Posts

Showing posts with the label Figure Prefix Database

Civil 3D : Survey Database and Edit Linework လေ့ကျင့်ခန်း

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D ကို ကိုယ်တိုင်လ့လာသင်ယူလိုသူများအတွက် လက်တွေ့လေ့ကျင့်နိုင်ဖို့ sharing လုပ်ပေးတာပါခင်ဗျာ။  အသုံးဝင်တယ်ဆိုရင် မိမိသူငယ်ချင်းများ လေ့လာနိုင်ဖို့ ထပ်ဆင့်မျှဝပေးပါခင်ဗျာ။ Exercise For Survey Database and Linework             ဒီလက်တွေ့လေ့ကျင့်ခန်းမှာတော့ ဆာဗေးဒေတာများပါဝင်တဲ့ ASCII file ကိုသုံးပြီး survey database ၊ network ၊ အစရှိသည်တို့ကို import လုပ်ဖန်တီးသွားမှာ   ဖြစ်ပါတယ်။              အဆင့် ၁  ပထမဦးစွာ ပေယူနစ်သုံးမှာဖြစ်တဲ့အတွက် _AutoCAD Civil 3 D (Imperial) NCS.dwt template file က နေပြီးတော့ drawing အသစ်တခု ဖွင့်ပါမယ်။ ကျွန်တော်တို့က အရင်သင်ခန်းစာကနေ လာတာမဟုတ်ပဲ ပုံအသစ်ခေါ်ယူလာခြင်းဖြစ်တာမို့ Mastering Civil 3 D.fdb_xdef ဆိုတဲ့ဖိုင်ကို C:\ProgramData\Autodesk\C 3 D 2014 \enu\Survey အောက်ကို ကူးယူထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။  Civil 3D 2018 အတွက်ဆိုရင်တော့ C:\ProgramData\Autodesk\C 3 D 2018 \enu\Survey အောက်ကို ပေါ့။  ဒီဖိုင်လမ်းကြောင်းကို ပုံမှန်အားဖြင့် ကွန်ပြူတာဝင်းဒိုးစနစ်က ဖွက်ထားတာကြောင့် မြင်တွေ့ရမှာ မဟုတ်ပါဘူး။

Civil 3D : Figure Prefix Database လေ့ကျင့်ခန်း

Image
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ မျှဝေပေးတဲ့ Civil 3D Figure Prefix Database အတွက် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လက်တွေ့လေ့ကျင့်ခန်းတခုလောက် လုပ်ကြည့်ရအောင်။ ၁.ပေးထားတဲ့လင့်ကနေပြီးတော့ လေ့ကျင့်ခန်းဖိုင် ဒေါင်းယူပြီး ဖွင့်လိုက်ပါမယ်။  ဒီမှာ ဒေါင်းပါ။ Pcloud အကောင့်ရှိသူများကတော့ မဒေါင်းဖြစ်သေးရင် မိမိတို့အကောင့်မှာ ကူးယူသိမ်းဆည်းထားနိုင်ပါတယ်။ အကောင့်မရှိသေးသူများလည်း အကောင့်ဖွင့်ထားချင်ရင် ဒီလင့် ကနေတဆင့် ဖွင့်နိုင်ပါတယ်။ Pcloud Premimum Account ကို တလ free စမ်းသုံးကြည့်ချင်ရင်တော့ ဒီလင့် ကနေ ဖွင့်နိုင်ပါတယ်။ ၂. ပြီးရင် Toolspace > Survey tab မှာရှိတဲ့ Figure Prefix Databases ကို right-click လုပ်ပြီး New ကိုရွေးလိုက်ရင် New Figure Prefix Database dialog ပွင့်လာပါမယ်။ ၃. Mastering Civil 3 D လို့ အမည်ပေးပြီး အိုကေ နှိပ်ပါမယ်။ Figure Prefix Database list ကို ဖြန့်ချလိုက်ရင် ကိုယ်နာမည် ပေးထားတဲ့ Mastering Civil 3 D ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ၄. အသစ်ဖန်တီးထားတဲ့ Mastering Civil 3 D Figure Prefix Database အပေါ်မှာ ညာကလစ်ထောက်ပြီး Manage Figure Prefix Database

AutoCAD Civil3D Training Center