Civil 3D: Coordinate Geometry Editor အသုံးပြုခြင်း
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Coordinate Geometry Editor အသုံးပြုနည်းလေးကို sharing လုပ်ပေးချင်ပါတယ်။ ဒီ Coordinate Geometry Editor (ပုံ ၂.၃၄) ကတော့ အရင်နည်းလမ်းထက် ပိုမိုလွယ်ကူစွာ 2D boundaries များကို ဖန်တီးနိုင်/အကဲဖြတ်သုံးသပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ယခင်က တကြိမ်မှာ လိုင်းတခု/အနားသတ် တခုကို By Bearing And Distance command နဲ့ ထည့်သွင်းရတာကို ဒီမှာတွေ့ရတဲ့ လုပ်ဆောင်နိုင်စွမ်းတခုက အစားထိုး လုပ်ဆောင်ပေးနိုင်လာတဲ့ အတွက်ကြောင့် လိုင်းဒေတာများကို ကိုယ်တိုင်ထည့်သွင်းခြင်းဖြင့်ဖြစ်စေ၊ polylines ကိုသုံးစွဲ၍ဖြစ်စေ၊ survey database မှာ ထည့်သွင်းသတ်မှတ်မထားတဲ့ COGO point အချက်အလက်များကိုသုံးပြီးဖြစ်စေ Traverse analysis လုပ်ဆောင်နိုင်လာပါတယ်။ ပုံ ၂.၃၄ ကျွန်တော်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေသစ် Coordinate Geometry Editor ကို မြင်တွေ့ရပုံ အနားသတ် အချက်အလက်များကို နည်းအစုံသုံးပြီးတော့ Coordinate Geometry Editor မှာ ထည့်သွင်းနိုင်ပါတယ်။ ပုံ ၂.၃၄ မှာ မြင်ရတဲ့ traverse ရဲ့ ပထမဆုံးလိုင်းလိုပဲ ဖော်မြူလာသုံးပြီးတော့လည်း ဒေတာထည့်သွင်းနိုင်ပါတယ်။ အဲဒီ ဥပမာမ