Posts

Showing posts with the label Survey Query

Civil 3D : Using Inquiry Commands အပိုင်း ၂

Image
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Using Inquiry Commands (Part 2) ကို ထပ်မံမျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ။              List Slope tool    ကတော့ ပွိုင့် ၂ ခုအကြား၊ မျဉ်းတကြောင်း၊   feature line  တခုရဲ့ နိမ့်မြင့်တန်ဖိုးနှင့် အစောင်းလျှောစောက်တန်ဖိုးကို သိရှိစေနိုင်ပါတယ်။               Line And Arc Information tool  ကတော့ ပုံ ၂.၄၁ မှာ မြင်ရသလိုပဲ ကိုယ်ရွေးချယ်လိုက်တဲ့  line or arc  ရဲ့ အချက်အလက်များကို ပြသပေးနိုင်ပါတယ်။  Parcel  နှင့်  Alignment  မှာပါဝင်တဲ့ အစိတ်အပိုင်းများရဲ့ အချက်အလက်ကို သိရှိဖို့လည်း သုံးနိုင်ပါတယ်။  Command active  ဖြစ်နေစဉ်မှာ  points  ( P ) လို့ရိုက်ထည့်ပြီး ပွိုင့် ၂ ခုကို ကိုယ်စားပြုတဲ့ ကလစ် ၂ ချက် ချပေးလိုက်ရင် အဲဒီ ၂ ပွိုင့် ကြား အချက်အလက်များကို  command line  မှာ ပြသပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ ပျောက်သွားလို့ ပြန်ကြည့်ချင်ရင်တော့  F2  နှိပ်ပြီး  Text Window  ဖော်၍ ပြန်ကြည့်နိုင်ပါတယ်။ ပုံ ၂.၄၁   Text Window  တွင်  Line And Arc Inquiry  မှ ရရှိသော အချက်အလက်များကို မြင်တွေ့ရပုံ              Line  တခုရဲ့ အချက်အလက်များကို ကြည့်ရှုရာမှာ ရိုးရိုး  AutoCAD L

Civil 3D Tools : Inquiry Command အသုံးပြုခြင်း အပိုင်း ၁

Image
 AutoCAD Civil 3D Training Myanmar မှ ယခုတပတ် ပြောပြချင်တဲ့ အကြောင်းအရာကတော့ Using Inquiry Commands အကြောင်းပဲ ဖြစ်ပါတယ်။              Surveyor တယောက်ရဲ့လုပ်ငန်းတာဝန်များထဲမှာ မျဉ်း၊မျဉ်းကွေးအစရှိသည်တို့ရဲ့ အလျား၊ ဦးတည်လားရာ နှင့် အခြား ဝိသေသ လက္ခဏာများကို ရှာဖွေတင်ပြပေးရခြင်းကလည်း ကြီးမားတဲ့အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါကို အထောက်အကူ ပြုပေးနိုင်တာကတော့ Ribbon > Analyze Tab > Inquiry commands panel ပုံ ၂.၃၈ မှာ ပါဝင်တဲ့ tools များ ဖြစ်ပါတယ်။ Civil 3D ရဲ့ survey နှင့်ဆက်နွယ်သောလုပ်ငန်းဆောင်တာများအတွက် အလွန်အဖိုးတန်လှပါတယ်။ Panels များကို Ribbon ကနေပြီးတော့ ပုံဆွဲဧရိယာအတွင်းကို drag ဆွဲရွေ့ပြီး toolbar လို သုံးလို့လည်း ရပါတယ် ။ ပုံ ၂.၃၈ Inquiry commands panel ကိုမြင်တွေ့ရပုံ                ပုံ ၂.၃၉ မှာ မြင်ရတဲ့ The Inquiry Tool ကတော့ Civil 3 D objects များကို ကျွန်တော်တို့လေ့လာချိန်မှာ အထောက်အကူပေးနိုင်သော commands များကို စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ Ribbon > Analyze Tab > Inquiry commands panel မှာ ပါတဲ့ Inquiry Tool ဆိုတာကို ကလစ်နှိပ်လိုက်ရင် ဒီဝင်းဒိုး ပွင့်လာ

Civil 3D : Survey Query ဆိုတာဘာလဲ? ဘယ်လိုသုံးရမှာလဲ?

Image
 AutoCAD Civil 3D Training Myanmar ကနေ Civil 3D မှာ ပါတဲ့ Survey Query အကြောင်း ပြောပြပါရစေ။ Survey Queries ဆိုတာဘာလဲ? ဘယ်လို၊ဘယ်နေရာမှာ၊ဘာအတွက်သုံးတာလဲ ဆိုတာအတွက် ဖြစ်ပါတယ်။             Survey queries ကို အသုံးပြုပြီးတော့ survey database အတွင်းမှာ ရှိတဲ့အချက်အလက်များကို ရှာဖွေနိုင်ပါတယ်။ Query ကိုသုံးပြီးတော့ သူနဲ့ သက်ဆိုင်ဆက်နွယ်တဲ့ survey points အုပ်စု၊ figures အစရှိသည်တို့ကို ဖော်ပြနိုင်ပါတယ်။ ဥပမာ - ဓါတ်တိုင်များကို ကိုယ်စားပြုတဲ့ survey points query ကိုသုံးပြီး Power lines figures များကို ဖော်ပြနိုင်ပါတယ်။ Utilities များပါဝင်တဲ့ query တခု ဖန်တီးလိုက်တယ်ဆိုရင် ကျွန်တော်တို့ဟာ figures နှင့် points များကို isolate လုပ်နိုင်၊ အခြား drawing တခု အတွင်းသို့ ထည့်သွင်းနိုင်ပါတယ်။ survey query ကို surface နဲ့ဆက်စပ်သုံးစွဲမယ်ဆိုရင် အကောင်းဆုံး စွမ်းဆောင်ရည် ရရှိမှာ ဖြစ်ပါတယ်။ figures နှင့် points များပါဝင်တဲ့ query တခုကို surface model တခုထဲ ထည့်လိုက်မယ်ဆိုရင် figures များကို breaklines အဖြစ် အလိုအလျောက် အသုံးပြုနိုင်တာ တွေ့ရမှာပါ။ surface data အတွက်သုံးနိုင်တဲ့ နမူနာ surv

AutoCAD Civil3D Training Center