Posts

Showing posts with the label Points

Civil 3D : Point အကြောင်း အပိုင်း ၃

Image
 AutoCAD Civil 3D Training Myanmar ကနေ Civil 3D Points အကြောင်း အပိုင်း ၃ ကို မျှဝေတင်ဆက်  ပေးလိုက်ပါတယ်ခင်ဗျာ။  Default Layer မူလသတ်မှတ်အလွှာ             Civil 3 D object အများစုအတွက်ကတော့ ဘယ်ဟာကို ဘယ် layer မှာထားမယ်ဆိုတာကို drawing settings မှာ သတ်မှတ်ရပါတယ်။ ပွိုင့်အတွက်ကျတော့ အဲလိုမဟုတ်ဘဲ description key နဲ့ ကိုက်ညီမှု ရှိ/မရှိက အဆုံးအဖြတ် ပေးတာဖြစ်ပါတယ်။ description key အရ သတ်မှတ်လိုက်တဲ့ layer ကပဲ အခြားသတ်မှတ်ချက်များကို ကျော်လွန် လွှမ်းမိုး သွားတာ ဖြစ်ပါတယ်။ description key မရှိဘူးဆိုရင်တော့ point creation command settings မှာ default layer သတ်မှတ် နိုင်ပါတယ်။ ပုံ ၃.၄ ကို ကြည့်နိုင်ပါတယ်။ Description Key Sets အကြောင်းကတော့ တင်ပေးပြီး ဖြစ်တဲ့အတွက် ထပ်မရှင်းတော့ပါဘူး။ ပုံ ၃.၄   Create Points Toolbar ကို ဖြန့်ချ၍ default layer ပြောင်းလဲ သတ်မှတ်နိုင်ပုံ Prompt for Elevati

Civil 3D : Point အကြောင်း အပိုင်း ၂

Image
 AutoCAD Civil 3D Training Myanmar မှ Civil 3D Points အကြောင်း အပိုင်း ၂ ကို ထပ်မံမျှဝေပေးထားပါတယ်။ Creating Basic Points (အခြေခံပွိုင့်ဖန်တီးခြင်း)             Ribbon > Home Tab > Create Ground Data panel အောက်က ပွိုင့်မီနူးအောက်မှာ ပွိုင့်ဖန်တီးခြင်းနည်းလမ်း များစွာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ဒေတာဘေ့စ်များ၊ AutoCAD ပွိုင့်များကနေ ပြောင်းလဲခြင်း၊ text ဖိုင်ကနေပြီး ခေါ်ယူထည့်သွင်းခြင်း အစရှိသည့် နည်းလမ်းများဖြင့် ပွိုင့်များ ဖန်တီးနိုင်ပါတယ်။ Point Settings (ပွိုင့်ချိန်ညှိခြင်း)             ပွိုင့်ချိန်ညှိခြင်းဟာ command settings လိုပဲ ပထမဆုံး လေ့လာသင့်တဲ့ အချက်ဖြစ်ပါတယ်။ Civil 3 D objects အားလုံးနှင့် သက်ဆိုင်တဲ့ ချိန်ညှိချက်များကို Toolspace > Setting အောက်မှာ တွေ့ရမှာပါ။ ပွိုင့်အတွက်ဆိုရင်လည်း အဲဒီမှာပဲ အလွယ်တကူ ရှာပြောင်းနိုင်ပါတယ်။ ဒီလိုပြောင်းလဲသတ်မှတ်မှုဟာ ကျွန်တော်တို့ သုံးစွဲမယ့် template settings များအပေါ်မှာလည်း မူတည်ပါတယ်။ ကိုယ်ပြောင်းလဲထားတာကို အမြဲတမ်း ဆက်သုံးနိုင်ဖို့ဆိုရင် အောက်ပါအချက်များ လုပ်ဆောင်ထားဖို့ လိုပါတယ်။   1 . Toolspace > Settin

Civil 3D : Point အကြောင်း သိသင့်သည်များ (အပိုင်း ၁)

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D မှာ ပါဝင်တဲ့ Point အကြောင်း သိသင့်သည်များ အပိုင်း ၁ ကို ဗဟုသုတအဖြစ် တင်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ။                အများအားဖြင့် ရှိပြီးသား အချက်အလက်များဖြစ်တဲ့ သစ်ပင်၊စည်းရိုးထောင့် နှင့် မြေကြီးနိမ့်/မြင့်ဖတ်ချက်များ ၊ တည်နေရာသတ်မှတ်ပေးရမယ့် လျာထားလမ်းအူကြောင်းများ စသည်တို့ကို ဖော်ပြဖို့အတွက် ပွိုင့်များကို သုံးလေ့ရှိပါတယ်။                AutoCAD® Civil 3 D® ပွိုင့်များဟာ ကိုဩဒိနိတ်စနစ်ဖြင့် x, y, z တန်ဖိုးများကို သတ်မှတ်ဖော်ပြနိုင်တဲ့ အရာများ ဖြစ်ပါတယ်။ ပွိုင့်အသီးသီးမှာ မတူညီတဲ့ ပွိုင့်နံပါတ်များ ရှိပြီး စံပြုအမည်လည်း လိုအပ်လျှင် သတ်မှတ်/ရည်ညွှန်းနိုင်ပါတယ်။ အောက်ပါ ပုံကို ကြည့်လျှင်  ပွိုင့်အမှတ်အသား၊ ပွိုင့်နံပါတ်၊ ပွိုင့်အမျိုးအမည်ဖော်ပြချက်၊ ပွိုင့်နိမ့်/မြင့်တန်ဖိုး စသည်တို့ ပါဝင်သည့် စံပြုပွိုင့်တခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။  COGO Points vs. Survey Points (Coordinate Geometry ပွိုင့် နှင့် ဆာဗေးပွိုင့်)             Survey Database တည်ဆောက်ပြီး အဲဒီကနေ ထည့်သွင်းထားတဲ့ ပွိုင့် များကို ဆာဗေးပွိုင့် လို့ ရည်ညွှန်းပါတယ်။ အခုအ

AutoCAD Civil3D Training Center