Civil 3D Interoperability Between Versions (2018 - 2022)
AutoCAD Civil 3D Training Myanmar ကနေ Civil 3D ဗားရှင်းများ အကြားအပြန်အလှန်အသုံးပြုနိုင်မှု ( ၂၀၁၈ မှ ၂၀၂၂ အထိ ) အကြောင်းလေး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Autodesk Civil 3D 2022 အသုံးပြုဆွဲသားထားသောပုံများကို ဆော့ဝဲ၏ယခင်ဗားရှင်းများမှာ မည်သို့ ကြည့်ရှုရမည်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Autodesk Civil 3D 2022 နှင့် ယခင်ဗားရှင်းများအကြား အပြန်အလှန် အသုံးပြုနိုင်စွမ်း ကိုလည်း ဖော်ပြထားပါတယ်။ Autodesk Civil 3D 2022 ပုံများကို ယခင်ဗားရှင်းများမှာ ဖွင့်ကြည့်ခြင်း Autodesk Civil 3D 2022 တွင် ဆွဲပြီး သိမ်းဆည်းထားသောပုံများကို Autodesk Civil 3D 2021 ၊ Autodesk Civil 3D 2020, Autodesk Civil 3D 2019 နှင့် AutoCAD Civil 3D 2018 တို့မှာ ဖွင့်အသုံးပြုနိုင်ပါတယ်။ Autodesk Civil 3D 2022 တွင် ဆွဲသားထားသော Civil 3D အရာဝတ္ထုများကို AutoCAD Civil 3D 2018 ဗားရှင်းတွင်ကြည့်ရှုနိုင်ရန်၊ ပုံဆွဲခြင်းနှင့်အတူဂရပ်ဖစ်များကိုသိမ်းဆည်းရန်အတွက် PROXYGRAPHICS variable တန်ဖိုးကို 1 ဟု Civil 3D 2022 ဗားရှင်းမှာ အရင်သတ်မှတ်ပါ။ ပြီးရင် Save As command ကိုသုံးပြီးတော့ ယခင်ဗားရှင်း အနိမ့်နဲ့ သိမ်းဆည်းပါ