Civil 3D Tutorial : Convert Blocks To Civil 3D Points Quickly and Easily

အားလုံးမင်္ဂလာပါခင်ဗျာ။ ACTC MYANMAR မှ ကြိုဆိုပါတယ်။ အခုတပတ် ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Attibutes ပါတဲ့ Acad Block များကို Civil 3D Cogo Points များ အဖြစ် အလွယ်တကူ လျင်မြန်စွာ ပြောင်းယူနိုင်တဲ့ နည်းလမ်းလေး အကြောင်း ဖြစ်ပါတယ်။

            ကျွန်တော်တို့ အလုပ်အတွက် ရလာတဲ့ ဒေတာများက အမြဲတမ်း အဆင်သင့် အသုံးပြုနိုင်တဲ့ အနေအထားနဲ့ ရရှိနိုင်တာ မဟုတ်ပဲ အခြားအခြေအနေများနဲ့လည်း ရလာနိုင်ပါတယ်။ ဥပမာ အရင်တုန်းက တိုင်းထားတဲ့ Survey Data တွေတော့ ရှိတယ်ဆိုပြီး မိမိအလုပ်အတွက် ပေးလာတာမှာ ပွိုင့်ဒေတာ CSV ဖိုင်လည်း မဟုတ်၊ AutoCAD မှာ Block တွေနဲ့ ဖြစ်နေတယ် ဆိုပါစို့။ အဲလိုအခါမျိုးမှာ ဒီလိုနည်းလမ်းလေးတေ သိမထားဘူးဆိုရင် အခက်အခဲတွေ့ရ၊ စိတ်ညစ်ရ ဖြစ်တတ်ပါတယ်။ အဲလို စိတ်မညစ်ရအောင် အောက်ကနည်းလမ်းလေးကို ဆက်ဖတ်ကြည့်မယ်နော်။

            အခု ပြောပြမယ့်နည်းလမ်းမှာ အဓိက အားဖြင့် အဆင့် ၄ ဆင့် ပါဝင်ပါတယ်။

Ø  အဆင့် ၁ Civil 3D Cogo Point တခု ဖန်တီးမယ်။

Ø  အဆင့် ၂ ဖန်တီးထားတဲ့ Civil 3D Cogo Point ကို Block အဖြစ် ပြောင်းယူမယ်။

Ø  အဆင့် ၃ မူလရှိထားပြီး Acad Block များကို Civil 3D Cogo Point က ပြောင်းယူထားတဲ့ Block နဲ့ အစားထိုး ယူမယ်။

Ø  အဆင့် ၄ လဲလှယ်ပြီးတဲ့ Block များကို Civil 3D Point အဖြစ် ပြန်ပြောင်းယူမှာ ဖြစ်ပါတယ်။

လုပ်ဆောင်ပုံ လုပ်ဆောင်နည်း အသေးစိတ်ကို အောက်က video လေးမှာ လေ့လာပေးပါခင်ဗျာ။ 


           အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

          Civil 3D သင်တန်းတက်ရောက်လိုပါက ဆော့ဝဲလ် အသုံးပြု ပုံစံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းမှာ ပါဝင်တဲ့ အကြောင်းအရာများကို https://www.actcmyanmar.com/2022/11/civil-3d-training-road-design-essential.html မှာ ဝင်ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။

            Professional Road Designer, Modeler, Freelance Drafter အဖြစ် ရပ်တည်လိုတဲ့သူများအတွက် ရည်ရွယ်သင်ကြားထားတဲ့ Zero to Hero ဖြစ်သွားစေမယ့် Mastering Civil 3D Road Design သင်ရိုးအကြောင်းကို https://www.actcmyanmar.com/2022/11/civil-3d-training-mastering-for-road.html မှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၂၀၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ပိုလာတဲ့ သင်တန်းကြေးနဲ့ မက ထိုက်တန်တဲ့ အကြောင်းအရာများကို သိရှိရပါလိမ့်မယ်။

           Grading အသုံးပြုပြီး မြစ်ကြောင်းထိန်းသိမ်းရေးအတွက် ရေတားတမံ Groyne တခု အဆင့်ဆင့် ပြုလုပ်ဖန်တီးပုံကိုပါ Essential Road Design Course နှင့် Mastering Road Design Course ၂ တန်းစလုံးမှာ ထပ်တိုးသင်ရိုး အနေနဲ့ ထပ်မံထည့်သွင်းပေးထားပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ တည်ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော Survey တိုင်းတာခြင်းလုပ်ငန်း အမျိုးမျိုးကိုလည်း ဝန်ဆောင်မှု ပေးနေပြီး ရယူနိုင်တဲ့ ဝန်ဆောင်မှု အမျိုးအစားများကို https://www.actcmyanmar.com/2022/02/surveying-services.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

#AutoCAD #Civil3D #RoadDesign #Training #OnlineClass #OnlineCourse #Corridor #Surface #Grading #FeatureLines #Contour #Topographic #Map #AutomaticLinework #PointGroup #DescriptionKey #SurveyFigure #Lineworkcodeset #SurveyDatabase #Profile #ProfileView #BandSet #PlanProduction #SheetSet #DataBand #BandStyle #LabelStyle #Alignment #OffsetAlignment #Widening #SampleLine #SectionView #CodesetStyle #Myanmar #Intersection #Roundabout #ParcelLayout #EarthworkVolume #ACTCMYANMAR  #civil3dtraining


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)