Civil 3D: Need To Know
Civil 3D ဆိုတာ မြန်မာအင်ဂျင်နီယာလောကမှာ AutoCAD လောက် ရေပန်းမစားတဲ့ ဆော့ဝဲလ်တခု ဖြစ်တာကြောင့် သိသင့်တဲ့ အကြောင်းအရာတချို့ ကို ရှာဖွေတင်ပြလိုက်ပါတယ်။ အချို့တွေကလည်း Civil 3D ရဲ့ အသုံးဝင်ပုံကို သိပ်မကြားဖူးသေးတဲ့ အတွက် ရုတ်တရက် ကြားလိုက်ရင် ထူးဆန်းတဲ့ အရာတခုလို့ ဖြစ်နေပါတယ်။ တချို့တွေက AutoCAD နှင့် Civil 3D ဘာအရင် သင်ရင်ကောင်းမလဲ တွေးမိပါလိမ့်မယ်။ Should I learn AutoCAD before Civil 3D? ဆိုပြီး Google မှာ ရိုက်ရှာကြည့်ရင် အကြံပြုချက်အများစုကတော့ AutoCAD ကို အခြေခံလောက်တော့ သိထားပြီးမှာ Civil 3D ကို ဆက်လေ့လာဖို့ ပြောထားတာ တွေ့ရပါမယ်။ နိုင်ငံခြား Civil 3D သင်တန်း တခုကဆိုရင် AutoCAD ကို နာရီ ၈၀ လောက် Handon Experience ရှိမှ သူ့သင်တန်းကို တက်ရောက်ဖို့ အကြံပြုထားတာ တွေ့ရပါတယ်။ ဒါကတော့ အကြံပြုချက် အများစုမှာ တွေ့ရတာဖြစ်တဲ့အတွက် common sense အရ မှန်နိုင်မယ်လို့ ယူဆရပါတယ်။ လူတချို့အတွက်တော့လည်း "ဆန္ဒသိမ္မိံ နကမ္မတိ" ဆိုတဲ့ ဘုရားဟော ရှိတာမို့ ပြင်းပြတဲ့ စိတ်ဆန္ဒသာ ရှိခဲ့ရင် အခက်အခဲတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ (ပါဠိ လို စာလုံးပေါင်းမှားခဲ့ရင် သည်းခံပါ) What'