Civil 3D Tutorial : Data Extraction အသုံးပြုပြီး Object Coordinate ထုတ်ယူခြင်း

Civil 3D လေ့လာနေသူအားလုံးကို ACTC-MYANMR မှ ကြိုဆိုလျှက်ပါခင်ဗျာ။ 

အားလုံး မင်္ဂလာပါခင်ဗျာ။

ဘာမှ မရေးဖြစ်တာလည်း တော်တော်ကြာသွားပြီဖြစ်တဲ့အတွက် အခုရက်ပိုင်း ကြုံတွေ့ဖြေရှင်းလိုက်ရတဲ့ အခက်အခဲလေးတခုကို ကိုးကားပြီး ကျွန်တော့်လို ကြုံလာခဲ့ရင် အလွယ်ဖြေရှင်းနိုင်အောင် တင်ပြပေးပါရစေ။

နောက်ခံအကြောင်းရင်း

        ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကျွန်တော်နဲ့ တွဲ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတယောက်က ပုံဆွဲနေရင်း လိုအပ်တဲ့ ဒေတာလေးတွေရှိလို့ သူ့ဆီက surveyor ကို ထပ်ကောက်ခိုင်းပြီး ရလာတဲ့ ဒေတာကို ကျွန်တော့်ဆီ ပို့လိုက်ပါတယ်။ သူပို့တဲ့ပုံကို ကျွန်တော် ကြည့်လိုက်တော့ AutoCAD ပုံဖြစ်သော်လည်း အထဲက ဒေတာတွေက Text နှင့် Block Objects တွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ Project မှာ မီတာနဲ့ အသုံးပြုတာဖြစ်သော်လည်း ပို့လာတဲ့ပုံက Imperial ယူနစ်နဲ့ ဖြစ်နေပါတယ်။ ကျွန်တော်လည်း အရေးကြီးနေတာလည်းဖြစ်၊ အချိန်ကလည်း မရတော့ အဲဒီအချိန်က CSV ဖိုင်တောင်းပြီး အလွယ်ဖြေရှင်းလိုက်ပါတယ်။

        ဒါပေမယ့်....... CSV ဖိုင် အလွယ်ထပ်တောင်းလို့ မရတဲ့ အချိန်မျိုးဆို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့? အတွေးဝင်လာတော့ အားတဲ့အချိန် internet မှာ ထပ်ရှာကြည့်လိုက်တာ Data Extraction အသုံးပြုပြီး Excel ဖိုင်အဖြစ် ပြောင်းယူနိုင်တာတွေ့ပါတယ်။ ဒါကြောင့်မလို့ အဲဒီနည်းလမ်းလေးကို မိမိဘာသာ အရင်စမ်းကြည့်လိုက်တာ အဆင်ပြေတာတွေ့တဲ့အတွက် အခက်အခဲရှိလာရင် ဖြေရှင်းနိုင်အောင်လို့ ဒီမှာ တင်ဆက်ပေးလိုက်ပါတယ်။

ဖြေရှင်းပုံ ဖြေရှင်းနည်း

        လုပ်ဆောင်ပုံ အဆင့်ဆင့်ကို အောက်မှာ အပိုင်း ၂ ပိုင်းခွဲပြီး youtube video နဲ့ တင်ဆက်ပေးထားတာမို့ လေ့လာနိုင်ပါတယ်ခင်ဗျာ။ ပထမတပိုင်းမှာတော့ Civil 3D ကနေ ကိုယ်လိုချင်တဲ့ အချက်အလက်များကို Data Extraction အသုံးပြု ထုတ်ယူပြီး excel ဖိုင် အနေနဲ့ သိမ်းဆည်းတာ ပြပေးထားပါတယ်။

        ဒုတိယတပိုင်းမှာတော့ ထုတ်ယူထားတဲ့ Excel ဖိုင် အချက်အလက်များထဲက မလိုအပ်တဲ့ အချက်တွေ၊ ထပ်နေတဲ့ ဒေတာတွေကို စစ်ဆေးကြည့်ရှုပြီး မိမိအသုံးလိုတဲ့ ဒေတာများသာ ရရှိဖို့  ပြင်ဆင်တည်းဖြတ်ခြင်းကို အဓိက လေ့လာရမှာ ဖြစ်ပါတယ်။ ဒုတိယတပိုင်းကို အောက်မှာ ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ။


Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းသင်ရိုး အကြောင်းအရာများကို https://www.actcmyanmar.com/.../civil-3d-training-road... မှာ ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Professional Road Designer, Modeler, Freelance Drafter အဖြစ် ရပ်တည်လိုတဲ့သူများအတွက် ရည်ရွယ်သင်ကြားထားတဲ့ Zero to Hero ဖြစ်သွားစေမယ့် Mastering Civil 3D Road Design သင်ရိုးအကြောင်းကို https://www.actcmyanmar.com/.../civil-3d-training... မှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၂၀၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ပိုလာတဲ့ သင်တန်းကြေးနဲ့ မက ထိုက်တန်တဲ့ အကြောင်းအရာများကို သိရှိရပါလိမ့်မယ်။

Grading အသုံးပြုပြီး မြစ်ကြောင်းထိန်းသိမ်းရေးအတွက် ရေတားတမံ Groyne တခု အဆင့်ဆင့် ပြုလုပ်ဖန်တီးပုံကိုပါ Essential Road Design Course နှင့် Mastering Road Design Course ၂ တန်းစလုံးမှာ ထပ်တိုးသင်ရိုး အနေနဲ့ ထပ်မံထည့်သွင်းပေးထားပါတယ်ခင်ဗျာ။



Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)