတ်တခုမှာ ကလစ်ချပေးလိုက်ရင် အလုပ်လုပ်နေတာ တွေ့ရပါမယ်။ video မှာလည်း အသုံးပြုပုံ အဆင့်ဆင့်ကို ကြည့်နိုင်ပါတယ်ခင်ဗျာ။



အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

Civil 3D သင်တန်း တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်သလို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော Survey တိုင်းတာခြင်းများ ကိုလည်း ဝန်ဆောင်မှု ပေးနေပြီး ရယူနိုင်တဲ့ ဝန်ဆောင်မှု အမျိုးအစားများကို https://www.actcmyanmar.com/2022/02/surveying-services.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD  #Civil3D  #OnlineTraining  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot #OnlineClass #OnlineCourse #actcmyanmar


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)