Civil 3D Tutorials : Create Arc by Continue
ACTC-Myanmar က Arc ဆွဲသားနည်း တင်ဆက်ပေးလာခဲ့တာ အခုဆို နောက်ဆုံးနည်းဖြစ်တဲ့ Create Arc by Continue နည်းကို ရောက်လာပြီ ဖြစ်ပါတယ်။ အခြေခံဆွဲသားနည်းများသာ ဖြစ်တာကြောင့် တချို့အတွက် ငြီးငွေ့စရာ ဖြစ်နိုင်သော်လည်း အခုမှစလေ့လာနေသူများအတွက်ဖြစ်စေ ၊ နှိုက်နှိုက်ချွတ်ချွတ် သိရှိလိုသူများအတွက်ဖြစ်စေ အကျိုးရှိနိုင်တဲ့အတွက် တင်ဆက်ပေးရခြင်း ဖြစ်ပါတယ်။ အခုနည်းကတော့ ပထမဆွဲထားတဲ့ Arc မျဉ်းကွေးရဲ့ အဆုံးမှတ်ကနေ မိမိအလိုရှိတဲ့ မျဉ်းကွေးကို တိုက်ရိုက်ကလစ်ချ ရေးဆွဲရမှာ ဖြစ်ပါတယ်။ အရင်ဆွဲထားတဲ့ မျဉ်းကွေးရှိမှသာ ဒီနည်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 1. ဒီမှာ မြင်တွေ့ရတာကတော့ Create Arc by Center, Start, Length နည်းတုန်းက ပထမဆွဲထားတဲ့ Chord Length ၂၀’ ရှိ Arc ဖြစ်ပါတယ်။ 2. ဒီ Arc အဆုံးကနေပြီး ခရုပတ်တခု ဆွဲကြည့်မှာဖြစ်လို့ Home Tab > Draw Panel > Arc Drop-down menu > Continue ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3. ကလစ်လုပ်ပြီး Command အသက်ဝင်လာတာနဲ့ မူလရှိပြီး