Posts

Showing posts from July, 2023

Civil 3D Tutorial : MSLIDE and VSLIDE

Image
ACTC-MYANMAR ကနေပြီးတော့ knowledge share အနေနဲ့  မိမိဆွဲထားတဲ့ပုံများကို အခြားသူနဲ့ မျှဝေလိုတဲ့အခါ အသုံးပြုနိုင်မယ့် Old School နည်းလမ်းလေးတခု အကြောင်း ပြောပြချင်ပါတယ်။ အခုနည်းလမ်း အသုံးပြုမယ်ဆိုရင်တော့ အခြားဆော့ဝဲလ်များမလိုအပ်ပဲ AutoCAD အခြေခံဆော့ဝဲလ်များရှိရုံနဲ့ ၎င်းဖိုင်များကို ဖွင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် Text Editor အသုံးပြုပြီး script ဖိုင်တခု ရေးသားကာ animation ဆန်ဆန် ပြုလုပ်ကြည့်နိုင်ပါသေးတယ်။ အဲဒီအတွက် ဘာတွေ အသုံးပြုရမလဲဆိုတော့ MSLIDE နှင့် VSLIDE ဆိုတဲ့ command ၂ ခု အသုံးပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ MSLIDE ဆိုတာကတော့ Make Slide ဖြစ်ပြီး လက်ရှိမြင်ကွင်းကို slide ဖိုင်တခုအနေနဲ့ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ VSLIDE ဆိုတာကတော့ View Slide ဖြစ်ပြီး ဖန်တီးထားတဲ့ slide ဖိုင်ကို ဖွင့်ကြည့်ဖို့ ဖြစ်ပါတယ်။ မိမိမျှဝေလိုတဲ့ မြင်ကွင်းကို အလျင်အမြန် မျှဝေနိုင်သလို၊ မိမိ ပြသချင်တဲ့ အနေအထားမျိုးစုံကိုလည်း slide အသီးသီး ပြုလုပ်ပြီး အဆင့်လိုက် ပြသနိုင်ပါသေးတယ်။ အသေးစိတ်ကိုတော့ အောက်က video လေးမှာ ကြည့်ရှုပေးပါခင်ဗျာ။

Civil 3D Tutorial : Close Xref Windows by Right Click

Image
ACTC-MYANMAR ကနေ အခုပြောပြတဲ့ နည်းလမ်းလေးကို CIVIL 3D နှင့် AUTOCAD ၂ မျိုးလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ တခါတရံ Civil 3D or AutoCAD မှာ ကိုယ်ဖွင့်ထားတဲ့ Application Window များရဲ့ Title Bar က ကြက်ခြေခတ်ပုံသင်္ကေတကို ( အောက်ကနမူနာပုံလို) အလွယ်တကူ ရှာမတွေ့လို့ ဖြစ်စေ၊ ဒီအတိုင်း အလွယ်ပိတ်ချင်လို့ ဖြစ်စေ အသုံးပြုနိုင်မယ့် နည်းလမ်းလေး တခု မျှဝေပေးချင်ပါတယ်။ အခုနည်းလမ်းကို နမူနာအဖြစ် External Reference Window ပုံနဲ့ ပြထားသော်လည်း Properties Window, Design Center Window အစရှိသည့် အခြားသော Window များမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Right Click Menu မှာ ပါဝင်တဲ့ Close Option ကို အသုံးပြု ပိတ်ခြင်းပဲ ဖြစ်ပါတယ်။ မိမိ Right Click ထောက်တဲ့နေရာပေါ် မူတည်ပြီး ပေါ်လာတဲ့ Menu များကတော့ ကွာခြားချက်ရှိပါတယ်။ နမူနာအဖြစ် အောက်ကပုံတွေကို လေ့လာကြည့်ရအောင်။ File Reference Window အတွင်းရှိ Drawing Aera မှာ Right Click ထောက်လိုက်မယ်ဆိုရင် အောက်ကပုံလို External Reference အဖြစ် ထည့်သွင်းနိုင်တဲ့ ဖိုင်အမျိုးအစားများနှင့်

Civil 3D : Easily Image Selecting and Placing Blocks with Divide or Measure

Image
  အားလုံး မင်္ဂလာပါခင်ဗျာ။ ACTC-MYANMAR မှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ACTC-MYANMAR ကနေပြီးတော့ အပတ်စဉ် စနေနေ့ညတိုင်းမှာ CIVIL 3D နှင့် သက်ဆိုင်တဲ့ အကြောင်းအရာများကို ကြိုးစားတင်ဆက်လျှက်ရှိတာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးခင်ဗျာ။ ဒီနေ့ခေတ်ရဲ့ CIVIL ENGINEERING WORK ဖြစ်တဲ့ ရထားလမ်း၊ကားလမ်း တည်ဆောက်ရေးလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်တော့မယ် ဆိုရင် CIVIL 3D ကျွမ်းကျင်မှု လိုအပ်ချက် တနေ့တခြား မြင့်မားလာတာ မြင်တွေ့ကြားသိနေရမှာပါ။ ဒါကြောင့် မိမိစွမ်းဆောင်ရည်ကို မိမိကိုယ်တိုင်မြှင့်တင်နိုင်မယ့် ကိုယ်အားလပ်ချိန်မှာ အလွယ်တကူ သင်ယူနိုင်မယ့် Google Classroom အသုံးပြု Civil 3D သင်တန်းများ စီစဉ်ပေးထားပါတယ်ခင်ဗျာ။                Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းသင်ရိုး အကြောင်းကို Road Design Essential Course မှာ ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ Essential တန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ

AutoCAD Civil3D Training Center