Posts

Showing posts with the label Survey Point Group

Civil 3D : Survey Database Component ရှင်းလင်းချက်

Image
AutoCAD Civil 3D Training Myanmar ကနေ Civil 3D နဲ့ပတ်သက်တဲ့ သိသင့်စရာများ ရှယ်ပေးပါရစေ။  Networks    Survey network ဆိုတာကတော့ ကွင်းဆင်းတိုင်းတာကောက်ယူထားတဲ့အချက်အလက်ဆိုင်ရာများကို စုစည်းထားတဲ့ နေရာတခု ဖြစ်ပါတယ်။ အဲဒီထဲမှာ စက်အထိုင်ချတဲ့နေရာတွေ၊ control points တွေ၊ non-control points များဖြစ်တဲ့ ဖတ်ချက်တွေ၊ Backsight directions တွေနဲ့ traverses စသည်တို့ ပါဝင်ပါတယ်။ Survey ဒေတာဘေ့စ်တခုမှာ Survey network တခုထက်မက များစွာပါဝင်နိုင်ပါတယ်။ ဒါကြောင့် စီမံကိန်း အပိုင်းလိုက် ကွဲပြားခြားနားတဲ့ Survey network များ သတ်မှတ်သုံးစွဲ စေနိုင်ပါတယ်။ Network Groups             Network groups ဆိုတာကတော့ Survey ဒေတာဘေ့စ်တခုအတွင်းရှိ တခုထက်မကသော Survey network များစွာပါဝင်တဲ့ အစုအဝေးကို ခေါ်ဆိုတာဖြစ်ပါတယ်။ များစွာသော Survey network များကို drawing အတွင်းသို့ drag and drop ဖိဆွဲထည့်သွင်းလိုက်ခြင်းဖြင့် Network groups ကို ရိုးရှင်းစွာဖန်တီးရယူနိုင်ပါတယ်။ Figures             ကွင်းဆင်းတိုင်းတာစဉ်က ထည့်သွင်း

AutoCAD Civil3D Training Center