Civil3D Tutorial : Create Profile Without Surface & Alignment

           အခု ACTC MYANMAR က ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Land Surveyor များ၊ Drafter များ နှင့် Project Engineer များအတွက် များစွာ အဆင်ပြေ အသုံးတည့်မယ့်နည်းလမ်းလေး တခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သိချင်တဲ့အချက်ကို Short to the Point တိုက်ရိုက် သိနိုင်မယ့် နည်းလမ်းလေး ဖြစ်လို့ပါပဲ။ ဒါဆိုဘာဖြစ်မလဲ ဆက်လေ့လာကြည့်ရအောင်။
           ဥပမာ ပြောရရင် ကျွန်တော်တို့က ဆိုဒ်ထဲမှာ Critical ဖြစ်တဲ့ နေရာတခုရဲ့ ဒေါင်လိုက်ဖြတ်ပိုင်းပုံစံကို အရေးတကြီး သိချင်တယ်ဆိုပါစို့။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် Survey တိုင်းတာထားတဲ့ ဒေတာကို ဒေါင်းလုဒ်ချပြီးတာနဲ့ Civil 3D အတွင်းထည့်သွင်းလိုက်တာနဲ့ ကိုယ်လိုချင်တဲ့ Profile ဒေါင်လိုက်ဖြတ်ပိုင်းပုံစံ တန်းမရပါဘူး။ Surface ဖွဲ့ရအုံးမယ်၊ လိုချင်တဲ့လမ်းကြောင်းအတိုင်း Alignment ဆွဲသားရအုံးမယ်။ ပြီးတော့မှ Profile ထုတ်ယူရရှိမှာ ဖြစ်ပါတယ်။
           အခုပြောပြမယ့်နည်းလမ်းကတော့ Surface ဖွဲ့ရခြင်း၊ Alignment ဆွဲသားရခြင်းဆိုတဲ့ အဆင့်တွေကိုကျော်ပြီး Survey Data ဒေါင်းလုဒ်ချ ထည့်သွင်းပြီးတာနဲ့ ဒေါင်လိုက်ဖြတ်ပိုင်းပုံစံ Profile ထုတ်ယူဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ Video လေးနှင့် သေချာလုပ်ပြပေးထားတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။ ကိုယ့်သူငယ်ချင်းတွေအတွက် အသုံးတည့်နိုင်တယ်လို့ ထင်ရင် သူတို့လည်း လေ့လာနိုင်အောင် share ပေးသွားလိုက်အုံးနော်။ ပိုခင်ရတဲ့ သူငယ်ချင်းတွေဆိုရင် သူတို့တိုက်ရိုက်သိနိုင်ဖို့ တခါတည်းသာ mention ခေါ်သွားလိုက် :)

အော် မေ့နေလို့ ...........
သင်တန်းလေးလည်း ကြော်ငြာပါရစေ ခင်ဗျ............

 Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းသင်ရိုး အကြောင်းကို https://www.actcmyanmar.com/.../civil-3d-training-road... မှာ ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ Essential တန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Professional Road Designer, Modeler, Freelance Drafter အဖြစ် ရပ်တည်လိုတဲ့သူများအတွက် ရည်ရွယ်သင်ကြားထားတဲ့ Zero to Hero ဖြစ်သွားစေမယ့် Mastering Civil 3D Road Design သင်ရိုးအကြောင်းကို https://www.actcmyanmar.com/.../civil-3d-training... မှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ Mastering တန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၂၀၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ပိုလာတဲ့ သင်တန်းကြေးနဲ့ မက ထိုက်တန်တဲ့ အကြောင်းအရာများကို သိရှိရပါလိမ့်မယ်။

Grading အသုံးပြုပြီး မြစ်ကြောင်းထိန်းသိမ်းရေးအတွက် ရေတားတမံ Groyne တခု အဆင့်ဆင့် ပြုလုပ်ဖန်တီးပုံကိုပါ Essential Road Design Course နှင့် Mastering Road Design Course ၂ တန်းစလုံးမှာ ထပ်တိုးသင်ရိုး အနေနဲ့ ထပ်မံထည့်သွင်းပေးထားတာမို့ တဝကြီး လေ့လာရမှာပါခင်ဗျာ။

            သင်ရိုးလေးတွေကို လေ့လာကြည့်ပြီး မိမိနှင့် ကြိုက်ညီတဲ့ သင်တန်းကို စာရင်းပေး တက်ရောက်နိုင်ပါပြီခင်ဗျာ။  Gmail Account တခု ရှိရုံနှင့် တက်ရောက်သင်ယူနိုင်အောင် လုပ်ပေးထားတာဖြစ်လို့ "ငါက အသက်ကြီးသွားပြီ၊ အင်တာနက်တွေဘာတွေ သိပ်နားမလည်ဘူး၊ ငါတက်ရင် ဖြစ်မှဖြစ်ပါ့မလားလို့" စိုးရိမ်နေသူများအတွက်လည်း နည်းပညာအားဖြင့်လည်း မရှုပ်ထွေးပဲ အလွယ်တကူ အသုံးပြုနိုင်မှာပါခင်ဗျာ။ အပြိုင်အဆိုင်များတဲ့ ယနေ့ခေတ်လို ကာလမျိုးမှာ Learning is never ending ပါပဲ။ လေ့လာထားသူက မလေ့လာထားသူထက်၊ ကျွမ်းကျင်သူက မကျွမ်းကျင်သူထက် ပိုနေရာရတာ၊ ခေါင်းတလုံးပိုသာနေတာ လောကသဘာဝ ထုံးစံပဲ မဟုတ်လားခင်ဗျ။ တိုးတက်ချင်သူတိုင်း ကို့ကိုယ်ကို ရင်းနှီးမြုပ်နှံကြတာမို့   တိုးတက်ချင်စိတ်ရှိတယ်ဆိုရင်၊   လေ့လာချင်စိတ်ရှိတယ်ဆိုရင် အိမ်ထဲကနေ ထိုင်ရာမထ လေ့လာနိုင်ဖို့    ဒီသင်တန်းလေးက ကူညီပေးနေပါပြီ။ 
<Learn By Yourself> <Learn For Yourself> <Your's Live, Your's Choice> 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil 3D Training (Mastering for Road Design Course)