Surveying Knowledge : Resection အသုံးပြုမယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ

Resection အသုံးပြုမယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ

တည်ဆောက်ရေးလုပ်ငန်း အမျိုးမျိုး အကောင်အထည်ဖော်ရာမှာ စီမံကိန်းပုံစံ ရေးဆွဲတဲ့ အဆင့်ကနေ လက်တွေ့တည်ဆောက်တဲ့အဆင့်အထိ လုပ်ငန်းလိုအပ်ချက်အရ Survey တိုင်းတာခြင်းများ လုပ်ဆောင်ကြရပါတယ်။ အဲဒီလို တိုင်းတာခြင်းများ လုပ်ဆောင်ရာမှာ မြေပြင်ကန့်သတ်ချက်များကြောင့် Occupy > Backsight တိုင်းတာဖို့ မလွယ်ကူတဲ့အခါမျိုးမှာ Resection နည်းကို မလွှဲမရှောင်သာ မဖြစ်မနေ အသုံးပြုကြရပါတယ်။ အဲဒီလို Resection အသုံးပြု တိုင်းတာရာမှာ အမှားနည်းအောင် သိထားသင့်တဲ့ အချက်များကို Pentax R 2505 NS Instrument Manual ကို အခြေခံပြီး ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Surveyor များ အနေနဲ့ မိမိအသုံးပြုနေတဲ့ သက်ဆိုင်ရာ Instrument Manual ကို ဖတ်ရှုပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချမယ်ဆိုရင် များစွာအကျိုးရှိနိုင်တာမို့ Instrument Manual ကိုလည်း ဖတ်ဖြစ်အောင် ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အောက်က နမူနာပုံစံ ၁ ကို လေ့လာကြည့်ပြီး Resection ဆွဲဖို့ စက်အထိုင်သင့်ဆုံးနေရာ ရွေးကြည့်ရအောင်။ အခုပြထားတဲ့ပုံစံ ၁ အရ Known Point က P1 နှင့် P3 တို့ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ စက်ထိုင်ဖို့ အရွေးချယ်သင့်ဆုံးနေရာက New point ဆိုတဲ့ နေရာပဲ ဖြစ်ပါတယ်။ P1 နှင့် P3 ကို ကျွန်တော်တို့စက်ကနေ ခံဆောင်ထားတဲ့ အတွင်းထောင့် Included Angle က ၉၀ ဒီဂရီ ထောင့်မှန်ကျ ဖြစ်နေသလို စက်နဲ့ Known Point ကြား အကွာအဝေး ဖြစ်တဲ့ S1 နှင့် S2 ကလည်း တူညီနေလို့ပဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Resection ဆွဲပြီးရရှိလာတဲ့ တွက်ချက်မှုရလဒ် တိကျမှုက အောက်ပါအချက်များ အပေါ် မူတည်နေလို့ပဲ ဖြစ်ပါတယ်။

1)      Known Point ၂ ခု အကြား စက်ကနေ ခံဆောင်ပေးထားတဲ့ အတွင်းထောင့် Included Angle ကျဉ်းလွန်းနေခြင်း။ ပုံမှာကြည့်ရင် P1,P2 နှင့် စက်အနေအထားလိုမျိုး ဖြစ်ပါတယ်။ Pentax မှာဆိုရင်တော့ ဒီလို အခြေအနေမျိုးဆိုရင် အတွင်းထောင့်ကျဉ်းလွန်းနေတယ်ဆိုပြီး error message ပြပေးမှာ ဖြစ်ပါတယ်။

2)      Known Point ၂ ခု အကြား စက်ကနေ ခံဆောင်ပေးထားတဲ့ အတွင်းထောင့် Included Angle ကျယ်လွန်းနေခြင်း။ ပုံမှာကြည့်ရင် P4,P6 နှင့် စက်အနေအထားလိုမျိုး ဖြစ်ပါတယ်။

3)      စက်နဲ့ Known Point ၂ ခုအကြား အကွာအဝေး မညီမျှပဲ တဖက်ဖက်သို့ တအား နီးကပ်လွန်းနေခြင်း။

4)      နောက်ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတခုကတော့ မိမိစက်ထိုင်ထားတဲ့ပွိုင့်နဲ့ Known Point ၃ခုနှင့်အထက် တို့ဟာ စက်ဝန်းတခုတည်းအပေါ်မှာ ကျရောက်နေခြင်း (နမူနာပုံစံ ၂ ကို ကြည့်ရန်)

တို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ Surveyor များအနေနဲ့ Resection အသုံးပြုတော့မယ်ဆိုရင် အကောင်းဆုံး အနေအထားကို ရွေးချယ်ပြီး စက်မထိုင်နိုင်ရင်တောင် အဆိုးဆုံး အနေအထားများကို ရှောင်လွှဲနိုင်မယ်ဆိုရင် များစွာအကျိုးရှိပါလိမ့်မယ်။

Resection အသုံးပြုပြီး Occupy ပွိုင့်တန်ဖိုး ရယူအသုံးပြုတိုင်းတာခြင်းသည် Known Point ပေါ်တွင် စက်ထိုင်ပြီး အသုံးပြုခြင်းနဲ့ နှိုင်းယှဥ်ပါက တိကျမှု တသမတ်တည်း ရရှိဖို့ခဲယဉ်းခြင်း၊ တိကျမှုပြောင်းလဲနိုင်ခြင်းတို့ကြောင့် တိကျမှုကောင်းမွန်ရန်လိုအပ်သော high-precision survey လုပ်ငန်းများတွင် Resection နည်း အသုံးပြုဖို့ recommend မလုပ်တာ တွေ့ရပါမယ်။

ကိုးကား

Pentax R 2500 NS Series User Manual, Page 47

ရေးသားသူ    Moe Thant Nyein

Penatax R 2505 NS Series User Manual Download Link

https://www.manualslib.com/manual/2651001/Pentax-R-2500ns-Series.html






Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)