Civil3D Tutorial : From Google Earth To Civil 3D
အားလုံး မင်္ဂလာပါခင်ဗျာ။ ACTCMYANMAR မှ ကြိုဆိုလျှက်ပါ။
ကျွန်တော်တို့ ACTCMYANMAR ကနေပြီးတော့ Civil 3D နှင့် သက်ဆိုင်တဲ့ အကြောင်းအရာများကို အပတ်စဉ် ကြိုးစားတင်ဆက်လျက်ရှိပါတယ်။ ဝင်ရောက်အားပေးကြည့်ရှုသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်ခင်ဗျာ။
ဒီတပတ်ပြောချင်တာ ဘာအကြောင်းဖြစ်မလဲ?
ဒီတပတ်မှာတော့ Google Earth Kmz ဖိုင်ကနေ Coordinate တန်ဖိုးများ ထုတ်ယူပြီး Civil 3D အတွင်း ထည့်သွင်းအသုံးပြုကာ ကွင်းမြေပုံတခု ဆွဲသားခြင်းအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ဘာကြောင့် ဒီအကြောင်း ပြောဖြစ်တာလဲ?
လွန်ခဲ့တဲ့ ၅ လ ပိုင်းတုန်းက ပြင်ဦးလွင်မှာ နေထိုင်တဲ့ အသိတယောက်က ဖုန်းခေါ်လာပါတယ်။ သူ့မှာ မြေကွက်လွတ်တခု ရှိပြီး တိုင်းထားတဲ့ ဒေတာတချို့လည်း ရှိကြောင်း၊ ဒေတာပို့ပေးပြီး အဲဒါကို AutoCAD နဲ့ ဆွဲပေးလို့ ရရင် ဆွဲပေးစေလိုကြောင်း ပြောလာပါတယ်။
ဘာနဲ့ တိုင်းထားတာလဲ မေးကြည့်တော့ ဖုန်းလိုမျိုးနဲ့ တိုင်းထားတာ ဖြစ်ကြောင်း ပြောပြပါတယ်။ ဒါဆို Handheld GPS or Smart Phone + Apps တခုခုနဲ့ တိုင်းထားတာ ဖြစ်နိုင်ကြောင်း၊ RTK or Total Station နဲ့ တိုင်းထားတာမဟုတ်ရင် အသေးစိတ် အတိအကျတော့ မရနိုင်ကြောင်း ရှင်းပြလိုက်ပါတယ်။
သို့သော်လည်း AutoCAD ပုံလိုအပ်နေတာကြောင့် ဆွဲလိုပါက ကြိုးစားကြည့်ပေးမယ်၊ ရှိတဲ့ဒေတာအရင်ပို့ပေးပါ၊ စစ်ကြည့်ပြီး အဆင်ပြေရင် ဆွဲပေးပါမယ်လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ Viber မှာ ပို့လာတဲ့ ဒေတာကို ကြည့်လိုက်တော့ Kmz ဖိုင် ဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့် ဖုန်း နဲ့ ကွန်ပြူတာကို Bluetooth ချိတ်ပြီး ဒေတာလွှဲယူလိုက်ပြီး ပုံထုတ်ဖို့ ကြိုးစားရပါတော့တယ်။
နောက်ဆုံးတော့ အဆင်ပြေသွားတာမို့ အချောပုံထုတ်ပြီး Viber ကနေပဲ ပုံပြန်ပို့ပေးလိုက်ပါတယ်။ ကျွန်တော့်လိုမျိုး ကြုံတွေ့လာခဲ့ရရင် ဖြေရှင်းနိုင်အောင် ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်း Video လေး လုပ်ပြီး တင်ဆက်ပေးထားတာမို့ အောက်မှာ ဆက်လက်ကြည့်ရှုပေးပါအုံးခင်ဗျာ။
ကျွန်တော်တို့ ACTCMYANMAR မှ Civil 3D နှင့် သက်ဆိုင်တဲ့ online သင်တန်းများလည်း ပို့ချပေးလျက်ရှိပါတယ်ခင်ဗျာ။
Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းသင်ရိုး အကြောင်းအရာများကို https://www.actcmyanmar.com/2022/11/civil-3d-training-road-design-essential.html မှာ ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။
Professional Road Designer, Modeler, Freelance Drafter အဖြစ် ရပ်တည်လိုတဲ့သူများအတွက် ရည်ရွယ်သင်ကြားထားတဲ့ Zero to Hero ဖြစ်သွားစေမယ့် Mastering Civil 3D Road Design သင်ရိုးအကြောင်းကို https://www.actcmyanmar.com/2022/11/civil-3d-training-mastering-for-road.html မှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၂၀၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။
ပိုလာတဲ့ သင်တန်းကြေးနဲ့ မက ထိုက်တန်တဲ့ အကြောင်းအရာများကို သိရှိရပါလိမ့်မယ်။ Live Screen Sharing အတန်းများကတော့ စျေးနည်းနည်းပိုပါမယ်ခင်ဗျာ။ လတ်တလော လျှပ်စစ်မီးအခက်အခဲကြောင့် Live Screen Sharing အတန်းများ ရပ်နားထားပါတယ်။
Grading အသုံးပြုပြီး မြစ်ကြောင်းထိန်းသိမ်းရေးအတွက် ရေတားတမံ Groyne တခု အဆင့်ဆင့် ပြုလုပ်ဖန်တီးပုံကိုပါ Essential Road Design Course နှင့် Mastering Road Design Course ၂ တန်းစလုံးမှာ ထပ်တိုးသင်ရိုး အနေနဲ့ ထပ်မံထည့်သွင်းပေးထားပါတယ်ခင်ဗျာ။
မိမိတို့အတွက် သို့မဟုတ် မိမိသူငယ်ချင်းများအတွက် ဒီသင်ခန်းစာလေးက အကျိုးရှိတယ်ဆိုရင် အခုပို့စ်လေးကို ပြန်လည်ဝေမျှပေးစေလိုပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။
#AutoCAD #Civil3D #RoadDesign #Training #OnlineClass #OnlineCourse #Corridor #Surface #Grading #FeatureLines #Contour #Topographic #Map #AutomaticLinework #PointGroup #DescriptionKey #SurveyFigure #Lineworkcodeset #SurveyDatabase #Profile #ProfileView #BandSet #PlanProduction #SheetSet #DataBand #BandStyle #LabelStyle #Alignment #OffsetAlignment #CurveWidening #SampleLine #SectionView #CodesetStyle #Myanmar #Intersection #Roundabout #ParcelLayout #EarthworkVolume #ACTCMYANMAR
Comments
Post a Comment