Civil 3D Tutorial : Close Xref Windows by Right Click

ACTC-MYANMAR ကနေ အခုပြောပြတဲ့ နည်းလမ်းလေးကို CIVIL 3D နှင့် AUTOCAD ၂ မျိုးလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

တခါတရံ Civil 3D or AutoCAD မှာ ကိုယ်ဖွင့်ထားတဲ့ Application Window များရဲ့ Title Bar က ကြက်ခြေခတ်ပုံသင်္ကေတကို (အောက်ကနမူနာပုံလို) အလွယ်တကူ ရှာမတွေ့လို့ ဖြစ်စေ၊ ဒီအတိုင်း အလွယ်ပိတ်ချင်လို့ ဖြစ်စေ အသုံးပြုနိုင်မယ့် နည်းလမ်းလေး တခု မျှဝေပေးချင်ပါတယ်။

အခုနည်းလမ်းကို နမူနာအဖြစ် External Reference Window ပုံနဲ့ ပြထားသော်လည်း Properties Window, Design Center Window အစရှိသည့် အခြားသော Window များမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒါကတော့ Right Click Menu မှာ ပါဝင်တဲ့ Close Option ကို အသုံးပြု ပိတ်ခြင်းပဲ ဖြစ်ပါတယ်။ မိမိ Right Click ထောက်တဲ့နေရာပေါ် မူတည်ပြီး ပေါ်လာတဲ့ Menu များကတော့ ကွာခြားချက်ရှိပါတယ်။ နမူနာအဖြစ် အောက်ကပုံတွေကို လေ့လာကြည့်ရအောင်။

File Reference Window အတွင်းရှိ Drawing Aera မှာ Right Click ထောက်လိုက်မယ်ဆိုရင် အောက်ကပုံလို External Reference အဖြစ် ထည့်သွင်းနိုင်တဲ့ ဖိုင်အမျိုးအစားများနှင့် အောက်ဆုံးမှာ Close Option ကို မြင်တွေ့ရပါမယ်။

            တကယ်လို့သာ အောက်က Details Aera မှာ Right Click ထောက်လိုက်မယ်ဆိုရင်တော့ အောက်ကပုံလို မြင်တွေ့ရပါမယ်။

               အဲလိုမဟုတ်ပဲ External References လို့ ရေးထားတဲ့ Title Bar ပေါ်မှာ Right Click ထောက်လိုက်မယ်ဆိုရင်တော့ အခြားသော Window ဆိုင်ရာ options များနဲ့ အတူ Close Option ကို အောက်ကပုံလို မြင်တွေ့ရပါမယ်။

            အခုထိ မြင်တွေ့ခဲ့ရတဲ့ နမူနာပုံများအားလုံးမှာ Close Option ပါဝင်သော်လည်း တကယ်လို့ External Reference အဖြစ် ထည့်ထားတဲ့ ဖိုင်အပေါ်မှာ Right Click ထောက်မိလိုက်မယ်ဆိုရင်တော့ အောက်ကပုံလို File menu များသာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲလိုဆိုရင်တော့ အခြားနေရာမှာ Right Click ပြောင်းထောက်ပြီးမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

            နမူနာ Video ဖိုင်လေးကိုလည်း အောက်မှာ ထည့်ပေးထားပါတယ်ခင်ဗျာ။


တကယ်လို့ Civil 3D သင်တန်းတက်ချင်တယ်ဆိုရင် https://www.actcmyanmar.com/search/label/Training မှာ တက်ရောက်နိုင်မယ့် သင်တန်းများအကြောင်း လေ့လာနိုင်ပါတယ်။ Civil 3D ဆိုတာ အစိမ်းသက်သက်ဖြစ်နေသူများ အတွက်တော့ အောက်က Video လေးကို ကြည့်ပေးပါခင်ဗျာ။





Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)