Posts

Showing posts with the label Surface

Civil 3D : How To Export and Import Surface as LandXML and DEM Format

Image
Surface တခုကို LandXML သို့မဟုတ် DEM ဖိုင်အဖြစ် Export ထုတ်တာ၊ Import လုပ် အသုံးပြုတာကို လေ့လာရပါမယ်။ ၁။ ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်း တနေ့မှာ ၂၀၂၁ နှောင်းပိုင်းလောက်တုန်းက သင်တန်းတက်ခဲ့ဖူးသူ Phd Candidate သင်တန်းသူတယောက်က လက်ရှိပရောဂျက်မှာ အသုံးပြုဖို့အတွက် DEM ဖိုင်တွေကို Surface အဖြစ် ထည့်သုံးလို့ ရမလားလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း ယခင် 2015 လောက်တုန်းက အသုံးပြုခဲ့ဖူးတာမို့ ရပါတယ်လို့ ဖြေလိုက်ပါတယ်။ အသုံးပြုပုံ ပြုနည်းကိုလည်း ပြပေးလိုက်ပါတယ်။ သို့သော်လည်း သူ့အသုံးပြုတဲ့ DEM ဖိုင်က ဘာပြဿနာရှိနေသလဲ မသိဘူး error တက်ပြီး၊ လုပ်မရဖြစ်နေတော့ ကျွန်တော်လည်း ပြန်စစ်ဆေးကြည့်ပေးဖို့ ဖြစ်လာပါတယ်။ ကျွန်တော် ပြန်စစ်ဆေးကြည့်လိုက်ချိန်မှာလည်း သူပြောတဲ့အတိုင်းပဲ ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်လည်း တော်တော် ဦးနှောက်ခြောက်သွားတယ်။ အရင် အဆင်ပြေနေတာကို အခုကျမှ ဘာလို့ ပြဿနာ ဖြစ်နေရတာလဲပေါ့။ သူပို့ပေးတဲ့ DEM ဖိုင်မသုံးပဲ ကျွန်တော်ဆီမှာရှိတဲ့ နမူနာ DEM ဖိုင်တခု သုံးပြီး လုပ်ကြည့်လိုက်တော့လည်း အဆင်ပြေနေတာ တွေ့ရပြန်တယ်။ ၂။ စိတ်ကူးကြံဆပုံ (Concept) ဒီတော့ သူ့ဖိုင်မှာ ပြဿနာရှိနေတာ သေချာတာမို့ ဖို

Civil 3D : How To Get Point Elevation Matching To Surface

Image
Surface Elevation နဲ့ ကိုက်ညီသော ပွိုင့်တွေ ဘယ်လိုဖန်တီးယူမလဲ ၁။ ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်း သင်တန်းသူတယောက်ရဲ့ မေးခွန်းလေးကို ဖြေထားတာ ဖြစ်ပါတယ်ခင်ဗျာ။ Pile Top Level တွေကို အနိမ့်အမြင့် မညီတဲ့အတိုင်း ဆွဲလို့ ရလားလို့ မေးလာပါတယ်။ Pile Cut Off Level တွေက အများအားဖြင့် ညီတတ်တော့ ဘာအတွက်လဲ မေးကြည့်ရာမှာသူက Sea Bed အောက်မှာ ပိုင်ရိုက်နေတဲ့ဖြစ်တဲ့အတွက် သဘာဝပင်လယ်ကြမ်းပြင်က အနိမ့်အမြင့် မညီတော့ အဲဒီ Sea Bed Level မညီတဲ့အတိုင်း 3D ဆွဲပြချင်လို့ပါလို့ ဆိုပါတယ်။ ၂။ စိတ်ကူးစိတ်သန်း ကြံဆပုံ (Concept) ဒီတော့ ပထမအဆင့်အနေနဲ့ Surface Elevation အတိုင်း ပွိုင့်တွေဖန်တီးဖို့ လိုလာပါတယ်။ ဒါကြောင့် ဒီ video လေးမှာ မိမိဆွဲသားထားတဲ့ surface ရဲ့ နိမ့်/မြင့်တန်ဖိုးအတိုင်း ပွိုင့်ဖန်တီးထုတ်ယူပုံကို လေ့လာရပါမယ်။ အဲလိုပွိုင့်ရလာပြီဆိုရင် မိမိလိုအပ်သလို အသုံးချနိုင်ပါတယ်။ ဘာတွေ သုံးလို့ရမလဲဆိုတော့ Design Level ထုတ်ပေးတာ၊ Existing Level ပြသတာမျိုး အပြင် တခြားမိမိပြသလိုတဲ့ ပုံများကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ၃။ ဆက်လက်ကြည့်ရှုရန် ၄။ သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားပါက Civil 3D ဆော့ဝဲလ် အသုံးပြုပြီး

Civil 3D : Editing Surface Contour with Surface Point

Image
ACTC MYANMAR မှာ သင်တန်းတက်နေတဲ့ သင်တန်းသားတယောက်ရဲ့ မေးခွန်းလေး ဖြစ်ပါတယ်။  သူက ဘယ်လိုမေးထားလဲဆိုတော့ ပွိုင့်အားလုံးကိုလည်း Surface ဖွဲ့ရာမှာ ပါစေချင်တယ်။ သို့သော်လည်း အမြင့်ဆုံးကွန်တိုလိုင်းတန်ဖိုးကို သူလိုချင်တဲ့ တန်ဖိုးအထိပဲ ကွန်တိုရစ်ချင်တယ်လို့ ပြောထားပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါကို ပြုလုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အနည်းငယ် ဉာဏ်ကစားဖို့ လိုလာပါတယ်။ ပွိုင့်အားလုံးနဲ့ ကွန်တိုရစ်ပြီး ပြန်လည်ပြင်ဆင်မှသာ သူလိုချင်သလို ရရှိမှာ ဖြစ်ပါတယ်။ အခု Surface Point Edit အကြောင်း အောက်က video လေးမှာမြည်းစမ်းလေ့လာကြည့်ရအောင်။ Gmail account တခု ရှိရုံနဲ့ အားလပ်ချိန်မှာ မိမိကိုယ်တိုင် ဝင်ရောက်လေ့လာသင်ယူနိုင်မယ့် သင်တန်းလေးတွေ အကြောင်းလည်း အောက်မှာ ရှင်းပြထားပါတယ်။ Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Essential Road Design သင်တန်းမှာ ပါဝင်တဲ့ အကြောင်းအရာများကို   https://www.actcmyanmar.com/.../civil-3d-training-road...   မှာ ဝင်ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at self-paced Go

Civil 3D Surface Creation from Imported Point Groups လေ့ကျင့်ခန်း

Image
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D software မှာ surface creation ပြုလုပ်ခြင်းအကြောင်း ပြောပြပါရစေ။  အရင်သင်ခန်းစာမှ အဆက်ဖြစ်ပါတယ် ။ အရင်သင်ခန်းစာကို ကြည့်လိုပါက  ဒီကို နှိပ်ပါ။   အခု import လုပ်ထားသောပွိုင့်များကိုသုံး၍ surface ဖွဲ့ပါမယ်။ အဆင့် ၁ Home tab > Create Ground data panel > Surface > Create Surface ကို ကလစ်နှိပ်ပါ။ ပွိုင့်ဒေတာဖိုင်ဒေါင်းရန်  ဒီလင့်မှာဒေါင်းပါ အဆင့် ၂ Create surface dialog မှာ name ကို Existing လို့ နာမည်ပေးပြီး အိုကေ နှိပ်ပါ။ အဆင့် ၃ Toolspace > Prospector tab > Surface ကို ဖြန့်ချပြီး Existing ကိုထပ်ဖြန့်ချပါ။ Definition ကိုထပ်ဖြန့်ပြီး > Point Groups ကို Right Click နှိပ်ပြီး Add ကိုထပ်နှိပ်ပါ။ All points ကိုရွေးပြီး အိုကေနှိပ်ပါ။ အခုဆိုရင် ကျွန်တော်တို့ ကွန်တိုလိုင်းများပါဝင်တဲ့ Surface တခုကို ရပါပြီ။ အခု Surface edit နဲနဲထပ်လုပ်ကြည့်ပါမယ်။ အဆင့် ၁ Toolspace > Survey tab > Figures ကို Right Click နှိပ်ပြီး Create Breakline

AutoCAD Civil3D Training Center