Posts

Showing posts with the label Online Class

Civil 3D Site Design Course for Engineer and Q.S

Image
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။  အခု ACTC Myanmar ကနေ ထပ်မံစီစဉ်ထားတဲ့ သင်တန်းလေးတခုကတော့ AutoCAD Civil 3D ကို အသုံးပြုပြီးတော့ Site Design ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာများကို Autodesk University speaker တဦးဖြစ်သလို Autodesk မှာ software development team နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်နေသူတဦးဖြစ်တဲ့ Civil 3D Instructor Mr. Eric Chappell ရဲ့ သင်ကြားပို့ချချက်များကို မှီငြင်းပြုစုထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ဒီသင်တန်းမှာဆိုရင် Site Design ပြုလုပ်ရာမှာ အဓိကအရေးပါတဲ့ အချက် ၂ ခု ဖြစ်တဲ့ Grading နဲ့ Strom Water Management အကြောင်းတို့ကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ လိုအပ်တဲ့ ဒီဇိုင်းကိုပုံဖော်နိင်ဖို့အတွက် အသုံးပြုတဲ့ feature line အကြောင်း သိသင့်စရာအစုံ နှင့် Grading Objects များ အကြောင်း ၊ Surface များ ဖွဲ့စည်း/တည်းဖြတ် အသုံးပြုပုံခြင်း စတဲ့ အကြောင်းအရာစုံ တို့ကို လေ့လာတတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မျက်နှာပြင် Surface Water ကို အလိုရှိရာ သွယ်ယူပို့ဆောင်နိုင်မယ့် Pipe Network အကြောင်းကိုလည်း လေ့လာသင်ယူရမှာပါ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ သွယ်ယူလာတဲ့ ရေကို ခေတ္တထ

What is Civil 3D? Civil 3D ဆိုတာ ဘာလဲ

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D ဆော့ဝဲလ် ရဲ့ အသုံးဝင်ပုံလေးတွေ ပြောပြချင်ပါတယ်ခင်ဗျာ။ Civil 3D ဆိုတာ ဘာလဲ။ ???? အဲဒါကို Engineer , Surveyor , Quantity Surveyor တွေက ဘယ်လို အသုံးချကြလဲ။ ???? ဘယ်လိုနေရာတွေမှာ အသုံးများသလဲ။ ??????  တချို့လည်း ဒါတွေကို သိချင်ကြမယ် ထင်ပါတယ်။  Civil 3D ဆိုတာကတော့ အများသုံးနေကြတဲ့ ရိုးရိုးသာမန် AutoCAD ကို မြို့ပြအင်ဂျင်နီယာလုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ tool တွေ command တွေ ထပ်ဆောင်းဖြည့်ပေးထားတဲ့ ဆော့ဝဲလ် ဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိမြေမျက်နှာသွင်ပြင် အနေအထားကို ဖော်ပြပေးနိုင်တဲ့ contour surface တွေ၊ အဲဒီအပေါ်မှာ ကိုယ်အကောင်အထည်ဖော် ဆောင်ရွက်လိုတဲ့ လျာထားလမ်းအူကြောင်းတွေ၊ လမ်းအူကြောင်းတလျှောက်ရှိ အလျားလိုက်ဖြတ်ပိုင်းပုံစံတွေ တို့ကို လွယ်လွယ်ကူကူ ရေးဆွဲဖော်ပြနိုင် ၊ မြေကြီးလုပ်ငန်းပမာဏတွေ တွက်ချက်ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။  ဒါဆိုရင် Surveyor က တိုင်းတာထားတဲ့ ဒေတာတွေကို သုံးပြီးတော့ အလွယ်တကူ ကွန်တိုမြေပုံထုတ်နိုင်မယ်။ Engineer များက မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လမ်းတွေ၊ ဆည်မြောင်းတွေကို အ

Civil 3D : Survey Database and Edit Linework လေ့ကျင့်ခန်း

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D ကို ကိုယ်တိုင်လ့လာသင်ယူလိုသူများအတွက် လက်တွေ့လေ့ကျင့်နိုင်ဖို့ sharing လုပ်ပေးတာပါခင်ဗျာ။  အသုံးဝင်တယ်ဆိုရင် မိမိသူငယ်ချင်းများ လေ့လာနိုင်ဖို့ ထပ်ဆင့်မျှဝပေးပါခင်ဗျာ။ Exercise For Survey Database and Linework             ဒီလက်တွေ့လေ့ကျင့်ခန်းမှာတော့ ဆာဗေးဒေတာများပါဝင်တဲ့ ASCII file ကိုသုံးပြီး survey database ၊ network ၊ အစရှိသည်တို့ကို import လုပ်ဖန်တီးသွားမှာ   ဖြစ်ပါတယ်။              အဆင့် ၁  ပထမဦးစွာ ပေယူနစ်သုံးမှာဖြစ်တဲ့အတွက် _AutoCAD Civil 3 D (Imperial) NCS.dwt template file က နေပြီးတော့ drawing အသစ်တခု ဖွင့်ပါမယ်။ ကျွန်တော်တို့က အရင်သင်ခန်းစာကနေ လာတာမဟုတ်ပဲ ပုံအသစ်ခေါ်ယူလာခြင်းဖြစ်တာမို့ Mastering Civil 3 D.fdb_xdef ဆိုတဲ့ဖိုင်ကို C:\ProgramData\Autodesk\C 3 D 2014 \enu\Survey အောက်ကို ကူးယူထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။  Civil 3D 2018 အတွက်ဆိုရင်တော့ C:\ProgramData\Autodesk\C 3 D 2018 \enu\Survey အောက်ကို ပေါ့။  ဒီဖိုင်လမ်းကြောင်းကို ပုံမှန်အားဖြင့် ကွန်ပြူတာဝင်းဒိုးစနစ်က ဖွက်ထားတာကြောင့် မြင်တွေ့ရမှာ မဟုတ်ပါဘူး။

AutoCAD Civil3D Training Center