Posts

Showing posts from June, 2023

Civil 3D နှင့် AutoCAD ၂ မျိုးလုံးမှာ အသုံးပြုနိုင်မယ့် Command Options များ

Image
  အားလုံး မင်္ဂလာပါခင်ဗျာ။ ACTC-MYANMAR မှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ACTC-MYANMAR ကနေပြီးတော့ အပတ်စဉ်  CIVIL 3D နှင့် သက်ဆိုင်တဲ့ အကြောင်းအရာများကို ကြိုးစားတင်ဆက်လျှက်ရှိတာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးခင်ဗျာ။ ဒီနေ့ ပြောပြချင်တာကတော့ Offset or Buffer? ဆိုတဲ့ အကြောင်းလေး နှင့် Add Selected menu အသုံးပြုပုံ အကြောင်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရဲ့ CIVIL ENGINEERING WORK ဖြစ်တဲ့ ရထားလမ်း၊ကားလမ်း တည်ဆောက်ရေးလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်တော့မယ် ဆိုရင် CIVIL 3D ကျွမ်းကျင်မှု လိုအပ်ချက် တနေ့တခြား မြင့်မားလာတာ မြင်တွေ့ကြားသိနေရမှာပါ။ ဥပမာအနေနဲ့ အသိတယောက်နဲ့ စကားပြောကြရင်း CIVIL 3D အကြောင်း စကားစပ်မိသွားတော့ သူပြောပြတာလေးကို ပြန်ဖောက်သယ်ချပါရစေ။ သူတို့ရုံးက Junior Engineer အမျိုးသမီးလေး တယောက် အလုပ်ပြောင်းဖို့ အင်တာဗျူး သွားလျှောက်ရာမှာ ကြုံတွေ့ရတဲ့ အကြောင်းလေး ဖြစ်ပါတယ်။ သူပြောပြတာက ဒီလိုပါ။ နိုင်ငံခြားဖက်စပ် လမ်းဖောက်လုပ်ရေးလုပ်ငန်းတခုမှာ Drawing Engineer အဖြစ် အလုပ်ခေါ်လို့ သူ့အသိက အင်တာဗျူးသွားဖြေတော့ လုပ်ငန်းအတွေ့အကြုံ အသင့်အတင့်ရှိပြီး၊ ဒီ Position နဲ့လည်း လုပ်ခဲ့ဖူးတာ

Civil3D Tutorial : From Google Earth To Civil 3D

Image
 အားလုံး မင်္ဂလာပါခင်ဗျာ။ ACTCMYANMAR မှ ကြိုဆိုလျှက်ပါ။           ကျွန်တော်တို့ ACTCMYANMAR ကနေပြီးတော့ Civil 3D နှင့် သက်ဆိုင်တဲ့ အကြောင်းအရာများကို အပတ်စဉ် ကြိုးစားတင်ဆက်လျက်ရှိပါတယ်။ ဝင်ရောက်အားပေးကြည့်ရှုသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်ခင်ဗျာ။ ဒီတပတ်ပြောချင်တာ ဘာအကြောင်းဖြစ်မလဲ?           ဒီတပတ်မှာတော့ Google Earth Kmz ဖိုင်ကနေ Coordinate တန်ဖိုးများ ထုတ်ယူပြီး Civil 3D အတွင်း ထည့်သွင်းအသုံးပြုကာ ကွင်းမြေပုံတခု ဆွဲသားခြင်းအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဘာကြောင့် ဒီအကြောင်း ပြောဖြစ်တာလဲ?           လွန်ခဲ့တဲ့ ၅ လ ပိုင်းတုန်းက ပြင်ဦးလွင်မှာ နေထိုင်တဲ့ အသိတယောက်က ဖုန်းခေါ်လာပါတယ်။ သူ့မှာ မြေကွက်လွတ်တခု ရှိပြီး တိုင်းထားတဲ့ ဒေတာတချို့လည်း ရှိကြောင်း၊ ဒေတာပို့ပေးပြီး အဲဒါကို AutoCAD နဲ့ ဆွဲပေးလို့ ရရင် ဆွဲပေးစေလိုကြောင်း ပြောလာပါတယ်။            ဘာနဲ့ တိုင်းထားတာလဲ မေးကြည့်တော့ ဖုန်းလိုမျိုးနဲ့ တိုင်းထားတာ ဖြစ်ကြောင်း ပြောပြပါတယ်။ ဒါဆို Handheld GPS or Smart Phone + Apps တခုခုနဲ့ တိုင်းထားတာ ဖြစ်နိုင်ကြောင်း၊ RTK or Total Station နဲ့ တိုင်းထားတာမဟုတ်ရင် အသ

Civil3D Tutorial : Using GIS Data To Create Civil3D Objects

Image
အားလုံး မင်္ဂလာပါခင်ဗျာ။ ACTCMYANMAR ကနေ ကြိုဆိုလျှက်ပါ။ ကျွန်တော်တို့ ACTCMYANMAR မှ Civil3D နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို အပတ်စဉ် ကြိုးစားတင်ဆက်လျှက်ရှိပါတယ်ခင်ဗျာ။   What we talk in this week?           ဒီတကြိမ် ပြောပြလိုတာကတော့ GIS Data များကို Civil3D မှာထည့်သွင်း အသုံးပြုနည်း အကြောင်းပဲ ဖြစ်ပါတယ်။ Why we talk this topic?           ကျွန်တော်တို့ Civil Engineering နယ်ပယ်မှာ မည်သည့်တည်ဆောက်ရေးစီမံကိန်းမျိုးမဆို လုပ်ငန်းအကောင်အထည်မဖော်မီ ကနဦးလျာထားဒီဇိုင်းရေးဆွဲပြီး ဖြစ်တန်စွမ်းလေ့လာခြင်းကနေ စတင်ရတာ အားလုံး သိရှိပြီး ဖြစ်ပါတယ်။ အဲဒီကနေမှ အဆင့်ဆင့် လေ့လာသုံးသပ်တည်းဖြတ်ပြီး နောက်ဆုံးအကောင်အထည်ဖော် တည်ဆောက်ရမယ့် အသေးစိတ် ဒီဇိုင်း ရရှိလာတာကိုလည်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်ခင်ဗျာ။            ဒီနေ့လို တိုးတက်နေတဲ့ ခေတ်အခါမှာတော့ ဂြိုလ်တုပုံရိပ်များ၊ STRM ဒေတာများကို အသုံးပြုပြီး ကနဦးလျာထားဒီဇိုင်း ရေးဆွဲလာကြပါတယ်။ အခုလို ဂြိုလ်တုဒေတာများကို အသုံးပြု၍ GIS shape ဖိုင်များ ဖန်တီးရရှိလာခဲ့လျှင် အဲဒီဒေတာများကို Civil3D မှာ ထည့်သွင်းအသုံးပြု၍ ကနဦးလျာထားဒီဇိုင်း ရေးဆွဲနိုင်မှာ ဖြစ်ပါတ

Civil 3D Tutorial : Data Extraction အသုံးပြုပြီး Object Coordinate ထုတ်ယူခြင်း

Image
Civil 3D လေ့လာနေသူအားလုံးကို ACTC-MYANMR မှ ကြိုဆိုလျှက်ပါခင်ဗျာ။  အားလုံး မင်္ဂလာပါခင်ဗျာ။ ဘာမှ မရေးဖြစ်တာလည်း တော်တော်ကြာသွားပြီဖြစ်တဲ့အတွက် အခုရက်ပိုင်း ကြုံတွေ့ဖြေရှင်းလိုက်ရတဲ့ အခက်အခဲလေးတခုကို ကိုးကားပြီး ကျွန်တော့်လို ကြုံလာခဲ့ရင် အလွယ်ဖြေရှင်းနိုင်အောင် တင်ပြပေးပါရစေ။ နောက်ခံအကြောင်းရင်း           ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကျွန်တော်နဲ့ တွဲ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတယောက်က ပုံဆွဲနေရင်း လိုအပ်တဲ့ ဒေတာလေးတွေရှိလို့ သူ့ဆီက surveyor ကို ထပ်ကောက်ခိုင်းပြီး ရလာတဲ့ ဒေတာကို ကျွန်တော့်ဆီ ပို့လိုက်ပါတယ်။ သူပို့တဲ့ပုံကို ကျွန်တော် ကြည့်လိုက်တော့ AutoCAD ပုံဖြစ်သော်လည်း အထဲက ဒေတာတွေက Text နှင့် Block Objects တွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ Project မှာ မီတာနဲ့ အသုံးပြုတာဖြစ်သော်လည်း ပို့လာတဲ့ပုံက Imperial ယူနစ်နဲ့ ဖြစ်နေပါတယ်။ ကျွန်တော်လည်း အရေးကြီးနေတာလည်းဖြစ်၊ အချိန်ကလည်း မရတော့ အဲဒီအချိန်က CSV ဖိုင်တောင်းပြီး အလွယ်ဖြေရှင်းလိုက်ပါတယ်။          ဒါပေမယ့်.......  CSV ဖိုင် အလွယ်ထပ်တောင်းလို့ မရတဲ့ အချိန်မျိုးဆို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့? အတွေးဝင်လာတော့ အားတဲ့အခ

AutoCAD Civil3D Training Center