Civil 3D Training (Dam Modelling Course)
AutoCAD Civil 3D Training Center - Myanmar ကနေပြီး AutoCAD Civil 3D 2018 Version ကို အသုံးပြုလျှက် Civil 3D Training - Dam Modelling Course ကို Online Class ဖွင့်လှစ်သင်ကြားပေးနေပါပြီခင်ဗျာ။
ဘယ်သူတွေ တက်သင့်လဲ?
More Prefer for Civil Engineer, Surveyor , Quantity Surveyor or Estimator
Civil Engeinnering နယ်ပယ်ဖြစ်တဲ့ လမ်းလုပ်ငန်း၊ မြို့ကွက်ဖော်ထုတ်ခြင်းလုပ်ငန်း ၊ ဆည်မြောင်းတာတမံ ရေစီးရေလာလုပ်ငန်း ၊ မြေသားလုပ်ငန်းတွက်ချက်ခြင်းတို့ အတွက် များစွာအသုံးဝင်တဲ့ အတွက် မြို့ပြအင်ဂျင်နီယာများ ၊ ဆည်မြောင်း နဲ့ မြေတိုင်းပညာရှင်များ တက်ရောက်ကြတာ များပါတယ်။ irregular shape ဖြစ်တဲ့ မြေကြီးလုပ်ငန်းတွက်ချက်ရာမှာ အများကြီး လွယ်ကူလျင်မြန်တာကြောင့် မြို့ပြလုပ်ငန်းနှင့် ဆက်နွယ်နေတဲ့ Quantity Surveyor များလည်း တက်ရောက်သင့်ပါတယ်။ AutoCAD အခြေခံ ရှိပြီးသူ၊ Civil 3D အနည်းအကျဥ်း အသုံးပြုနိုင်သူ ဖြစ်ရင် ပိုကောင်းပါတယ်။
ဘယ်လို သင်ကြားရမှာလဲ?
Google Classroom ကို အသုံးပြုထားတာကြောင့် အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကမဆို သင်ယူနိုင်တဲ့ အားသာချက် ရှိပြီး မရှင်းလင်းသည်များကိုလည်း Viber Group မှာ မေးနိုင်တာကြောင့် အပြင်သင်တန်းနဲ့ မကွာခြားပါဘူးခင်ဗျာ။ သင်ခန်းစာ recording video များ နှင့် လေ့ကျင့်ခန်းဖိုင်များကို download ဆွဲယူခွင့်ပေးထားတာကြောင့် learn at yourself paced မိမိအားလပ်တဲ့အချိန် ၊ မိမိ အဆင်ပြေသလို လေ့လာသင်ယူနိုင်ပါတယ်။ သင်ရိုးမာတိကာ ကို အောက်ပါအတိုင်း ရေးဆွဲထားပြီးတော့ ထပ်မံထည့်သွင်း သင်ကြားစေလိုသည်များကိုလည်း တောင်းဆိုထားနိုင်ပါတယ်။ ဖုန်းနံပါတ် 09-977108606 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ ။ အဆိုပါဖုန်းသို့ Viber မှ တဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အီးမေးလ်လိပ်စာ learnc3dmm@gmail.com သို့လည်း ဆက်သွယ်နိုင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေခင်ဗျာ။ တကယ်လို့ သင်တန်းတက်ရောက်ဖို့စာရင်းပေးမယ်ဆိုရင် အောက်က သင်တန်းတက်ဖို့ စာရင်းပေးမယ်ဆိုတာလေးကို ကလစ်နှိပ်ပြီး ဖောင်ဖြည့် စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။ မိမိတို့ ဖောင်ဖည့်ထားတဲ့ အီးမေးလ်ကို ပြန်လည်ဆက်သွယ်ပေးပါမယ်။
Civil 3D Training for Dam Modelling Course
ဒီ တဖက်ဆည်ကန် သင်ခန်းစာလေးကို ပါသင့်ပါထိုက်တာတွေ အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဘာတွေပါလဲ ၊ ဘာအကြောင်းအရာတွေ လေ့လာရမလဲ ဆိုတာကို အတိုချုပ် ပြောရရင် လုပ်ငန်းအပ်နှံလာလို့ ကွင်းဆင်းလေ့လာသည်ကနေ ပုံစံထုတ်တာ၊ မြေကြီးလုပ်ငန်းတွက်ချက်တာ၊ နောက်ဆုံး အချောသတ် print ထုတ်ရန် ပြင်ဆင်တာ အထိ အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာလေးကို လေ့လာပြီးသွားရင် လက်တွေ့လုပ်ငန်းလုပ်ဆောင်ရာမှာ အဆင့်ဆင့် လုပ်ဆောင်ပုံ လုပ်ဆောင်နည်း၊ တွေးခေါ်ယူဆပုံ ယူဆနည်းများကို တီးခေါက်မိသွားဖြစ်တဲ့အတွက် လေ့လာသူ သင်တန်းသားများ အတွက် များစွာ အကျိုးရှိမယ်လို့ ထင်မြင်ယူဆမိပါတယ်။ဒီသင်တန်းလေးမှာ လေ့လာရမယ့်အဆင့်များကို အနည်းငယ် ထပ်မံပြောကြားလိုပါတယ်။
အဆင့် ၁ လုပ်ငန်းလက်ခံပြီး ကွင်းဆင်းတိုင်းတာခြင်း
အဆင့် ၂ တိုင်းတာထားတဲ့ ဒေတာများအား processing ပြုလုပ်ပြီး လက်ခံရရှိထားသော မြေပုံပါ အချက်အလက်များနှင့် နှိုင်းယှဉ်ဆန်းစစ်ခြင်း
အဆင့် ၃ လက်ခံရရှိထားသော မြေပုံအား မိမိအသုံးပြုမည့် အတိုင်းအတာ ယူနစ်သို့ ပြောင်းလဲခြင်း
အဆင့် ၄ လုပ်ငန်းအပ်နှံသူ၏ လိုအပ်ချက်၊ လျာထားပုံစံများကို လေ့လာမှတ်သားခြင်း
အဆင့် ၅ လက်ရှိမြေမျက်နှာပြင် အနေအထား ပြန်လည်တည်ဆောက်ယူခြင်း
အဆင့် ၆ အခြေခံ Feature Line ဆွဲသားဖန်တီးခြင်း
အဆင့် ၇ Grading နည်းဖြင့် တဖက်ဆည်ကန်ပုံစံထုတ်ဆွဲသားခြင်း
အဆင့် ၈ Corridor နည်းဖြင့် တဖက်ဆည်ကန်ပုံစံထုတ်ဆွဲသားခြင်း
အဆင့် ၉ Upstream ဘက်ခြမ်း ရေခေါ်မြောင်းအား Grading နည်းဖြင့် ပုံစံထုတ်ဆွဲသားခြင်း
အဆင့် ၁၀ တမံပိတ်မည့်နေရာ Key Line အား Corridor နည်းဖြင့် ပုံစံထုတ်ဆွဲသားခြင်း
အဆင့် ၁၁ တမံပိတ်မည့် အပြီးသတ်ပုံစံငယ်တည်ဆောက်ခြင်း
အဆင့် ၁၂ မြေကြီးလုပ်ငန်းထုထည်ပမာဏ တွက်ချက်ခြင်း
အဆင့် ၁၃ ပရင့်ထုတ်ရန် ကန့်လန့်ဖြတ်ပိုင်းပုံစံများ နှင့် သုံးဖက်မြင် ပုံစံငယ် ဆွဲသားခြင်း
အဆင့် ၁၄ အချောသတ်ပြီးစီးပါက Sheet Set Manager အသုံးပြု၍ PDF ဖိုင် အဖြစ် ပရင့်ထုတ်ခြင်း အစရှိသည်တို့ကို လေ့လာရမှာ ဖြစ်ပါတယ်ခင်ဗျာ။
အဲဒီ အဆင့်များကို အဓိက အခန်းကြီး ၉ ခန်း ၊ သင်ခန်းစာ Video ပေါင်း ၃၁ ခု ပိုင်းခြား ပေးထားပြီး အစအဆုံး လေ့လာရန် သင်ခန်းစာ Video စုစုပေါင်း ကြာမြင့်ချိန် ၁၀ နာရီ မိနစ် ၂၀ ခန့် ဖြစ်ပါတယ်။ အောက်မှာ Introduction Video လေးကို အမြည်းအဖြစ် ထည့်ပေးထားပါတယ်ခင်ဗျာ။
Comments
Post a Comment