Civil3D Tutorial : Lines and Curves
ACTC-MYANMAR က တင်ပေးပြီးခဲ့တာလေးတွေသုံးပြီး လက်တွေ့ဆွဲကြည့်ရအောင်ပါ။ ဘယ်လိုဆွဲမလဲ? ပထမ လိုင်းတခုကို ကိုဩဒိနိတ် သုံးပြီးဆွဲမယ်။ အဲဒီကနေ မျဉ်းကွေးတခု ထပ်ဆွဲမယ် ။ နောက်ထပ်ပြောင်းပြန်မျဉ်းကွေးတခု ထပ်ဆွဲမယ်။ နောက်ဆုံးမှာ လိုင်းတခုနဲ့ ပြန်အဆုံးသတ်ပါမယ်။ command ၄ ခု သုံးကြည့်ပါမယ်။ ဘယ်ဖိုင်ကိုသုံးမှာလဲ? အရင်တလောက လက်တွေ့ဆွဲပီး Save ထားတဲ့ 0105_Legal_Parcel.dwg ဆိုတဲ့ဖိုင်ကိုပဲ ဆက်သုံးကြည့်ပါမယ်။ အရင်လေ့ကျင့်ခန်းလုပ်မထားသူများကတော့ လုပ်ပြီးသားဖိုင်ကို https://ouo.io/yRp7NT မှာ ဒေါင်းနိုင်သလို http://j.gs/FzVk မှာလည်း ဒေါင်းနိုင်ပါတယ်။ ဒေါင်းလုဒ်ဆွဲနည်းကို download-from-ouo.html မှာ ကြည့်ပေးပါ။ အရင်လေ့ကျင့်ခန်း ပြန်ကြည့်လိုပါက line-traverse.html မှာ ကြည့်နိုင်ပါတယ်ခင်ဗျာ။ ဒေါင်းပြီး စဆွဲပါမယ်။ ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီးတာနဲ့ ကိုဩဒိနိတ်များကိုသုံးပြီး လိုင်းတခုဆွဲဖို့ Home Tab> Draw Panel > Line Drop-down menu > Create Line By Northing/Easting command ကို ရွေးပါမယ်။ ပြီးရင်အစ northing အတွက် 184898.42 ထည့်ပြီး enter လုပ်ပါမယ်။ နောက်ထပ် Easting အတွက် 2305136.46 ထည့်ပြီး