How to download from Ouo.io (Step by Step Guide)
ကျွန်တော်တို့ရဲ့ AutoCAD Civil 3D Training Center Website ကဖြစ်စေ၊ အခြား Website များကဖြစ်စေ ကိုယ်လိုအပ်တာလေးတွေ ဒေါင်းဖို့ ကြုံလာရင် အလွယ်တကူ ဒေါင်းလုဒ်ဆွဲထားနိုင်ဖို့ ဒီ video လေးကို ပြုလုပ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အရင် တင်ပေးထားဖူးတဲ့ adf.ly က ဒေါင်းလုဒ်ဆွဲနည်းနဲ့ ဆင်တူပါတယ်။ ဒီ ouo.io က ဒေါင်းလုဒ်ဆွဲရ ပိုအဆင်ပြေတာ တွေ့ရပါတယ်။ ဒေါင်းလုဒ်ဆွဲနည်း အဆင့်ဆင့်ကို စာနဲ့ရှင်းပြထားသလို လက်တွေ့ဒေါင်းလုဒ်ဆွဲပြထားတဲ့ ဗီဒီယိုကိုလည်း တင်ပေးထားတာမို့ အဆင်ပြေမယ် ထင်ပါတယ်။ ကဲ စလိုက်ကြရအောင်။ ဒေါင်းလုဒ်လင့်ကို အရင် ကလစ်နှိပ်ပါ။ လက်ရှိဝက်ဘ်ဆိုဒ်ကနေ ထွက်သွားမှာမို့ သတိပေးချက်ပေါ်လာရင် Go To Site ကို ကလစ်နှိပ်ပြီး ဆက်သွားပါမယ်။ Notification ပြဖို့ ခွင့်တောင်းလာရင် Allow နှိပ်ပြီး ခွင့်ပြုပေးပါ။ အောက်က I'M A HUMAN ကို ဆက်နှိပ်ပြီး Bot မဟုတ်ကြောင်း အတည်ပြုပေးပါ။ Count Down Timer မှာ 0 စက္ကန့် အထိရောက်အောင် စောင့်ရပါမယ်။ 0 စက္ကန့် ရောက်ရင် အောက်က GET LINK ကို ကလစ်နှိပ်ပြီး ဒေါင်းလုဒ်လင့် တောင်းပါ။ Browser မှာ Tab အသစ်ပွင့်လာပါမယ်။ ခဏစောင့်ပြီး မူလ Tab ကို ကလစ်နှိပ် ပြန်ပြောင်းပါ။ မူလ Tab ရောက်ရင်