Posts

Showing posts with the label Survey

Surveying Knowledge : Resection အသုံးပြုမယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ

Image
Resection အသုံးပြုမယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ တည်ဆောက်ရေးလုပ်ငန်း အမျိုးမျိုး အကောင်အထည်ဖော်ရာမှာ စီမံကိန်းပုံစံ ရေးဆွဲတဲ့ အဆင့်ကနေ လက်တွေ့တည်ဆောက်တဲ့အဆင့်အထိ လုပ်ငန်းလိုအပ်ချက်အရ Survey တိုင်းတာခြင်းများ လုပ်ဆောင်ကြရပါတယ်။ အဲဒီလို တိုင်းတာခြင်းများ လုပ်ဆောင်ရာမှာ မြေပြင်ကန့်သတ်ချက်များကြောင့် Occupy > Backsight တိုင်းတာဖို့ မလွယ်ကူတဲ့အခါမျိုးမှာ Resection နည်းကို မလွှဲမရှောင်သာ မဖြစ်မနေ အသုံးပြုကြရပါတယ်။ အဲဒီလို Resection အသုံးပြု တိုင်းတာရာမှာ အမှားနည်းအောင် သိထားသင့်တဲ့ အချက်များကို Pentax R 2505 NS Instrument Manual ကို အခြေခံပြီး ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Surveyor များ အနေနဲ့ မိမိအသုံးပြုနေတဲ့ သက်ဆိုင်ရာ Instrument Manual ကို ဖတ်ရှုပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချမယ်ဆိုရင် များစွာအကျိုးရှိနိုင်တာမို့ Instrument Manual ကိုလည်း ဖတ်ဖြစ်အောင် ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အောက်က နမူနာပုံစံ ၁ ကို လေ့လာကြည့်ပြီး Resection ဆွဲဖို့ စက်အထိုင်သင့်ဆုံးနေရာ ရွေးကြည့်ရအောင်။ အခုပြထားတဲ့ပုံစံ ၁ အရ Known Point က P1 နှင့် P3 တို့ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ စက်ထ

Getting Job as a Surveyor (Surveyor တယောက်လုပ်တော့မယ်ဆိုရင်)

Image
အခုခေတ်လို အပြိုင်အဆိုင်တွေများတဲ့ ကာလမှာ Surveyor တယောက် အဖြစ် ဘယ်လို အသက်မွေးမလဲ။ အလုပ်အကိုင် ရှာဖွေကြတဲ့အခါ စျေးကွက်က တောင်းဆိုနေတဲ့ အရည်အသွေးရှိတဲ့သူက အခွင့်အလမ်း ပိုရှိတယ်ဆိုတာ မငြင်းပယ်နိုင်တဲ့ အချက် ဖြစ်ပါတယ်။ (ကိုယ်တယောက်ထဲ အမြင်သာ ဖြစ်တဲ့အတွက် မပြည့်စုံတာတွေ၊ အမြင်မတူတာတွေ၊ အငြားပွားဖွယ်ရာတွေ ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ။) ဒီတော့ Surveyor စျေးကွက်မှာ ဘာတေ တောင်းဆိုနေလဲ၊ ဘာတေလိုအပ်နေလဲ ဆိုတာ အရင်သိဖို့ လိုအပ်ပါတယ်။ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေကို သိလာခဲ့ရင် အဲဒါတွေကို ရှာဖွေဖြည့်ဆည်းမယ်။ ဒါဆိုရင် ကိုယ်ဟာ စျေးကွက်မှာ ပြိုင်ဆိုင်နိုင်စွမ်းရှိသူ၊ အခွင့်အလမ်းများသူ တယောက် ဖြစ်လာပါလိမ့်မယ်။ မကြာသေးခင် က အလုပ်ခေါ်ထားတဲ့ အလုပ်ခေါ်စာ ပုံမှာ ဆိုရင် Surveyor တယောက် လုပ်ပေးစေချင်၊ တာဝန်ယူစေချင်တဲ့ လုပ်ငန်းတာဝန်များကို မြင်တွေ့ရမှာပါ။ အဲမှာဆိုရင် တောင်းဆိုချက် ၁၂ မျိုးတောင် ပါဝင်နေတာ တွေ့ရမှာပါ။ ဒီတော့ ကျွန်တော့်အမြင်အရ တောင်းဆိုချက် အကုန်လုံးကို မဟုတ်တောင် အတော်များများကိုတော့ ဖြည့်ဆည်းထားသင့်ပါတယ်။

Civil 3D : Using Inquiry Commands အပိုင်း ၂

Image
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Using Inquiry Commands (Part 2) ကို ထပ်မံမျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ။              List Slope tool    ကတော့ ပွိုင့် ၂ ခုအကြား၊ မျဉ်းတကြောင်း၊   feature line  တခုရဲ့ နိမ့်မြင့်တန်ဖိုးနှင့် အစောင်းလျှောစောက်တန်ဖိုးကို သိရှိစေနိုင်ပါတယ်။               Line And Arc Information tool  ကတော့ ပုံ ၂.၄၁ မှာ မြင်ရသလိုပဲ ကိုယ်ရွေးချယ်လိုက်တဲ့  line or arc  ရဲ့ အချက်အလက်များကို ပြသပေးနိုင်ပါတယ်။  Parcel  နှင့်  Alignment  မှာပါဝင်တဲ့ အစိတ်အပိုင်းများရဲ့ အချက်အလက်ကို သိရှိဖို့လည်း သုံးနိုင်ပါတယ်။  Command active  ဖြစ်နေစဉ်မှာ  points  ( P ) လို့ရိုက်ထည့်ပြီး ပွိုင့် ၂ ခုကို ကိုယ်စားပြုတဲ့ ကလစ် ၂ ချက် ချပေးလိုက်ရင် အဲဒီ ၂ ပွိုင့် ကြား အချက်အလက်များကို  command line  မှာ ပြသပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ ပျောက်သွားလို့ ပြန်ကြည့်ချင်ရင်တော့  F2  နှိပ်ပြီး  Text Window  ဖော်၍ ပြန်ကြည့်နိုင်ပါတယ်။ ပုံ ၂.၄၁   Text Window  တွင်  Line And Arc Inquiry  မှ ရရှိသော အချက်အလက်များကို မြင်တွေ့ရပုံ              Line  တခုရဲ့ အချက်အလက်များကို ကြည့်ရှုရာမှာ ရိုးရိုး  AutoCAD L

Civil 3D Tools : Inquiry Command အသုံးပြုခြင်း အပိုင်း ၁

Image
 AutoCAD Civil 3D Training Myanmar မှ ယခုတပတ် ပြောပြချင်တဲ့ အကြောင်းအရာကတော့ Using Inquiry Commands အကြောင်းပဲ ဖြစ်ပါတယ်။              Surveyor တယောက်ရဲ့လုပ်ငန်းတာဝန်များထဲမှာ မျဉ်း၊မျဉ်းကွေးအစရှိသည်တို့ရဲ့ အလျား၊ ဦးတည်လားရာ နှင့် အခြား ဝိသေသ လက္ခဏာများကို ရှာဖွေတင်ပြပေးရခြင်းကလည်း ကြီးမားတဲ့အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါကို အထောက်အကူ ပြုပေးနိုင်တာကတော့ Ribbon > Analyze Tab > Inquiry commands panel ပုံ ၂.၃၈ မှာ ပါဝင်တဲ့ tools များ ဖြစ်ပါတယ်။ Civil 3D ရဲ့ survey နှင့်ဆက်နွယ်သောလုပ်ငန်းဆောင်တာများအတွက် အလွန်အဖိုးတန်လှပါတယ်။ Panels များကို Ribbon ကနေပြီးတော့ ပုံဆွဲဧရိယာအတွင်းကို drag ဆွဲရွေ့ပြီး toolbar လို သုံးလို့လည်း ရပါတယ် ။ ပုံ ၂.၃၈ Inquiry commands panel ကိုမြင်တွေ့ရပုံ                ပုံ ၂.၃၉ မှာ မြင်ရတဲ့ The Inquiry Tool ကတော့ Civil 3 D objects များကို ကျွန်တော်တို့လေ့လာချိန်မှာ အထောက်အကူပေးနိုင်သော commands များကို စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ Ribbon > Analyze Tab > Inquiry commands panel မှာ ပါတဲ့ Inquiry Tool ဆိုတာကို ကလစ်နှိပ်လိုက်ရင် ဒီဝင်းဒိုး ပွင့်လာ

AutoCAD Civil3D Training Center