Civil 3D : How To Export and Import Surface as LandXML and DEM Format

Surface တခုကို LandXML သို့မဟုတ် DEM ဖိုင်အဖြစ် Export ထုတ်တာ၊ Import လုပ် အသုံးပြုတာကို လေ့လာရပါမယ်။

၁။ ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်း

တနေ့မှာ ၂၀၂၁ နှောင်းပိုင်းလောက်တုန်းက သင်တန်းတက်ခဲ့ဖူးသူ Phd Candidate သင်တန်းသူတယောက်က လက်ရှိပရောဂျက်မှာ အသုံးပြုဖို့အတွက် DEM ဖိုင်တွေကို Surface အဖြစ် ထည့်သုံးလို့ ရမလားလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း ယခင် 2015 လောက်တုန်းက အသုံးပြုခဲ့ဖူးတာမို့ ရပါတယ်လို့ ဖြေလိုက်ပါတယ်။ အသုံးပြုပုံ ပြုနည်းကိုလည်း ပြပေးလိုက်ပါတယ်။ သို့သော်လည်း သူ့အသုံးပြုတဲ့ DEM ဖိုင်က ဘာပြဿနာရှိနေသလဲ မသိဘူး error တက်ပြီး၊ လုပ်မရဖြစ်နေတော့ ကျွန်တော်လည်း ပြန်စစ်ဆေးကြည့်ပေးဖို့ ဖြစ်လာပါတယ်။

ကျွန်တော် ပြန်စစ်ဆေးကြည့်လိုက်ချိန်မှာလည်း သူပြောတဲ့အတိုင်းပဲ ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်လည်း တော်တော် ဦးနှောက်ခြောက်သွားတယ်။ အရင် အဆင်ပြေနေတာကို အခုကျမှ ဘာလို့ ပြဿနာ ဖြစ်နေရတာလဲပေါ့။ သူပို့ပေးတဲ့ DEM ဖိုင်မသုံးပဲ ကျွန်တော်ဆီမှာရှိတဲ့ နမူနာ DEM ဖိုင်တခု သုံးပြီး လုပ်ကြည့်လိုက်တော့လည်း အဆင်ပြေနေတာ တွေ့ရပြန်တယ်။

၂။ စိတ်ကူးကြံဆပုံ (Concept)

ဒီတော့ သူ့ဖိုင်မှာ ပြဿနာရှိနေတာ သေချာတာမို့ ဖိုင်ရလာတဲ့ မူရင်း source ကို ပြန်စစ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ပြန်စစ်ပြန်ဒေါင်းပြီး ထပ်ကြိုးစားကြည့်တော့လည်း အဆင်မပြေတာမို့ အကူအညီပေးဖို့ ထပ်ခေါင်းစားရပြန်ပါတယ်။ ပရောဂျက်လုပ်ရမယ့် ဧရိယာကလည်း သတ်မှတ်ပြီးသားမို့ ရွှေ့ဖို့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်လည်း ထပ်ကြိုးစားကြည့်တဲ့အနေနဲ့ ပရောဂျက်ဧရိယာကို LandXML ဖိုင်အဖြစ် ထည့်သွင်းပြီး Surface ဖွဲ့၊ ရလာတဲ့ Surface ကို DEM အဖြစ် export ထုတ်ပြီးမှ ပြန်ထည့်သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၃။ ဆက်လက်ကြည့်ရှုရန်


၄။ သင်တန်းတက်ရောက်လိုပါက

Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Essential Road Design သင်တန်းမှာ ပါဝင်တဲ့ အကြောင်းအရာများကို https://www.actcmyanmar.com/.../civil-3d-training-road... မှာ ဝင်ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at self-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Professional Road Designer, Modeler, Freelance Drafter အဖြစ် ရပ်တည်လိုတဲ့သူများအတွက် ရည်ရွယ်ထားတဲ့ Zero to Hero ဖြစ်သွားစေမယ့် Mastering Civil 3D Road Design သင်ရိုးအကြောင်းကို https://www.actcmyanmar.com/.../civil-3d-training... မှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at self-paced Google Classroom အတန်းက ၂၀၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ပိုလာတဲ့ သင်တန်းကြေးနဲ့ မက ထိုက်တန်တဲ့ အကြောင်းအရာများကို သိရှိရပါလိမ့်မယ်။

Grading အသုံးပြုပြီး မြစ်ကြောင်းထိန်းသိမ်းရေးအတွက် ရေတားတမံ Groyne တခု အဆင့်ဆင့် ပြုလုပ်ဖန်တီးပုံကိုပါ Essential Road Design Course နှင့် Mastering Road Design Course ၂ တန်းစလုံးမှာ ထပ်တိုးသင်ရိုး အနေနဲ့ ထပ်မံထည့်သွင်းပေးထားပါတယ်ခင်ဗျာ။


၅။ အထူးအစီအစဉ်

ယခင် Road Design Essentail Course တက်ရောက်ပြီးသူ သင်တန်းသားဟောင်းများအနေနဲ့ Mastering Civil 3D Road Design Course ကို တက်ရောက်လိုပါက ၈၀၀,၀၀/- ကျပ် (ရှစ်သောင်းကျပ်) သာ ထပ်မံပေးသွင်းပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ 

#AutoCAD #Civil3D #RoadDesign #Training #OnlineClass #OnlineCourse #Corridor #Surface #Grading #FeatureLines #Contour #Topographic #Map #AutomaticLinework #PointGroup #DescriptionKey #SurveyFigure #Lineworkcodeset #SurveyDatabase #Profile #ProfileView #BandSet #PlanProduction #SheetSet #DataBand #BandStyle #LabelStyle #Alignment #OffsetAlignment #Widening #SampleLine #SectionView #CodesetStyle #Myanmar #Intersection #Roundabout #ParcelLayout #EarthworkVolume #ACTCMYANMAR 


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)