Posts

Showing posts with the label Network

Civil 3D : Survey Network ကိုလေ့လာခြင်း

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D မှာ ပါဝင်တဲ့ Survey Network အကြောင်း ပြောပြပးသွားမှာ ဖြစ်ပါတယ်။ (Survey Network ကိုလေ့လာခြင်း)             Survey Network အတွင်းသို့ ဒေတာများ ထည့်သွင်းပြီးချိန်မှာ Civil 3D ဆော့ဝဲလ်က ကျွန်တော်တို့ကို ဘယ်လို ကူညီနိုင်မလဲဆိုတာ လေ့လာကြည့်ဖို့ Toolspace > Survey အောက်မှာရှိတဲ့ Survey Network ကိုဖြန့်ချလိုက်ပါမယ်။ အဲဒီမှာ အောက်ပုံ မှာ ပြထားသလိုပဲ ဒေတာအမျိုးအစားလိုက် စုစည်းပေးထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (စံပြု survey database network တခုကို ၎င်းမှာပါဝင်တဲ့ ဒေတာများနဲ့အတူ မြင်တွေ့ရပုံ) Control Points             FBK file အမျိုးအစား ဒေတာများကို ထည့်သွင်းချိန်မှာ Control Points များကို ရရှိလေ့ ရှိပါတယ်။ အဲဒီ FBK file  ထဲမှာ Control Points များကို NE, NEZ, or LAT LONG စသည့် ရှေ့ဆက်များနဲ့တွဲလျက် မှတ်သားထားပါတယ်။ တကယ်လို့ Control Points အဖြစ်သတ်မှတ်ချင်တဲ့ အခြားပွိုင့်များရှိခဲ့တယ်ဆိုရင်လည်း ဒီမှာ right-click > new ကနေ သွားပြီး သတ်မှတ်နိုင်ပါတယ်။ Non-Control Points             ASCII file လို့ခေါ်တဲ့ TXT or CSV ဖိုင်များကနေ

Civil 3D : Survey Database Component ရှင်းလင်းချက်

Image
AutoCAD Civil 3D Training Myanmar ကနေ Civil 3D နဲ့ပတ်သက်တဲ့ သိသင့်စရာများ ရှယ်ပေးပါရစေ။  Networks    Survey network ဆိုတာကတော့ ကွင်းဆင်းတိုင်းတာကောက်ယူထားတဲ့အချက်အလက်ဆိုင်ရာများကို စုစည်းထားတဲ့ နေရာတခု ဖြစ်ပါတယ်။ အဲဒီထဲမှာ စက်အထိုင်ချတဲ့နေရာတွေ၊ control points တွေ၊ non-control points များဖြစ်တဲ့ ဖတ်ချက်တွေ၊ Backsight directions တွေနဲ့ traverses စသည်တို့ ပါဝင်ပါတယ်။ Survey ဒေတာဘေ့စ်တခုမှာ Survey network တခုထက်မက များစွာပါဝင်နိုင်ပါတယ်။ ဒါကြောင့် စီမံကိန်း အပိုင်းလိုက် ကွဲပြားခြားနားတဲ့ Survey network များ သတ်မှတ်သုံးစွဲ စေနိုင်ပါတယ်။ Network Groups             Network groups ဆိုတာကတော့ Survey ဒေတာဘေ့စ်တခုအတွင်းရှိ တခုထက်မကသော Survey network များစွာပါဝင်တဲ့ အစုအဝေးကို ခေါ်ဆိုတာဖြစ်ပါတယ်။ များစွာသော Survey network များကို drawing အတွင်းသို့ drag and drop ဖိဆွဲထည့်သွင်းလိုက်ခြင်းဖြင့် Network groups ကို ရိုးရှင်းစွာဖန်တီးရယူနိုင်ပါတယ်။ Figures             ကွင်းဆင်းတိုင်းတာစဉ်က ထည့်သွင်း

AutoCAD Civil3D Training Center