Posts

Showing posts from August, 2023

Civil3D Tutorial : Create Profile Without Surface & Alignment

Image
           အခု ACTC MYANMAR က ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Land Surveyor များ၊ Drafter များ နှင့် Project Engineer များအတွက် များစွာ အဆင်ပြေ အသုံးတည့်မယ့်နည်းလမ်းလေး တခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သိချင်တဲ့အချက်ကို Short to the Point တိုက်ရိုက် သိနိုင်မယ့် နည်းလမ်းလေး ဖြစ်လို့ပါပဲ။ ဒါဆိုဘာဖြစ်မလဲ ဆက်လေ့လာကြည့်ရအောင်။            ဥပမာ ပြောရရင် ကျွန်တော်တို့က ဆိုဒ်ထဲမှာ Critical ဖြစ်တဲ့ နေရာတခုရဲ့ ဒေါင်လိုက်ဖြတ်ပိုင်းပုံစံကို အရေးတကြီး သိချင်တယ်ဆိုပါစို့။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် Survey တိုင်းတာထားတဲ့ ဒေတာကို ဒေါင်းလုဒ်ချပြီးတာနဲ့ Civil 3D အတွင်းထည့်သွင်းလိုက်တာနဲ့ ကိုယ်လိုချင်တဲ့ Profile ဒေါင်လိုက်ဖြတ်ပိုင်းပုံစံ တန်းမရပါဘူး။ Surface ဖွဲ့ရအုံးမယ်၊ လိုချင်တဲ့လမ်းကြောင်းအတိုင်း Alignment ဆွဲသားရအုံးမယ်။ ပြီးတော့မှ Profile ထုတ်ယူရရှိမှာ ဖြစ်ပါတယ်။            အခုပြောပြမယ့်နည်းလမ်းကတော့ Surface ဖွဲ့ရခြင်း၊ Alignment ဆွဲသားရခြင်းဆိုတဲ့ အဆင့်တွေကိုကျော်ပြီး Survey Data ဒေါင်းလုဒ်ချ ထည့်သွင်းပြီးတာနဲ့ ဒေါင်လိုက်ဖြတ်ပိုင်းပုံစံ Profile ထုတ်ယူဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ

Civil 3D Tutorial : How To Trim and Divide AutoCAD Block

Image
  အားလုံးမင်္ဂလာပါခင်ဗျာ။ ACTC MYANMAR မှ ကြိုဆိုပါတယ်။ အခုတပတ် ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ မိမိတို့ အလုပ်ထဲမှာ ပုံဆွဲနေရင်း AutoCAD Block များကို ဖြတ်တောက်၊ပိုင်းခြားဖို့ လိုအပ်လာပါက အလွယ်တကူ လျင်မြန်စွာ လုပ် ယူနိုင်တဲ့ နည်းလမ်းလေး အကြောင်း ဖြစ်ပါတယ်။             အားလုံးသိကြတဲ့အတိုင်းပါပဲ။ ရိုးရိုး AutoCAD Object များဖြစ်တဲ့ line ၊ polyline ၊ arc အစရှိသည်တို့ရဲ့ ပိုနေတဲ့အစွန်းထွက်တွေ ဖြတ်တောက်ဖို့ ကျွန်တော်တို့ အများစု အသုံးပြုနေကြ Trim Command ကို အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ သို့သော်လည်း Object များစွာပါဝင်ဖွဲ့စည်းထားတဲ့ AutoCAD Block များကို ဖြတ်တောက်ပိုင်းခြားဖို့ ကြုံလာခဲ့ရင်တော့ အခက်အခဲ ဖြစ်ရပါပီ။             ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အများစု အသုံးပြုနေကြ Trim Command က AutoCAD Block တွေကို မဖြတ်တောက်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲလိုအခါမျိုးမှာ အခက်အခဲမရှိ အလွယ်တကူ လုပ်ဆောင်နိုင်ဖို့ ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အသေးစိတ်ကိုတော့ အောက်က ဗီဒီယိုမှာ ဆက်ကြည့်ပေးပါခင်ဗျာ။ အလုံးစုံ မဟုတ်ရင်တောင် တစုံတခုသော အတိုင်းအတာအထိ အကျိုးရှိမယ်လို့ ယုံကြည်ပါတ

Civil 3D Tutorial : Convert Blocks To Civil 3D Points Quickly and Easily

Image
အားလုံးမင်္ဂလာပါခင်ဗျာ။ ACTC MYANMAR မှ ကြိုဆိုပါတယ်။ အခုတပတ် ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Attibutes ပါတဲ့ Acad Block များကို Civil 3D Cogo Points များ အဖြစ် အလွယ်တကူ လျင်မြန်စွာ ပြောင်းယူနိုင်တဲ့ နည်းလမ်းလေး အကြောင်း ဖြစ်ပါတယ်။             ကျွန်တော်တို့ အလုပ်အတွက် ရလာတဲ့ ဒေတာများက အမြဲတမ်း အဆင်သင့် အသုံးပြုနိုင်တဲ့ အနေအထားနဲ့ ရရှိနိုင်တာ မဟုတ်ပဲ အခြားအခြေအနေများနဲ့လည်း ရလာနိုင်ပါတယ်။ ဥပမာ အရင်တုန်းက တိုင်းထားတဲ့ Survey Data တွေတော့ ရှိတယ်ဆိုပြီး မိမိအလုပ်အတွက် ပေးလာတာမှာ ပွိုင့်ဒေတာ CSV ဖိုင်လည်း မဟုတ်၊ AutoCAD မှာ Block တွေနဲ့ ဖြစ်နေတယ် ဆိုပါစို့။ အဲလိုအခါမျိုးမှာ ဒီလိုနည်းလမ်းလေးတေ သိမထားဘူးဆိုရင် အခက်အခဲတွေ့ရ၊ စိတ်ညစ်ရ ဖြစ်တတ်ပါတယ်။ အဲလို စိတ်မညစ်ရအောင် အောက်ကနည်းလမ်းလေးကို ဆက်ဖတ်ကြည့်မယ်နော်။             အခု ပြောပြမယ့်နည်းလမ်းမှာ အဓိက အားဖြင့် အဆင့် ၄ ဆင့် ပါဝင်ပါတယ်။ Ø   အဆင့် ၁ Civil 3D Cogo Point တခု ဖန်တီးမယ်။ Ø   အဆင့် ၂ ဖန်တီးထားတဲ့ Civil 3D Cogo Point ကို Block အဖြစ် ပြောင်းယူမယ်။ Ø   အဆင့် ၃ မူလရှိထားပြီး Acad Block များကို Civil 3D Cogo Point က ပ

AutoCAD Civil3D Training Center