Civil 3D 2022 New in ArcGIS Workflows
AutoCAD Civil 3D Training Myanmar ကနေ ပြောပြချင်တဲ့ အကြောင်းအရာကတော့ New in ArcGIS Workflows (What's New in 2022) ပဲ ဖြစ်ပါတယ်။ ArcGIS အတွက် အသစ်ပါဝင်လာမှုများ (၂၀၂၂ ဗားရှင်း) ArcGIS အတွက် မကြာသေးမီက ထည့်သွင်းလိုက်တဲ့ အဆင့်မြှင့်တင်မှုများ အကြောင်း လေ့လာရမှာပါ။ ArcGIS ကနေပြီးတော့ တင်သွင်းလိုက်တဲ့ raster ပုံရိပ်တွေကို ယခု ArcGIS မှ refresh လုပ်နိုင်ပါတယ်။ မိမိပုံထဲမှာရှိတဲ့ ArcGIS Datasets ကို အွန်လိုင်း ArcGIS Datasets နှင့် ကိုက်ညီစေရန် data Source Manager dialog box ထဲမှာရှိတဲ့ Refresh option ကို သုံးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ အွန်လိုင်းမှာရှိတဲ့ ဒေတာဗေ့စ်ကို အဆင့်မြှင့်လိုက်တယ်ဆိုပါက နောက်ဆုံးပြင်ဆင်မှုများကို မိမိပုံမှာ ရရှိဖို့ Refresh option ကို သုံးနိုင်ပါတယ်။ Datasets ကို Refresh လုပ်ခြင်းသည် ArcGIS မှာ အသစ်တင်ထားသောအရာဝတ္ထုများနှင့် attribute data များကို မိမိပုံအတွင်း တောင်းယူထည့်သွင်းခြင်း ဖြစ်ပါတယ်။ Insert tab > ArcGIS panel > Data Source Manager ကို ကလစ်လုပ်လျှင် Data Source Manager dialog ပွင့်လာပါမယ်။ အဲဒီမှာ ကိုယ် refresh လုပ်ချ