Civil 3D Tutorial : MSLIDE and VSLIDE

ACTC-MYANMAR ကနေပြီးတော့ knowledge share အနေနဲ့ မိမိဆွဲထားတဲ့ပုံများကို အခြားသူနဲ့ မျှဝေလိုတဲ့အခါ အသုံးပြုနိုင်မယ့် Old School နည်းလမ်းလေးတခု အကြောင်း ပြောပြချင်ပါတယ်။

အခုနည်းလမ်း အသုံးပြုမယ်ဆိုရင်တော့ အခြားဆော့ဝဲလ်များမလိုအပ်ပဲ AutoCAD အခြေခံဆော့ဝဲလ်များရှိရုံနဲ့ ၎င်းဖိုင်များကို ဖွင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် Text Editor အသုံးပြုပြီး script ဖိုင်တခု ရေးသားကာ animation ဆန်ဆန် ပြုလုပ်ကြည့်နိုင်ပါသေးတယ်။

အဲဒီအတွက် ဘာတွေ အသုံးပြုရမလဲဆိုတော့ MSLIDE နှင့် VSLIDE ဆိုတဲ့ command ၂ ခု အသုံးပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ MSLIDE ဆိုတာကတော့ Make Slide ဖြစ်ပြီး လက်ရှိမြင်ကွင်းကို slide ဖိုင်တခုအနေနဲ့ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ VSLIDE ဆိုတာကတော့ View Slide ဖြစ်ပြီး ဖန်တီးထားတဲ့ slide ဖိုင်ကို ဖွင့်ကြည့်ဖို့ ဖြစ်ပါတယ်။ မိမိမျှဝေလိုတဲ့ မြင်ကွင်းကို အလျင်အမြန် မျှဝေနိုင်သလို၊ မိမိ ပြသချင်တဲ့ အနေအထားမျိုးစုံကိုလည်း slide အသီးသီး ပြုလုပ်ပြီး အဆင့်လိုက် ပြသနိုင်ပါသေးတယ်။

အသေးစိတ်ကိုတော့ အောက်က video လေးမှာ ကြည့်ရှုပေးပါခင်ဗျာ။





Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)