Civil 3D : Editing Linework ပြုလုပ်ခြင်း
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D မှာ ပါဝင်တဲ့ Editing Linework အကြောင်း မျှဝေပေးတာပါ ခင်ဗျာ။ အရင်သင်ခန်းစာက ပုံကိုဆက်သုံးမှာ ဖြစ်တဲ့အတွက် ပထမဆွဲပြီး save ထားခဲ့တဲ့ 0202 _RoadwayFigures.dwg ကို ပြန်ဖွင့်ပါမယ်။ အဲဒီပုံမှာ အဆောက်အဦ figure လိုင်းမပိတ်ပဲ ဖြစ်နေတာကို မြင်တွေ့ရပါ။ အရင်ပုံ မရှိဘူးဆိုရင်တော့ ဒီမှာဒေါင်းယူပါ ။ အဆင့် ၁ အဲဒါကို ပြင်ဆင်ဖို့ Toolspace > Survey tab > Survey Databases ကို ဖြန့်ချပါမယ်။ Roadway > Networks > Roadway 4-22-2013 > Non-Control Points အထိသွားပါမယ်။ Non-Control Points ကို ညာကလစ်ထောက်ပြီး Edit ကို ကလစ်လုပ်လိုက်တာနဲ့ Non-Control Points Editor ပေါ်လာမှာ ဖြစ်ပါတယ်။ အဆင့် ၂ အဲဒီမှာပေါ်လာတဲ့ point list အောက်ဆုံးအထိ Scroll လုပ်ဆင်းသွားရင် နောက်ဆုံးလိုင်း ပွိုင့်နံပါတ် ၃၄ ကို မြင်တွေ့ရမှာပါ။ အဲဒါရဲ့ description ကို edit လုပ်မှာဖြစ်ပါတယ်။ အဆင့် ၃ Description field မှာ cursor ချပြီး ကလစ် ၂ ချက် ဆင့်နှိပ်ပါမယ်။ ပြီးရင် ကီးဘုတ်က မြှားခလုတ် က