Civil 3D Training (Mastering for Road Design Course)

 AutoCAD Civil 3D Training Center - Myanmar ကနေပြီး AutoCAD Civil 3D 2018 Version ကို အသုံးပြုလျှက် Mastering Civil 3D for Road Design Online Class ဖွင့်လှစ်သင်ကြားပေးနေပါတယ်ခင်ဗျာ။ 

ဘယ်သူတွေ တက်သင့်လဲ?

More Prefer for Civil Engineer, Surveyor , Quantity Surveyor or Estimator

Civil Engeinnering နယ်ပယ်ဖြစ်တဲ့ လမ်းလုပ်ငန်း၊ မြို့ကွက်ဖော်ထုတ်ခြင်းလုပ်ငန်း ၊ ဆည်မြောင်းတာတမံ ရေစီးရေလာလုပ်ငန်း ၊ မြေသားလုပ်ငန်းတွက်ချက်ခြင်းတို့ အတွက် များစွာအသုံးဝင်တဲ့ အတွက်  လမ်းဖောက်လုပ်ရေးအင်ဂျင်နီယာများ ၊ ဆည်မြောင်း နဲ့ မြေတိုင်းပညာရှင်များ တက်ရောက်ကြတာ များပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး က အရာထမ်း၊ အမှုထမ်းများကလည်း Road Safety အတွက်သော်လည်းကောင်း၊ Intersection and Roundabout Design ပြုလုပ်ရာမှာ မတူညီတဲ့ နည်းလမ်းများကို လေ့လာရန်အတွက်လည်းကောင်း တက်ရောက်ခဲ့ကြပါတယ်။ irregular shape ဖြစ်တဲ့ မြေကြီးလုပ်ငန်းတွက်ချက်ရာမှာ အများကြီး လွယ်ကူလျင်မြန်တာကြောင့် မြို့ပြလုပ်ငန်းနှင့် ဆက်နွယ်နေတဲ့ Quantity Surveyor များလည်း တက်ရောက်သင့်ပါတယ်။ ဂျပန်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအင်ဂျင်နီယာများကတော့ လမ်းလုပ်ငန်းခွင်လိုအပ်ချက်အရ တက်ရောက်သင်ကြားကြပါတယ်။ အဆင့်မြင့်တန်းဖြစ်တဲ့အတွက် AutoCAD အခြေခံ ရှိပြီးသူ၊ Civil 3D အနည်းအကျဥ်း အသုံးပြုနိုင်သူ ဖြစ်ရင် ပိုကောင်းပါတယ်။

ဘယ်လို သင်ကြားရမှာလဲ?

Google Classroom ကို အသုံးပြုထားတာကြောင့် အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကမဆို သင်ယူနိုင်တဲ့ အားသာချက် ရှိပြီး မရှင်းလင်းသည်များကိုလည်း Viber Group မှာ မေးနိုင်တာကြောင့် အပြင်သင်တန်းနဲ့ မကွာခြားပါဘူးခင်ဗျာ။ သင်ခန်းစာ recording video များ နှင့် လေ့ကျင့်ခန်းဖိုင်များကို download ဆွဲယူခွင့်ပေးထားတာကြောင့် learn at yourself paced မိမိအားလပ်တဲ့အချိန် ၊ မိမိ အဆင်ပြေသလို လေ့လာသင်ယူနိုင်ပါတယ်။ သင်ရိုးမာတိကာ ကို အောက်ပါအတိုင်း ရေးဆွဲထားပြီးတော့ ထပ်မံထည့်သွင်း သင်ကြားစေလိုသည်များကိုလည်း တောင်းဆိုထားနိုင်ပါတယ်။ ဖုန်းနံပါတ် 09-977108606 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ ။ အဆိုပါဖုန်းသို့ Viber မှ တဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အီးမေးလ်လိပ်စာ learnc3dmm@gmail.com သို့လည်း ဆက်သွယ်နိုင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေခင်ဗျာ။ တကယ်လို့ သင်တန်းတက်ရောက်ဖို့စာရင်းပေးမယ်ဆိုရင် အောက်ကလင့် ကနေလည်း စာရင်းသွင်းနိုင်ပါတယ်ခင်ဗျာ ။

သင်တန်းတက်ဖို့ စာရင်းပေးမယ်

Mastering Civil3D Training (Oriented for Road Design) Course Outline

 

1.        Understanding User Interface

AutoCAD® Civil 3D® program ကို ဆရာတဆူလို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သုံးစွဲနိုင်ဖို့ဆိုရင် စိတ်ရှည်ပြီး လေ့ကျင့်ချိန်ပေးနိုင်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။ အခြေခံအဆင့်တွေကို ပထမဦးစွာ နားလည်တတ်ကျွမ်းဖို့ လိုအပ်မယ်ဆိုတာတော့ အထူးအထွေ ပြောစရာမလိုမယ့် ကိစ္စပါ။ AutoCAD® Civil 3D® program မှာ မြောက်မြားလှစွာသော dialogs, ribbons, menus, နှင့် icons စတာတွေပါဝင်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ လန့်စရာကြီး  ငါသုံးလို့လွယ်ပါ့မလား လို့ ထင်စရာပါ။ ဒီ tools တွေကို သုံးစွဲဖို့ဆိုရင် ဘယ်နားမှာ ဘာရှိတယ်  ဘယ်လိုအသုံးဝင်တယ် ဆိုတာတွေကို ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အခု သင်ခန်းစာ အခန်း (မှာတော့ တောက်လျှောက်သုံးစွဲသွားရမယ့် ပညာရပ်ဆိုင်ရာဝေါဟာရများ နှင့် User Interface အသုံးပြုပုံများကို ကျွန်တော်တို့ လေ့လာသွားရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် lines and curves တွေကို ဘယ်လိုတိတိကျကျဆွဲမလဲ ဆိုတဲ့နည်းလမ်းများကိုလည်း မိတ်ဆက်ပေးသွားပါမယ်။ ဘာတွေလေ့လာရမလဲ ဆိုတာ အောက်မှာ တွေ့နိုင်ပါတယ်။

v  Application Menu

v  Quick Access Toolbar

v  Ribbon, Panels and Tabs

v  ဘယ်လို Civil 3D object မျိုးကိုမဆို ကလစ်အနည်းငယ်နဲ့ ရှာဖွေတာပါမယ်။

v  Drawing scale နှင့် default object layers များ ပြောင်းလဲတာ ၊ ပြုပြင်တာ ပါမယ်။

v  Ribbon’s contextual tabs တွေကို ဘယ်လိုခေါ်ထုတ်မလဲဆိုတာ ပါမယ်။

v  Line တခုရဲ့အဆုံးမှာ Tangency မှန်မှန်နဲ့ Curve တခု ဘယ်လိုဆွဲမလဲဆိုတာ ပါမယ်။

v  lines and curves များကို label ဘယ်လိုတပ်မလဲ ဆိုတာ ပါမယ်။

 

2.      Survey

AutoCAD® Civil 3D® software ဟာ ဒီဇိုင်းလုပ်ငန်းစဉ် နယ်ပယ်အသီးသီးမှာပါဝင်သူများ ပူးပေါင်းဆောင်ရွက် နိုင်ဖို့ ထောက်ပံ့ပေးထားပါတယ်။ အထူးသဖြင့် Survey တိုင်းတာခြင်းနယ်ပယ်လည်း ပါဝင်ပါတယ်။ တသမတ်တည်း တိကျစွာ ကွင်းဆင်းတိုင်းတာခြင်း ၊ သေချာမှန်ကန်စွာ coded လုပ် ရေးသွင်းမှတ်သားခြင်း တို့ဖြင့် ရုံးလုပ်ငန်းစဉ်ဖြစ်တဲ့ ပုံဆွဲချိန်နာရီ အတော်များများ ကို လျှော့ချပေးနိုင်ပါတယ်။ တိုင်းတာသူ Surveyors များဟာ Line information လို့ခေါ်တဲ့ swales, curbs, or pavement markings အစရှိသည်များကို Digital နည်းဖြင့် ကောက်ယူ မှတ်သားကြပါတယ်။

            Civil 3D software ဟာ များစွာသော data collector များနဲ့တိုက်ရိုက်ဆက်သွယ်ပြီး survey data များကို download ဆွဲချခြင်း၊ process ပြုလုပ်နိုင်ခြင်းတို့ကြောင့် အများအားဖြင့် third-party survey software များ လိုအပ်လေ့ မရှိပါဘူး။ ဒီလိုမျိုး Civil 3D software ကနေ အလွယ်တကူသိရှိလုပ်ကိုင်နိုင်တဲ့ survey data များထည့်သွင်းဖို့ဆိုရင် ကျွန်တော်တို့ရဲ့ Survey တိုင်းတာပုံထုတ်ခြင်းလုပ်ငန်းစဉ်မှာ အောက်ပါအဆင့်များအတိုင်း ပေါင်းစပ်ပါဝင်ဖို့ လိုပါတယ်။ အဲဒီတော့ ဒီသင်ခန်းစာမှာ ကျွန်တော်တို့ လေ့လာရမယ့် အကြောင်းအရာတွေက ဘာဖြစ်မလဲ အောက်မှာ ဆက်ကြည့်လိုက်ရအောင်။

v  Survey Database,

v  Import Field Survey Data

v  Understanding Linework Codeset and Automatic Linework

v  Properly collect field data and import it into Civil 3D (ကွင်းအချက်အလက်များ မှန်ကန်သင့်လျော်စွာ ကောက်ယူခြင်းနှင့် Civil 3D software သို့ ထည့်သွင်းခြင်း)

v  Set up description key and figure databases (ကုဒ်ဖော်ပြချက်များ နှင့် အချက်အလက်ဒေတာဘေ့စ်များ ပြုစုခြင်း)

v  Translate surveys from assumed coordinates to known coordinates (ခန့်မှန်းယူဆကိုဩဒိနိတ် မှ သိပြီးကိုဩဒိနိတ်သို့ ပြောင်းလဲခြင်း)

v  Perform traverse analysis (တိုင်းတာလမ်းကြောင်းဆန်းစစ်ခြင်း) တို့ကို လေ့လာရပါမယ်။

3.      Points and Point Groups

ပြီးခဲ့တဲ့ “Survey” အခန်းမှာ ပွိုင့်နှင့် အခြားအချက်အလက်များကို ထည့်သွင်းဖို့ သတ်မှတ်နည်းလမ်းများကို တွေ့ခဲ့ပါပြီ။ အခု ဒီအခန်းမှာတော့ ပွိုင့်ဖန်တီးခြင်း နှင့် စုစည်းခြင်းတို့ကို ပိုမိုအာရုံစိုက် လေ့လာကြပါမယ်။ အများအားဖြင့် ရှိပြီးသား အချက်အလက်များ ဖြစ်တဲ့ သစ်ပင်၊စည်းရိုးထောင့် နှင့် မြေကြီးနိမ့်/မြင့်ဖတ်ချက်များ ၊ တည်နေရာသတ်မှတ်ပေးရမယ့် လျာထားလမ်းအူကြောင်းများ စသည်တို့ကို ဖော်ပြဖို့အတွက် ပွိုင့်များကို သုံးလေ့ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ ပွိုင့်များကို ဒီထက်ပိုမိုတဲ့ များစွာသောအကြောင်းများ အတွက်လည်း သုံးစွဲနိုင်ပါတယ်။ ဒီအခန်းမှာ သာမန် ပွိုင့်အသုံးပြုခြင်းများ နှင့် ပိုမိုလွယ်ကူ လျင်မြန်တဲ့ ပွိုင့်တည်းဖြတ်ပြင်ဆင်ခြင်း၊ အညွှန်းစာထိုးခြင်း ၊ အုပ်စုဖွဲ့ စုစည်းခြင်းစသည်တို့ကို အာရုံစိုက် ထားတာဖြစ်ပါတယ်။

            ဒါကြောင့် ဒီအခန်းမှာ

v  Importing Field Survey Data Points

v  Point Group Creating

v  Manipulating Points and Label Display Style

v  Import points from a text file using description key matching (ပွိုင့်ဖော်ပြချက်တူညီခြင်းကိုသုံး၍ ပွိုင့်ထည့်သွင်းခြင်း)

v  Create a point group (ပွိုင့်အုပ်စုဖွဲ့ခြင်း)

v  Export points to LandXML and ASCII format (LandXML နှင့် ASCII format များသို့ ပွိုင့်တင်ပို့ခြင်း)

v  Create a point table (ပွိုင့်ဇယားပြုစုခြင်း) စသည်တို့ကို လေ့လာရပါမယ်။

4.        Surface Creation

ဘယ်လို သုံးဘက်မြင် ဒီဇိုင်းပုံစံမှာမဆို ပါဝင်တဲ့ အရေးကြီးဆုံး အခြေခံအချက်ကတော့ မျက်နှာပြင် surface ပဲ ဖြစ်ပါတယ်။ အရင်အခန်းမှာ လေ့လာခဲ့သလို ဆာဗေးတိုင်းတာမှု အချက်အလက်တွေကို နိမ့်/မြင့်တန်ဖိုးပါတဲ့ ပွိုင့်အဖြစ် စုစည်းထားပြီး၊ အဲဒီ ပွိုင့်ဒေတာတွေကို surface အဖြစ်သို့ ဆက်လက်လုပ်ဆောင်ပါမယ်။ surface ဖွဲ့နည်းမျိုးစုံ နှင့် ပြင်ဆင်တည်းဖြတ်ခြင်းမျိုးစုံ တို့ကို လေ့လာကြမယ်။ ပြီးရင် အဲဒီ surface တွေကို အညွှန်းစာသားထည့်တာ ၊ လေ့လာဆန်းစစ်တာ၊ ကြည့်ရှုတာအပြင် ကိုယ်အသုံးချနေတဲ့ အခြားအရာတွေနဲ့ ဘယ်လိုဆက်နွယ်လုပ်ဆောင်တယ်ဆိုတာကိုပါ လေ့လာစူးစမ်းကြပါမယ်။ ဒီအခန်းမှာ ကျွန်တော်တို့ လေ့လာသွားမှာ တွေကတော့

v  Create Surface from Point Group

v  Create Surface from Points File

v  Manipulating Surface Style

v  Labelling Surface

v  Create an existing ground surface using points (ပွိုင့်အသုံးပြုပြီး လက်ရှိမြေမျက်နှာပြင်ဖန်တီးတာ)

v  Modify and update a TIN surface (မျက်နှာပြင်ကို မွမ်းမံတာ၊ အဆင်မြှင့်တာ)

v  Prepare a slope analysis (လျှောစောက်တန်ဖိုး ဆန်းစစ်တာ)

v  Label surface contours and spot elevations (ကွန်တိုအညွှန်းတပ်ခြင်း နှင့် ပျံကျနိမ့်/မြင့်တန်ဖိုး ဖော်ပြတာ)

v  Import a point cloud into a drawing and create a surface model (များပြားလှတဲ့ပွိုင့်အစုအဖွဲ့ကြီးထည့်သွင်းပြီး မျက်နှာပြင် ဖန်တီးတာ) အစရှိတာတွေပဲ ဖြစ်ပါတယ်။

 

5.        Alignment

လက်ရှိခင်းထားပြီးသား တချို့လမ်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူ၊ ကျွဲနွား၊ လှည်း အစရှိသည်တို့ သွားရာ လမ်းကြောင်းကို အခြေတည်ထားတာ ဖြစ်ပြီး တချို့ကတော့ ဒီဇိုင်းထုတ်သူက အကွေးအဝိုက်တိုင်းကို သေချာစဉ်းစားပြီး ဒီဇိုင်းထုတ် ထားတာ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အလျားလိုက်လုပ်ဆောင်ရတဲ့ လမ်းလုပ်ငန်းမှာ လမ်းဟောင်းမွမ်းမံပြင်ဆင်တာ၊ လမ်းခွဲအသစ် ဖောက်တာတို့ လုပ်ဆောင်မယ်ဆို ဒီလမ်းတလျောက် ချမှတ်ရမယ့် အချက်အလက်များကို လုပ်ငန်းလုပ်သူထံ ပို့ပေးရပါတယ်။ ဒီ အလျားလိုက်ပန္နက်လမ်းကြောင်း ကို လမ်းအူကြောင်း alignments လို့ ခေါ် ပြီး ကျန်ဒီဇိုင်းအချက်အလက်များရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ ဒီအခန်းမှာ လမ်းအူကြောင်းတွေကို ဖန်တီးယူတာ၊ အခြား ဒီဇိုင်းအချက်အလက်တွေနဲ့ တုံ့ပြန်လုပ်ဆောင်ချက်တွေ၊ ဘယ်လိုပြင်ဆင်ပြီး ဆန်းစစ်ချက်လုပ်မယ်ဆိုတာ နဲ့ စီမံကိန်းတခုလုံး ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ လေ့လာရမှာ ဖြစ်ပါတယ်။ ဒီအခန်းမှာ ကျွန်တော်တို့ လေ့လာရမှာက

v  Understanding Alignment Constraints (လမ်းအူကြောင်းကန့်သတ်ချက်များအကြောင်း)

v  Alignment Creation & Labelling (လမ်းအူကြောင်း ဖန်တီးခြင်း နှင့် အညွှန်းစာတပ်ခြင်း)

v  Alignment Editing (လမ်းအူကြောင်း ပြင်ဆင်မွမ်းမံခြင်း)

v  Create an alignment from an object (အရာဝတ္ထုတခုကနေ လမ်းအူကြောင်း ပြောင်းယူတာ)

v  Create a reverse curve that never loses tangency (ထိတွေ့ပွိုင့်အနေအထားကို ထိန်းထားနိုင်တဲ့ ပြောင်းပြန်အကွေး)

v  Replace a component of an alignment with another component type (လမ်းအူကြောင်းအစိတ်အပိုင်းတခုကို ပြောင်းလဲ အစားထိုးတာ)

v  Create alignment tables (လမ်းအူကြောင်းအချက်အလက်ပြဇယား ဖန်တီးတာ) စသည်တို့ ဖြစ်ပါတယ်။

 

6.        Profiles and Profile Views

Profile ဆိုတာက လမ်းအူကြောင်း အလျားလိုက် နိမ့်/မြင့်ဒေတာတွေ သိနိုင်ဖို့ ဖြတ်ပိုင်းဆွဲကြည့်ထားတဲ့ အရာဖြစ်ပြီး ဒေါင်လိုက်ဒီဇိုင်းရဲ့ အဓိက အသက်သွေးကြော ဖြစ်ပါတယ်။ AutoCAD® Civil 3D® software မှာ ဒေတာတွေကနေ sampled လုပ်ယူတာ၊ ဒီဇိုင်းရေးဆွဲတာ၊ ပြင်ပဒေတာဖိုင်ကနေ ယူဆွဲတာ စသဖြင့် နည်းမျိုးစုံသုံးပြီး profiles ဖန်တီးနိုင်ပါတယ်။ Profiles ဟာ Basic Corridors” အခန်းမှာ လေ့လာရမယ့် corridors မှာလည်း အစိတ်အပိုင်း တခုအဖြစ် ပါဝင်နေပါတယ်။ ဒီအခန်းမှာတော့ profile တွေ ဖန်တီးတာ၊ ပြင်ဆင်တည်းဖြတ်တာ၊ နှင့် profile views တွေ ထုတ်ယူပြင်ဆင်တာ၊ အညွှန်းတပ်တာတို့ လေ့လာရပါမယ်။ အခု အခန်းမှာ ပါဝင်မှာကတော့

v  Type of Profiles (ပရိုဖိုင် အမျိုးအစားများ)

v  Surface Profile and Profile View Creation (မျက်နှာပြင် ပရိုဖိုင် ထုတ်ယူခြင်း နှင့် ပရိုဖိုင်မြင်ကွင်းမှာ ပြသခြင်း)

v  Design Profile Creation (လုပ်ဆောင်ချင်တဲ့ ဒီဇိုင်းပရိုဖိုင် ဆွဲသားခြင်း)

v  Profile Labelling (ပရိုဖိုင် အညွန်းစာထည့်ခြင်း)

v  Sample a surface profile with offset samples (ဘေးခွာလိုင်းကနေ မျက်နှာပြင် နိမ့်/မြင့်ပြလိုင်း ထုတ်ယူခြင်း)

v  Lay out a design profile on the basis of a table of data (ပေးထားတဲ့ ဇယားပါ ဒေတာများကနေ ဒီဇိုင်းပရိုဖိုင် ဆွဲခြင်း)

v  Add and modify individual entities in a design profile (ဒီဇိုင်းနိမ့်/မြင့်လိုင်းမှာ အစိတ်အပိုင်းတခုစီ ပြင်ဆင်ခြင်း၊ ထပ်ထည့်ခြင်း)

v  Apply a standard band set (နိမ့်/မြင့်ဒေတာဖော်ပြဖို့ band set ထည့်ခြင်း) စတာတွေပဲ ဖြစ်ပါတယ်။

 

7.        Assembly and Sub-assembly

လမ်း၊ ရေမြောင်း၊ တူးမြောင်း နှင့် Step Berm မြေသားအဆင့်များ တို့ဟာ ယေဘူယျအားဖြင့် typical section လို့ သိကြတဲ့ သတ်မှတ်ဖြတ်ပိုင်းပုံစံ အတိုင်း ဖောက်လုပ်လေ့ရှိပါတယ်။ Assemblies များက AutoCAD® Civil 3D® ကို ဒီသတ်မှတ်ဖြတ်ပိုင်းပုံစံ တွေက ဘာလဲဆိုတာ နားလည်စေဖို့ ပြောပြပေးနိုင်ပါတယ်။ Assemblies များကို ပိုသေးငယ်တဲ့ subassemblies လို့ခေါ်တဲ့ အစိတ်အပိုင်းများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဥပမာ သတ်မှတ်လမ်းဖြတ်ပိုင်းပုံစံ typical road section assembly တခုမှာ lanes, sidewalks, နှင့် curbs စတဲ့ subassemblies များ ပါဝင်လေ့ ရှိပါတယ်။

            အခု သင်ခန်းစာမှာ ဒီ assemblies များ ဘယ်ကရပြီး ဘယ်လိုဖွဲ့စည်းတည်ဆောက်ရတယ်၊ ဘယ်လို စီမံနိုင်တယ် ဆိုတာကို အာရုံစိုက် ရှင်းပြမှာ ဖြစ်ပါတယ်။ အခု သင်ခန်းစာမှာ လေ့လာရမယ့် အရာများကတော့

v  Understanding Assembly and Sub-assembly (Assembly နှင့် Sub-assembly အကြောင်း)

v  Assembly Creation (Assembly ဖန်တီးယူခြင်း)

v  Create a typical road assembly with lanes, curbs, gutters, and sidewalks (ယာဉ်သွားလမ်း၊ လမ်းဘေးကပ်တုံး၊ လူသွားလမ်းပလက်ဖောင်း စသည်တို့ ပါဝင်တဲ့ နမူနာ လမ်းဖြတ်ပိုင်းပုံစံတခုကို ဖန်တီးခြင်း)

v  Edit an assembly (Assembly ပြင်ဆင်တည်းဖြတ်ခြင်း)

v  Add daylighting to a typical road assembly (ဖို့မြေ/ဖြတ်မြေ အစောင်းပုံဖော်ဖို့ daylight ထည့်သွင်းခြင်း) အစရှိသည်တို့ ဖြစ်ပါတယ်။

8.      Basic Corridor

Corridor ဆိုတာကတော့ ရေပြင်ညီ လမ်းအူကြောင်း (horizontal alignment)ဒေါင်လိုက်နိမ့်မြင့်အနေအထား (vertical profile) နှင့် သတ်မှတ်ကန့်လန့်ဖြတ်ပိုင်းပုံ (assembly) တို့ ပေါင်းစပ်ပါဝင်တဲ့ သုံးဖက်မြင် အရာဝတ္ထုတခု ဖြစ်ပါတယ်။

            Corridors ဆိုတာမှာ ရိုးရှင်းတဲ့ လမ်းတခုကနေ များစွာရှုပ်ထွေးတဲ့ အဝေးပြေးလမ်းများ နှင့် လမ်းဆုံလမ်းလွှဲ တို့အထိ ပါဝင်ပြီး လမ်းဆိုတဲ့ အမျိုးအစားတခုပဲ ဖြစ်ရမယ်လို့ ကန့်သတ်မထားပါဘူး။ အလျားလိုက် ဒီဇိုင်းပုံစံ များစွာ အတွက် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ လမ်း၊ ရေမြောင်း အစရှိတဲ့ ပုံစံများကို ရေးဆွဲ လေ့လာ ရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ လေ့လာရမှာက

v  Requirements Of Corridor (ကော်ရစ်ဒါဖွဲ့စည်းရန်အတွက် လိုအပ်ချက်များ)

v  Corridor Region, Frequency and Targeting (ကော်ရစ်ဒါ နယ်ပိုင်းခြားခြင်း၊ ကြိမ်နှုန်းသတ်မှတ်ခြင်း နှင့် Target သတ်မှတ်ခြင်း)

v  Creation of Basic Corridor (သာမန် အခြေခံ ကော်ရစ်ဒါ တည်ဆောက်ခြင်း)

(Alignment, profile, နှင့် assembly တို့ကနေ အခြေခံလိုင်းတခုပါ corridor တည်ဆောက်ခြင်း)

v  လမ်းသားထပ်ချဲ့ အကျယ် lane widening အတွက် Targets အသုံးပြုခြင်း

v  Corridor surface တခု ဖန်တီးခြင်း

v  Corridor surface မှာ အနားသတ်လိုင်း အလိုအလျောက် ထည့်သွင်းခြင်း စသည်တို့ ဖြစ်ပါတယ်။

 

9.        Advanced Corridors, Intersections, and Roundabouts

ဒီအခန်းမှာတော့ ကျွန်တော်တို့ရဲ့ corridor တည်ဆောက်ခြင်း စွမ်းရည်ကို နောက်တဆင့် မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ corridor တည်ဆောက်ရာမှာ အသုံးပြုရမယ့် tools များ အကြောင်းကို ထပ်ရှင်းပြထားပြီး လမ်းဆုံလမ်းခွများ intersecting roads ၊ တဖက်ပိတ်လမ်းအဆုံးအဝိုင်းများ cul-de-sacs အစရှိသည့် အဆင့်မြင့် နည်းစနစ်များနှင့် ပြဿနာဖြေရှင်းနည်း များလည်း ပါဝင်ပါတယ်။ အဆင့်မြင့် corridor targets အသုံးပြုနည်းနှင့် အခြေအနေပေါ် မူတည်လုပ်ဆောင်တဲ့ conditional subassemblies အသုံးပြုနည်းများကိုလည်း လေ့လာရပါလိမ့်မယ်။

အခြားလေ့ကျင့်ခန်းများ ဖြစ်တဲ့ alignments, profiles, profile views, assemblies, နှင့် အခြေခံ ကော်ရစ်ဒါဖွဲ့ခြင်းတို့ကို လေ့လာ လေ့ကျင့်ပြီးသားဖြစ်တယ်လို့ ယူဆပြီး ဒီအခန်းကို ပြုစုထားခြင်း ဖြစ်ပါတယ်။ ဒီလို အခြေခံပိုင်ပိုင် လေ့လာထားခဲ့တာ မဟုတ်ဘူး ဆိုရင်တော့ ဒီအခန်းမှာ ပါဝင်တဲ့ သင်ခန်းစာ အများစုကို လိုက်လံလုပ်ဆောင်ရတာ ခက်ခဲနေပါလိမ့်မယ်။

ဒီအခန်းမှာ ကျွန်တော်တို့ လေ့လာရမှာကတော့

v  Using Multi region and Baselines (ကော်ရစ်ဒါ နယ်များ ပိုင်းခြားအသုံးပြုခြင်း နှင့် အခြေခံလိုင်း ထပ်ထည့်ခြင်း)

v  Add alignment and profile targets to a region for a cul-de-sac (တဖက်ပိတ်လမ်းဆုံး မီးသီးပုံအဝိုင်း အတွက် လမ်းအူကြောင်း နှင့် နိမ့်/မြင့်ပရိုဖိုင် ထည့်သွင်းခြင်း)

v  Modeling a Cul-de-Sac corridors with non-centerline baselines (အခြေခံအဖြစ် လမ်းဗဟိုမျဉ်းမသုံးထားသော မီးသီးပုံ ကော်ရစ်ဒါတခု ဖန်တီးခြင်း)

v  Moving Up to Intersection (လမ်းဆုံများ ဆွဲသားခြင်း)

v  Using The Intersection Wizard (Intersection Wizard အသုံးပြု၍ လမ်းဆုံဆွဲသားခြင်း)

v  Manually Modelling Intersection (လမ်းဆုံတခုအား ကိုယ်တိုင်ဖန်တီးယူခြင်း)

v  Roundabouts (အဝိုင်းပတ် ဆွဲသားခြင်း)

v  Create a surface from a corridor and add a boundary (ကော်ရစ်ဒါကနေ မျက်နှာပြင်ဖန်တီးယူပြီး အနားသတ်လိုင်း ထည့်ခြင်း) စသည်တို့ ဖြစ်ပါတယ်။

 

10.    Super-Elevation

Superelevation နှင့် Cant ဆိုတာကတော့ လမ်းအကွေ့များမှာ ကား၊ရထားအစရှိသည်တို့ လုံခြုံချောမွေ့စွာ မောင်းနှင်နိုင်အောင် လမ်းဖြတ်ပိုင်းအစောင်းပုံစံကို ပြောင်းလဲပေးတဲ့နည်းလမ်း ဖြစ်ပါတယ်။ အခြား assemblies များ ထပ်အသုံးပြုစရာမလိုပဲ လမ်းပေါ်ကနေ ရေအမြန်စီးဆင်းသွားစေဖို့လည်း Superelevation tools က အထောက်အကူ ဖြစ်စေပါတယ်။

            alignments, assemblies, နှင့် corridors တို့ကို ကောင်းကောင်း အသုံးပြုတတ်ခဲ့ပြီ ဖြစ်တာကြောင့် AutoCAD®Civil 3D® software မှာပါဝင်တဲ့ superelevation နှင့် Cant tools များ အသုံးပြုပြီး ခေတ်မှီဆန်းပြားတဲ့ ဒီဇိုင်းအဖြစ် တဆင့် မြှင့်တင် ကြည့်ရအောင်။ လက်ရှိလမ်းအနေအထားနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ချင်တာဖြစ်စေ ၊ အသစ်ဖန်တီးချင်တာ ဖြစ်စေ ကိုယ်လိုအပ်တဲ့ tools များကို ရှာတွေ့ပါလိမ့်မယ်။

            ဒီအခန်းမှာ လေ့လာရမှာတွေကတော့

v  Requirements To Apply Superelevation (Superelevation အသုံးပြုနိုင်ဖို့ ရှိထားရမယ့် လိုအပ်ချက်များ)

v  Compute Superelevation (Superelevation တွက်ချက်ခြင်း)

v  Superelevation View (Superelevation View ဆွဲသားခြင်း)

v  Add superelevation to an alignment (လမ်းအူကြောင်းတခုကို superelevation ထည့်သွင်းခြင်း)

v  Create a superelevation assembly (superelevation အတွက် assembly ဖန်တီးခြင်း)

v  Create a rail corridor with Cant (ရထားလမ်း ကော်ရစ်ဒါတွင် Cant အသုံးပြုခြင်း)

v  Create a superelevation view (superelevation view ဖန်တီးခြင်း) စသည်တို့ပဲ ဖြစ်ပါတယ်။

 

11.        Cross SectionSection View and Mass Haul

အသုံးပြုသူများကို ဒီဇိုင်းလျာထားချက်များ မျက်မြင်ပြသနိုင်ဖို့နှင့် အသုံးပြုပစ္စည်း ပမာဏ တွက်ချက်နိုင်ဖို့အတွက် Cross sections များကို AutoCAD® Civil 3D® မှာ အသုံးပြုထားပါတယ်။ section ဖန်တီးနိုင်ဖို့အတွက် alignment နှင့် surface ရှိဖို့ လိုအပ်ပါတယ်။ ပိုက်များ၊ Manhole အစရှိသည့် structures များ နှင့် corridor အစိတ်အပိုင်းများ စသည့် အခြား အရာဝတ္ထု များကို sample line ဖြင့် ပုံစံထုတ်ယူပြီး section view မှာ ပြသပေးလို့ ရပါတယ်။ ဒီ section views နှင့် sections များဟာ ဒီဇိုင်းလုပ်ငန်းစဉ် တလျောက်လုံး dynamic နည်းဖြင့် ဆက်စပ်နေတာကြောင့် sample လုပ်ထားတဲ့ အရာပြောင်းလဲသမျှကို ထင်ဟပ်ပေးနေမှာ ဖြစ်ပါတယ်။ ပရင့်ထုတ်ဖို့ အသင့်အနေအထား section views များ နှင့် တိကျသော end area volume တွက်ချက်မှုများကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီသင်ခန်းစာ မှာ ကျွန်တော်တို့ လေ့လာရမှာက

v  Create sample lines (sample lines များ ဖန်တီးခြင်း)

v  Structure of Section View (Section View ဖွဲ့စည်းပုံ)

v  Create Cross Section and Section View (Cross Section နှင့် Section View များ ဖန်တီးခြင်း)

v  Define and compute materials (အသုံးပြု ပစ္စည်းများ သတ်မှတ်ခြင်း နှင့် ပမာဏ တွက်ချက်ခြင်း)

v  Generate volume reports (တွက်ချက်ပြီးသော ထုထည်ပမာဏ ဇယားရေးဆွဲခြင်း) စသည်တို့ပဲ ဖြစ်ပါတယ်။

 

12.        Plan Production and Section Sheet Set

အခုဆို ရက်များ၊ သီတင်းပတ်များ နှင့် လများအထိတောင် ကြာကောင်းကြာနိုင်တဲ့ ဒီဇိုင်းများကို AutoCAD® Civil 3D® program မှာ ကျွန်တော်တို့ ဆွဲသား ဖန်တီး ခဲ့ပြီးပြီမို့ အားလုံးနဲ့ မဟုတ်တောင် ကိုယ်နှင့် သက်ဆိုင်တဲ့လူ၊ အဖွဲ့အစည်း တို့ဆီ ဒါကို မျှဝေဖို့ အချိန် ရောက်လာခဲ့ပါပြီ။ အခုလို ဒီဂျစ်တယ်ခေတ်ကြီးမှာတောင်မှ စာရွက်ပေါ်ကပုံစံများက အရေးကြီးသော အခန်းဂဏ္ဍ မှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ Civil 3မှာ Plan Production feature အသုံးပြုပြီးတော့ ဒါတွေကို ထုတ်ယူဖန်တီးနိုင်ပါတယ်။ ဒီအခန်းက သင်ခန်းစာများမှာ sheet set ဖန်တီးခြင်း၊ viewport စီစဉ်ခြင်း၊ generating sheets များ ထုတ်ခြင်း၊ data များ စီမံခန့်ခွဲခြင်း နှင့် ပရင့်ထုတ်ခြင်းတို့အတွက် လိုအပ်တဲ့ အဆင့်များကို လေ့လာသွားရပါမယ်။

အခု အခန်းမှာ အောက်ပါတို့ကို လေ့လာရပါမယ်။

v  Benefits of Section Sheet Set (Sheet Set အသုံးပြုခြင်းရဲ့ အားသာချက်)

v  View-Frames and Match-Lines (မြင်ကွင်းဘောင် နှင့် ချိန်ကိုက်မျဉ်း အကြောင်း)

v  Create view frames (မြင်ကွင်းဘောင်ခတ်ခြင်း)

v  Edit view frames (မြင်ကွင်းဘောင် ပြင်ဆင်တည်းဖြတ်ခြင်း)

v  Generate sheets and review Sheet Set Manager (Sheet များ ထုတ်ယူပြီး Sheet Set Manager အသုံးပြု ကြည့်ရှုခြင်း)

v  Create section views (Section View များ ဖန်တီးခြင်း)

v  Create A3 Section, Plan Profile Sheet Set (လက်တွေ့အသုံးများတဲ့ A3 စာရွက်ဆိုဒ် Template ဖန်တီး အသုံးပြုခြင်း) စသည်တို့ပဲ ဖြစ်ပါတယ်။


13.        Grading (Modelling A Groyne)

လမ်းဒီဇိုင်းနဲ့ တိုက်ရိုက်မသက်ဆိုင်သော်လည်း အဆောက်အဦလုပ်ငန်းများ၊ မြေယာဖော်ဆောင်မှု လုပ်ငန်းများမှာတော့ ကိုယ်လိုချင်တဲ့ မြေပြင်အနေအထား ရရှိဖို့ မြေညှိပုံဖော်ရန် လိုအပ်လာပါတယ်။ ဒီလိုအပ်ချက်ကို လျင်မြန်စွာ ပြုလုပ်ပေးနိုင်တာကတော့ Feature Line နှင့် Grading Object ပဲ ဖြစ်ပါတယ်။ မြေညှိခြင်းအတွက်သာ မက မိမိလိုအပ်တဲ့ပုံကို ဖော်ဆောင်ဖို့အတွက်ပါ အသုံးပြုနိုင်တာကြောင့် ဒီလေ့ကျင့်ခန်းမှာ မြစ်ကြောင်းထိန်းသိမ်းရေးအတွက် ရေတားတမံ Groyne တခုကို အဆင့်ဆင့် ဘယ်လိုပုံဖော်သွားမလဲဆိုတာ လေ့ကျင့်သင်ယူနိုင်မှာ ဖြစ်ပါတယ်။ 

 ဒါတွေအားလုံး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ အောက်ကလင့်ကို ကလစ်နှိပ်ပြီး ဖောင်ဖြည့် စာရင်းသွင်းနိုင်ပါပြီ။ 

သင်တန်းတက်ဖို့ စာရင်းပေးမယ်

#Mastering   #Civil3D     #Training     #Engineer     #Surveyor     #Infrastructure     #Road     #Dam #Irrigation     #Canal     #Earthwork     #Layout     #Planning     #Urban     #Drainage     #Grading #Myanmar     #AutoCAD     #Alignment     #Surface     #Contour     #Profile     #Corridor     #Units #Tutorial     #drawing     #setting     #Zone     #transformation     #Save     #elearning     #onlineclass


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)