Civil3D Tutorial : Using GIS Data To Create Civil3D Objects

အားလုံး မင်္ဂလာပါခင်ဗျာ။ ACTCMYANMAR ကနေ ကြိုဆိုလျှက်ပါ။

ကျွန်တော်တို့ ACTCMYANMAR မှ Civil3D နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို အပတ်စဉ် ကြိုးစားတင်ဆက်လျှက်ရှိပါတယ်ခင်ဗျာ။  

What we talk in this week?

        ဒီတကြိမ် ပြောပြလိုတာကတော့ GIS Data များကို Civil3D မှာထည့်သွင်း အသုံးပြုနည်း အကြောင်းပဲ ဖြစ်ပါတယ်။

Why we talk this topic?

        ကျွန်တော်တို့ Civil Engineering နယ်ပယ်မှာ မည်သည့်တည်ဆောက်ရေးစီမံကိန်းမျိုးမဆို လုပ်ငန်းအကောင်အထည်မဖော်မီ ကနဦးလျာထားဒီဇိုင်းရေးဆွဲပြီး ဖြစ်တန်စွမ်းလေ့လာခြင်းကနေ စတင်ရတာ အားလုံး သိရှိပြီး ဖြစ်ပါတယ်။ အဲဒီကနေမှ အဆင့်ဆင့် လေ့လာသုံးသပ်တည်းဖြတ်ပြီး နောက်ဆုံးအကောင်အထည်ဖော် တည်ဆောက်ရမယ့် အသေးစိတ် ဒီဇိုင်း ရရှိလာတာကိုလည်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်ခင်ဗျာ။ 

        ဒီနေ့လို တိုးတက်နေတဲ့ ခေတ်အခါမှာတော့ ဂြိုလ်တုပုံရိပ်များ၊ STRM ဒေတာများကို အသုံးပြုပြီး ကနဦးလျာထားဒီဇိုင်း ရေးဆွဲလာကြပါတယ်။ အခုလို ဂြိုလ်တုဒေတာများကို အသုံးပြု၍ GIS shape ဖိုင်များ ဖန်တီးရရှိလာခဲ့လျှင် အဲဒီဒေတာများကို Civil3D မှာ ထည့်သွင်းအသုံးပြု၍ ကနဦးလျာထားဒီဇိုင်း ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် မိမိစီမံကိန်းပတ်ဝန်းကျင်ဒေသအတွက် GIS ဒေတာများ ရလာခဲ့လျှင် အလွယ်တကူ အသုံးပြုနိုင်ရန် ဒီ video လေးကို ပြုလုပ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ 

        အသုံးပြုနည်း အသေးစိတ်ကို အောက်က Video မှာ ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ။


        ကျွန်တော်တို့ ACTCMYANMAR မှ Civil 3D နှင့် သက်ဆိုင်တဲ့ online သင်တန်းများလည်း ပို့ချပေးလျက်ရှိပါတယ်ခင်ဗျာ။

        Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းသင်ရိုး အကြောင်းအရာများကို Essential-civil-3d-training-road မှာ ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။

        Professional Road Designer, Modeler, Freelance Drafter အဖြစ် ရပ်တည်လိုတဲ့သူများအတွက် ရည်ရွယ်သင်ကြားထားတဲ့ Zero to Hero ဖြစ်သွားစေမယ့် Mastering Civil 3D Road Design သင်ရိုးအကြောင်းကို Mastering-civil-3d-training မှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၂၀၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ပိုလာတဲ့ သင်တန်းကြေးနဲ့ မက ထိုက်တန်တဲ့ အကြောင်းအရာများကို သိရှိရပါလိမ့်မယ်။ Live Screen Sharing အတန်းများကတော့ စျေးနည်းနည်းပိုပါမယ်ခင်ဗျာ။ လတ်တလော လျှပ်စစ်မီးအခက်အခဲကြောင့် Live Screen Sharing အတန်းများ ရပ်နားထားပါတယ်။

        Grading အသုံးပြုပြီး မြစ်ကြောင်းထိန်းသိမ်းရေးအတွက် ရေတားတမံ Groyne တခု အဆင့်ဆင့် ပြုလုပ်ဖန်တီးပုံကိုပါ Essential Road Design Course နှင့် Mastering Road Design Course ၂ တန်းစလုံးမှာ ထပ်တိုးသင်ရိုး အနေနဲ့ ထပ်မံထည့်သွင်းပေးထားပါတယ်ခင်ဗျာ။

        မိမိတို့အတွက် သို့မဟုတ် မိမိသူငယ်ချင်းများအတွက် ဒီသင်ခန်းစာလေးက အကျိုးရှိတယ်ဆိုရင် အခုပို့စ်လေးကို ပြန်လည်ဝေမျှပေးစေလိုပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။ 

#AutoCAD #Civil3D #RoadDesign #Training #OnlineClass #OnlineCourse #Corridor #Surface #Grading #FeatureLines #Contour #Topographic #Map #AutomaticLinework #PointGroup #DescriptionKey #SurveyFigure #Lineworkcodeset #SurveyDatabase #Profile #ProfileView #BandSet #PlanProduction #SheetSet #DataBand #BandStyle #LabelStyle #Alignment #OffsetAlignment #CurveWidening #SampleLine #SectionView #CodesetStyle #Myanmar #Intersection #Roundabout #ParcelLayout #EarthworkVolume #ACTCMYANMAR 


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)