Civil 3D နှင့် AutoCAD ၂ မျိုးလုံးမှာ အသုံးပြုနိုင်မယ့် Command Options များ

 အားလုံး မင်္ဂလာပါခင်ဗျာ။ ACTC-MYANMAR မှ ကြိုဆိုပါတယ်။

ကျွန်တော်တို့ ACTC-MYANMAR ကနေပြီးတော့ အပတ်စဉ် CIVIL 3D နှင့် သက်ဆိုင်တဲ့ အကြောင်းအရာများကို ကြိုးစားတင်ဆက်လျှက်ရှိတာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးခင်ဗျာ။ ဒီနေ့ ပြောပြချင်တာကတော့ Offset or Buffer? ဆိုတဲ့ အကြောင်းလေး နှင့် Add Selected menu အသုံးပြုပုံ အကြောင်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရဲ့ CIVIL ENGINEERING WORK ဖြစ်တဲ့ ရထားလမ်း၊ကားလမ်း တည်ဆောက်ရေးလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်တော့မယ် ဆိုရင် CIVIL 3D ကျွမ်းကျင်မှု လိုအပ်ချက် တနေ့တခြား မြင့်မားလာတာ မြင်တွေ့ကြားသိနေရမှာပါ။

ဥပမာအနေနဲ့ အသိတယောက်နဲ့ စကားပြောကြရင်း CIVIL 3D အကြောင်း စကားစပ်မိသွားတော့ သူပြောပြတာလေးကို ပြန်ဖောက်သယ်ချပါရစေ။ သူတို့ရုံးက Junior Engineer အမျိုးသမီးလေး တယောက် အလုပ်ပြောင်းဖို့ အင်တာဗျူး သွားလျှောက်ရာမှာ ကြုံတွေ့ရတဲ့ အကြောင်းလေး ဖြစ်ပါတယ်။ သူပြောပြတာက ဒီလိုပါ။

နိုင်ငံခြားဖက်စပ် လမ်းဖောက်လုပ်ရေးလုပ်ငန်းတခုမှာ Drawing Engineer အဖြစ် အလုပ်ခေါ်လို့ သူ့အသိက အင်တာဗျူးသွားဖြေတော့ လုပ်ငန်းအတွေ့အကြုံ အသင့်အတင့်ရှိပြီး၊ ဒီ Position နဲ့လည်း လုပ်ခဲ့ဖူးတာဖြစ်တာမို့ အလုပ်ခန့်မယ်ဆိုပြီး လစာညှိနှိုင်းကြပါတယ်။ ပထမ သူ့အသိတောင်းဆိုတဲ့ ၁၂ သိန်းဝန်းကျင် လစာကို ကုမ္ပဏီဘက်က ပေးဖို့ဖြစ်သော်လည်း သူအသုံးပြုတတ်တာက သာမန်ရိုးရိုး AutoCAD သာဖြစ်နေပြီး CIVIL 3D အသုံးပြုနိုင်ခြင်းမရှိတာမို့ ၇ သိန်းဝန်းကျင်နှင့် သာ အတည်ပြု ကျေနပ်လိုက်ရတယ်လို့ နောက်ပိုင်းမှာ ပြန်လည်ကြားသိရတဲ့ အကြောင်းလေး ဖြစ်ပါတယ်။

ဘယ်လောက်ဆုံးရှုံးသွားလဲ?

အဲဒီတော့ ပြန်တွက်ကြည့်မယ်ဆိုရင် မူလတောင်းဆိုထားတဲ့လစာရဲ့ ၅၈ ရာခိုင်နှုန်းသာ ရရှိတော့တာမို့ ၄၂ ရာခိုင်နှုန်းလောက် ဆုံးရှုံးနစ်နာသွားတာ ဖြစ်ပါတယ်။ တလ သိန်း ၊ တနှစ်ဆိုရင် သိန်း ၆၀ လောက် နစ်နာသွားတာ ဖြစ်ပါတယ်။

အခြားတဖက်က စဉ်းစားကြည့်မယ်ဆိုရင်လည်း မြို့ပြအင်ဂျင်နီယာတည်ဆောက်ရေးလုပ်ငန်းများမှာ CIVIL 3D အသုံးပြုမှု တနေ့တခြား မြင့်မားလာတာကို မီးမောင်းထိုးပြနေတာ တွေ့မြင်ရပါမယ်။ ဒါကြောင့် မိမိဟာ Infrastructure မြို့ပြအင်ဂျင်နီယာလုပ်ငန်းခွင်မှာ ကျင်လည်နေရတဲ့သူတယောက် ဖြစ်တယ်ဆိုရင်တော့ အားလပ်ချိန်၊ အလုပ်ပါးချိန်တွေမှာ လေ့လာထားသင့်တဲ့ ဆော့ဝဲလ် တခုဟာ CIVIL 3D ဖြစ်တာ အသေအချာပါပဲလို့ ပြောပါရစေ။ တကယ်လို့များ အဲလို လေ့လာထားခဲ့မယ် ဆိုရင် အရေးကြုံ သက်လုံကောင်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားလပ်ချိန်ကို အလဟဿ မကုန်ဆုံးစေဘဲ မိမိအတွက် အဆင်ပြေနိုင်မယ်ထင်တဲ့၊ ကောင်းနိုးရာရာ သင်တန်းများကို ရွေးချယ်တက်ရောက်ကြဖို့ အကြံပြုပါရစေ။

တကယ်လို့ ကျွန်တော့်ဆီမှာ တက်ရောက်ချင်တယ်ဆိုရင်တော့ မိမိလိုအပ်တဲ့ ကျွမ်းကျင်မှုအလိုက် တက်ရောက်နိုင်မယ့် CIVIL 3D ONLINE CLASSES များ စီစဉ်ပေးထားပါတယ်။ CIVIL 3D အသုံးပြုပြီး ပုံဆွဲသားတော့မယ်ဆိုရင် မသိမဖြစ် အကြောင်းအရာများကို ဦးစားပေးတင်ဆက်ထားတဲ့ ESSENTIAL တန်းနဲ့ ၊ CORRIDOR MODELLING ကို တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလိုသူ၊ ရှုပ်ထွေးတဲ့ လမ်းဆုံများ၊ အဝိုင်းပတ်များကို ပုံစံထုတ်လိုသူများ အတွက်တော့ MASTERING အတန်းဆိုပြီး ၂ မျိုး စီစဉ်ပေးထားတာ ဖြစ်တဲ့အတွက် မိမိလုပ်ငန်းခွင်လိုအပ်ချက်နဲ့ ကိုက်ညီရာကို ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Course Outline အသေးစိတ်ကို လေ့လာနိုင်ဖို့ Comment Box မှာ လင့်ချထားပေးပါမယ်ခင်ဗျ။

သင်တန်းဆရာနဲ့ အချိန်ညှိနှိုင်းရန်မလိုဘဲ မိမိ အဆင်ပြေတဲ့ အချိန်၊ အားလပ်ချိန်တွေမှာ ဝင်ရောက်လေ့လာနိုင်တဲ့ Google Classroom အသုံးပြုသင်တန်းဖြစ်တာမို့ အချိန်ကွာခြားချက် ရှိတဲ့ ဂျပန်၊ စင်ကာပူစတဲ့ နိုင်ငံရပ်ခြားရောက် မြန်မာများ အတွက် အဆင်အပြေဆုံးသင်တန်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်းဖိုင်များ၊ Pre-recorded Lesson Video များကို Chapter အလိုက် တင်ဆက်ပေးထားပြီး သင်တန်းကာလ ကန့်သတ်မထားတာကြောင့် တခါအပ်နှံပြီးတာနဲ့ မိမိစိတ်ကြိုက်အကြိမ်ကြိမ် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာတိုင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကာလ ကန့်သတ်ချက် မရှိတာကြောင့် သင်တန်းအပ်နှံပြီးမှ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်တာဖြစ်စေ၊ ချက်ချင်းမလေ့လာနိုင်ပဲ သက်တမ်းကုန်သွားလို့ သင်တန်းကြေးဆုံးရှုံးတာမျိုးဖြစ်စေ မရှိနိုင်တော့ပါဘူး။ သင်ခန်းစာ လေ့လာရင်း မရှင်းလင်းတာများကိုလည်း Viber က တဆင့် မေးမြန်းနိုင်မှာ ဖြစ်တာမို့ သင်တန်းဆရာ နဲ့ သင်တန်းသားကြား  အပြန်အလှန် ဆက်သွယ်မှုလည်း ရှိနေမှာ ဖြစ်ပါတယ်။ ဒါကတော့ စပ်မိလို့ ပြောရင်း သင်တန်းကြော်ငြာဖြစ်သွားလား မသိဘူး.... 😊 😊 😊

ကဲ မူလအစီအစဉ်လေး စလိုက်ရအောင်။ ဒီနေ့ပြောပြတဲ့ အကြောင်းအရာ၊ နည်းလမ်းများကို Civil 3D နှင့် AutoCAD ၂ မျိုးစလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ Offset or Buffer ဆိုတဲ့ အကြောင်းလေး ဖြစ်ပါတယ်။ ပြထားတဲ့ပုံလေးကို တချက်ကြည့်လိုက်ရအောင်။


How To Use Offset or Buffer Condition

ကျွန်တော်တို့ အရာဝတ္ထုတခုကို သာမန်အတိုင်း Offset ပွားယူလိုက်ချိန်မှာ Line Polyline တို့လိုမျိုးမှာဆို မိမိပွားယူတဲ့ အကွာအဝေးအတိုင်း အတိအကျ ရရှိသော်လည်း၊ လေးထောင့်စတုရန်း သို့မဟုတ် လေးထောင့်စတုဂံ၊ ဗဟုဂံ အစရှိသည်တို့ကို Offset ပွားယူရာမှာတော့ ထောင့်နေရာတွေမှာ ကိုယ်လိုချင်တဲ့ အကွာအဝေးထက် ပိုနေတာ တွေ့ရပါမယ်။

အဲဒီတော့ တချို့ကိစ္စမျိုးမှာ ပွားယူလိုက်တဲ့ အကွာအဝေးအတိုင်းပဲ လိုချင်တယ်၊ ထောင့်တွေမှာလည်း ပိုမနေစေချင်ဘူးဆိုရင် ပွားယူလိုက်တဲ့အရာဝတ္ထုရဲ့ထောင့်တွေကို Fillet လုပ်ပြီး လုံးပေးဖို့ပဲ ရှိပါတော့တယ်။ ကြားခံနယ်ကို အတိအကျ သတ်မှတ်လိုက်တဲ့ သဘောမျိုးပေါ့။ ဒါဆိုရင် အဲလိုမျိုး Offset တခါလုပ်၊ နောက်တခါ Fillet ထပ်လုပ်ဆိုပြီး ဆင့် လုပ်မယ့်အစား တခါတည်းနဲ့ ပြီးနိုင်တဲ့နည်းလမ်း မရှိဘူးလား? ? ? ?

ရှိပါတယ်။ အခုလိုကိစ္စမျိုးမှာ OFFSETGAPTYPE System Variable ကို ပြောင်းလဲသတ်မှတ်ပြီး တခါတည်း ဆွဲသားနိုင်ပါတယ်။

အခု လက်တွေ့ဆွဲသားကြည့်ရအောင်။ ပုံမှာပြထားတဲ့ လေးထောင့်စတုဂံတခုကို ခြံဝင်းတခုလို့ ဆိုပါစို့။ ခြံကနေ လမ်းနံခမ်းတနေရာကို ဘယ်နေရာကနေ တိုင်းတိုင်း ၂ မီတာ ရှိချင်တယ်ဆိုပါက ဒီနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပိုမိုမြင်သာစေအောင်လို့ သာမန်အတိုင်း Offset Command ခေါ်ယူပြီး Offset လုပ်ချင်တဲ့ အကွာအဝေး ၂ မီတာ ရိုက်ထည့်ပွားယူကြည့်လိုက်ပါမယ်။ ဒါဆို ပုံမှာ ပြထားသလိုပဲ ခြံထောင့်နဲ့ လမ်းနခမ်းအကွာအဝေးဟာ 2.834 မီတာ ဖြစ်နေတာမို့ ကိုယ်လိုချင်တဲ့ရလဒ်မဟုတ်တာ တွေ့ရပါမယ်။

ဒါကြောင့် Offset ပွားယူတိုင်း ဘယ်နားကတိုင်းတိုင်း ကိုယ်ပွားယူတဲ့ အကွာအဝေးတိုင်းသာ ရချင်တယ်ဆိုရင် သို့မဟုတ် အနားတခါတည်း လုံးချင်တာ/စောင်းသိမ်းချင်တာမျိုး ဆိုရင် OFFSETGAPTYPE System Variable ကို ပြောင်းလဲသတ်မှတ်ပေးဖို့ လိုအပ်လာပါတယ်။

အဲလိုပြောင်းလဲဖို့ Command Line မှာ OFFSETGAPTYPE လို့ ရိုက်ထည့်ပြီး Space Bar သို့မဟုတ် Enter နှိပ်လိုက်ပါ။ အခု ကျွန်တော်တို့က အကွာအဝေး တပြေးညီ ဖြစ်စေလိုတာကြောင့် 1 လို့ ရိုက်ထည့်ပြီး Space Bar သို့မဟုတ် Enter နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်းပဲ Offset Command ခေါ်ယူပြီး Offset လုပ်ချင်တဲ့ အကွာအဝေး ၂ မီတာ ရိုက်ထည့်ပွားယူကြည့်လိုက်ပါ။ ထောင့်တွေမှာ အချင်းဝက် ၂ မီတာနဲ့ အနားလုံးပေးထားတာ ဖြစ်လို့ ဘယ်နားကတိုင်းတိုင်း ၂ မီတာ အကွာအဝေး အတိအကျ ရရှိမှာ ဖြစ်ပါတယ်။

တကယ်လို့များ OFFSETGAPTYPE System Variable ကို 2 လို့ ရိုက်ထည့်ခဲ့ပြီးမှ Offset ပွားယူကြည့်ရင်တော့ ထောင့်မှန်ကျ အနေအထားမှာ ၂ မီတာ ကွာဝေးတဲ့ အတိုင်း Chamfer လုပ် စောင်းချိုးပေးတာ တွေ့ရပါမယ်။ အခုလို ပြောင်းလဲထားတဲ့ OFFSETGAPTYPE System Variable တန်ဖိုးကို ပုံမှာအမြဲသိမ်းဆည်းထားနိုင်တာမို့ ပုံကိုပိတ်ပြီး ပြန်ဖွင့်လိုက်သော်လည်း မိမိပြောင်းလဲသတ်မှတ်ထားတဲ့ အတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်အတိုင်း ပြန်လည်အသုံးပြုလို့ပါက OFFSETGAPTYPE System Variable တန်ဖိုးကို 0 ပြန်ထား၍ အသုံးပြုနိုင်ပါတယ်။


အခုဆို ကျွန်တော်တို့ လိုအပ်တဲ့ အခြေအနေအလိုက် OFFSETGAPTYPE System Variable တန်ဖိုး ပြောင်းလဲ အသုံးပြုနိုင်သွားပြီ ဖြစ်ပါတယ်။

How To Use Add Selected Menu

နောက်ထပ် ပြောပြချင်တဲ့ အကြောင်းအရာကတော့ အရာဝတ္ထုတခုကို ရွေးချယ်ပြီး Right Click ထောက်လိုက်ရာမှာ ပေါ်လာတဲ့ Add Selected Command အသုံးပြုပုံ ဖြစ်ပါတယ်။ ဒီ Command ကို ရှိပြီးသား အရာဝတ္ထုနဲ့ အမျိုးအစားတူ၊ အရောင်တူ၊ layer တူ နောက်ထပ် ပုံစံကွဲ အရာဝတ္ထုတခု ဆွဲသားလိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ ဒီလိုမျိုး ရရှိလိုတဲ့အခါမှာ ဒီအတိုင်း ကြုံသလိုဆွဲသားပြီးမှ match properties လုပ်ယူတာမျိုး လုပ်လေ့ရှိပါတယ်။ သို့သော်လည်း ဒီ Add Selected Command အသုံးပြုမယ်ဆိုရင်တော့ လိုင်းဆွဲမယ်ဆိုရင်လည်း L > Enter စသဖြင့် ခေါ်ယူစရာမလိုတာကြောင့် ပိုမိုလျှင်မြန်တာကို တွေ့ရပါမယ်။

ပုံမှန်ဆွဲသားမယ်ဆိုရင် ရှိပြီးသားလိုင်းနဲ့ အမျိုးအစားတူ၊ အရောင်တူ၊ layer တူရနိုင်ဖို့ဆိုရင် ဆွဲသားလိုတဲ့အတိုင်း Line Type, Color, Layer အစရှိသည်တို့ သတ်မှတ်ပြီးမှ ဆွဲလိုတဲ့ Layer ကို Current Layer ထားဆွဲရမှာ ဖြစ်တဲ့အတွက် အဆင့်ပိုပြီး နှောင့်နှေးရပါတယ်။ အခု လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်တဲ့ Add Selected menu အသုံးပြုပုံကို လေ့လာကြည့်ရအောင်။

နမူနာပြထားတဲ့ပုံမှာ စတုဂံတခု၊ စက်ဝိုင်းတခု ၊ မျဉ်းကွေးတခု ပါဝင်တာ တွေ့ရပါမယ်။ အဲဒီအရာ အသီးသီးကို မတူညီတဲ့ Layer များမှာ တူညီတဲ့ Line Type နှင့် အရောင် အသုံးပြု ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခု ပြထားတဲ့ စတုဂံနဲ့ ပုံစံတူ ရေးဆွဲမယ်ဆိုရင် ပထမဆုံး အဲဒီမူရင်းစတုဂံရဲ့ Layer ကို Current Layer ထားပေးရပါမယ်။ ပြီးရင် REC > Enter နဲ့ စတုဂံ ဆွဲသားပါမယ်။ Line Type နှင့် အရောင် တူညီစေဖို့ MA > Enter နဲ့ match properties လုပ်ပေးရပါမယ်။ သို့မဟုတ် REC > Enter နဲ့ စတုဂံ ဆွဲသားပြီး Line Type နှင့် အရောင် တူညီစေဖို့ MA > Enter နဲ့ match properties လုပ်ပေးရပါမယ်။ ဒါကြောင့် အနည်းဆုံး အဆင့် 2 ဆင့် ပါဝင်တာတွေ့ရပါမယ်။

ဒါကြောင့် ဒီလိုနေရာမျိုးမှာ ပိုမြန်အောင် ဆွဲသားဖို့အတွက် မူလစတုဂံကို ကလစ်လုပ် ရွေးချယ်ပြီး Right Click ထောက်လိုက်လျှင် ပေါ်လာတဲ့ menu မှာ Add Selected ဆိုတာကို ရှာပြီး ရွေးချယ်လိုက်ပါ။ ဒါဆို စတုဂံဆွဲသားဖို့ Polyline Command အသုံးပြုနိုင်ပါပြီ။ OSnap နှင့် Ortho အသုံးပြုပြီး အဆင့်ဆင့် ကလစ်ချ ဆွဲသွားရုံနဲ့ အမျိုးအစားတူ၊ အရောင်တူ၊ layer တူ ပုံစံတူစတုဂံတခု ရရှိလာတာ တွေ့ရပါမယ်။

အခုဆက်ပြီးတော့ နမူနာပြထားတဲ့စက်ဝိုင်းနဲ့ အမျိုးအစားတူ၊ အရောင်တူ၊ layer တူ ပုံစံတူစက်ဝိုင်းတခု ဆက်ဆွဲကြည့်အောင်။ ပုံမှန်အတိုင်း ဆွဲသားမယ်ဆိုရင် C > Enter ဆိုပြီး စက်ဝိုင်းဆွဲကာ MA > Enter နဲ့ match properties လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုမြန်စေဖို့အတွက် မူလရှိပြီးသားစက်ဝိုင်းကို ကလစ်လုပ်ရွေးချယ်ပြီး Right Click ထောက်ကာ ပေါ်လာတဲ့ menu မှာ Add Selected ကို ရှာပြီး ရွေးချယ်လိုက်ပါမယ်။ အခုဆို Circle Command ဝင်သွားပြီ ဖြစ်တဲ့အတွက် ပုံမှန်စက်ဝိုင်းဆွဲသားနည်းအတိုင်း ဆွဲသားလိုက်ရုံနဲ့ မူလစက်ဝိုင်းနဲ့ အမျိုးအစားတူ၊ အရောင်တူ၊ layer တူ ပုံစံတူစက်ဝိုင်းတခု ရရှိလာတာ တွေ့ရပါမယ်။

နောက်တခု ဆက်စမ်းကြည့်ရအောင်။ နမူနာပြထားတဲ့ စက်ဝိုင်းပြတ်နဲ့ အမျိုးအစားတူ၊ အရောင်တူ၊ layer တူ ပုံစံတူ စက်ဝိုင်းပြတ်တခု ဆွဲကြည့်ပါမယ်။ ပုံမှန်အတိုင်း ဆွဲသားမယ်ဆိုရင် A > Enter ဆိုပြီး စက်ဝိုင်းပြတ်ဆွဲသားကာ MA > Enter နဲ့ match properties လုပ်ပေးရမှာ ဖြစ်ပါတယ်။ အခု ပိုမြန်စေဖို့အတွက် မူလရှိပြီးသားစက်ဝိုင်းပြတ်ကို ကလစ်လုပ်ရွေးချယ်ပြီး Right Click ထောက်ကာ ပေါ်လာတဲ့ menu မှာ Add Selected ကို ရှာပြီး ရွေးချယ်လိုက်ပါမယ်။ အခုဆို Arc Command ဝင်သွားပြီ ဖြစ်တဲ့အတွက် ပုံမှန်စက်ဝိုင်းပြတ်ဆွဲသားနည်းအတိုင်း ဆွဲသားလိုက်ရုံနဲ့ မူလစက်ဝိုင်းပြတ်နဲ့ အမျိုးအစားတူ၊ အရောင်တူ၊ layer တူ ပုံစံတူစက်ဝိုင်းပြတ်တခု ရရှိလာတာ တွေ့ရပါမယ်။

အခုဆို ကျွန်တော်တို့ Right Click menu ရှိ Add Selected Command ကို အကျိုးရှိရှိ အသုံးပြုနိုင်သွားပါပြီ။ တခုရှိတာကတော့ AutoCAD Objects များမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး Civil 3D Objects များဖြစ်တဲ့ Alignment, Profiles အစရှိတဲ့ အရာများမှာတော့ ဒီ Command အသုံးမပြုနိုင်ပါဘူးခင်ဗျာ။

အခုရေးသားခဲ့သော အကြောင်းအရာများကို youtube တွင် ကြည့်ရှုလိုပါက ကြည့်ရှုနိုင်အောင်ထည့်သွင်းပေးထားပါမယ်ခင်ဗျာ။


#AutoCAD #Civil3D #RoadDesign #Training #OnlineClass #OnlineCourse #Corridor #Surface #Grading #FeatureLines #Contour #Topographic #Map #AutomaticLinework #PointGroup #DescriptionKey #SurveyFigure #Lineworkcodeset #SurveyDatabase #Profile #ProfileView #BandSet #PlanProduction #SheetSet #DataBand #BandStyle #LabelStyle #Alignment #OffsetAlignment #CurveWidening #SampleLine #SectionView #CodesetStyle #Myanmar #Intersection #Roundabout #ParcelLayout #EarthworkVolume #ACTCMYANMAR #tiktokmyanmar #trending #trendinginmyanmar #roaddesigncivil3d #roaddesigntraining #ciivl3donlineclass #civil3donlinetraining #civil3dmyanmar

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. Professional Road Designer, Modeler, Freelance Drafter အဖြစ် ရပ်တည်လိုတဲ့သူများအတွက် ရည်ရွယ်သင်ကြားထားတဲ့ Zero to Hero ဖြစ်သွားစေမယ့် Mastering Civil 3D Road Design သင်ရိုးအကြောင်းကို https://www.actcmyanmar.com/.../civil-3d-training... မှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ Mastering တန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၂၀၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ပိုလာတဲ့ သင်တန်းကြေးနဲ့ မက ထိုက်တန်တဲ့ အကြောင်းအရာများကို သိရှိရပါလိမ့်မယ်။

    ReplyDelete
  3. Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းသင်ရိုး အကြောင်းကို https://www.actcmyanmar.com/.../civil-3d-training-road... မှာ ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ Essential တန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။

    ReplyDelete

Post a Comment

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)