Posts

Showing posts with the label ArcGIS

Civil3D Tutorial : Using GIS Data To Create Civil3D Objects

Image
အားလုံး မင်္ဂလာပါခင်ဗျာ။ ACTCMYANMAR ကနေ ကြိုဆိုလျှက်ပါ။ ကျွန်တော်တို့ ACTCMYANMAR မှ Civil3D နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို အပတ်စဉ် ကြိုးစားတင်ဆက်လျှက်ရှိပါတယ်ခင်ဗျာ။   What we talk in this week?           ဒီတကြိမ် ပြောပြလိုတာကတော့ GIS Data များကို Civil3D မှာထည့်သွင်း အသုံးပြုနည်း အကြောင်းပဲ ဖြစ်ပါတယ်။ Why we talk this topic?           ကျွန်တော်တို့ Civil Engineering နယ်ပယ်မှာ မည်သည့်တည်ဆောက်ရေးစီမံကိန်းမျိုးမဆို လုပ်ငန်းအကောင်အထည်မဖော်မီ ကနဦးလျာထားဒီဇိုင်းရေးဆွဲပြီး ဖြစ်တန်စွမ်းလေ့လာခြင်းကနေ စတင်ရတာ အားလုံး သိရှိပြီး ဖြစ်ပါတယ်။ အဲဒီကနေမှ အဆင့်ဆင့် လေ့လာသုံးသပ်တည်းဖြတ်ပြီး နောက်ဆုံးအကောင်အထည်ဖော် တည်ဆောက်ရမယ့် အသေးစိတ် ဒီဇိုင်း ရရှိလာတာကိုလည်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်ခင်ဗျာ။            ဒီနေ့လို တိုးတက်နေတဲ့ ခေတ်အခါမှာတော့ ဂြိုလ်တုပုံရိပ်များ၊ STRM ဒေတာများကို အသုံးပြုပြီး ကနဦးလျာထားဒီဇိုင်း ရေးဆွဲလာကြပါတယ်။ အခုလို ဂြိုလ်တုဒေတာများကို အသုံးပြု၍ GIS shape ဖိုင်များ ဖန်တီးရရှိလာခဲ့လျှင် အဲဒီဒေတာများကို Civil3D မှာ ထည့်သွင်းအသုံးပြု၍ ကနဦးလျာထားဒီဇိုင်း ရေးဆွဲနိုင်မှာ ဖြစ်ပါတ

Civil 3D 2022 New in ArcGIS Workflows

Image
AutoCAD Civil 3D Training Myanmar ကနေ ပြောပြချင်တဲ့ အကြောင်းအရာကတော့ New in ArcGIS Workflows (What's New in 2022) ပဲ ဖြစ်ပါတယ်။   ArcGIS အတွက် အသစ်ပါဝင်လာမှုများ (၂၀၂၂ ဗားရှင်း) ArcGIS အတွက် မကြာသေးမီက ထည့်သွင်းလိုက်တဲ့ အဆင့်မြှင့်တင်မှုများ အကြောင်း လေ့လာရမှာပါ။ ArcGIS ကနေပြီးတော့ တင်သွင်းလိုက်တဲ့ raster ပုံရိပ်တွေကို ယခု ArcGIS မှ refresh လုပ်နိုင်ပါတယ်။   မိမိပုံထဲမှာရှိတဲ့ ArcGIS Datasets ကို အွန်လိုင်း ArcGIS Datasets နှင့် ကိုက်ညီစေရန် data Source Manager dialog box ထဲမှာရှိတဲ့ Refresh option ကို သုံးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ အွန်လိုင်းမှာရှိတဲ့ ဒေတာဗေ့စ်ကို အဆင့်မြှင့်လိုက်တယ်ဆိုပါက နောက်ဆုံးပြင်ဆင်မှုများကို မိမိပုံမှာ ရရှိဖို့ Refresh option ကို သုံးနိုင်ပါတယ်။ Datasets ကို Refresh လုပ်ခြင်းသည် ArcGIS မှာ အသစ်တင်ထားသောအရာဝတ္ထုများနှင့် attribute data များကို မိမိပုံအတွင်း တောင်းယူထည့်သွင်းခြင်း ဖြစ်ပါတယ်။ Insert tab > ArcGIS panel > Data Source Manager ကို ကလစ်လုပ်လျှင် Data Source Manager dialog ပွင့်လာပါမယ်။ အဲဒီမှာ ကိုယ် refresh လုပ်ချ

AutoCAD Civil3D Training Center