Civil 3D Tutorials : Line Tools အသုံးပြုပြီး Traverse တခု လက်တွေ့ ဖန်တီးခြင်း
ကျွန်တော်တို့ AutoCAD Civil 3D Training Center- Myanmar ကနေပြီးတော့ ဒီနေ့ မှာ Line Tools အသုံးပြုပြီး Traverse တခု လက်တွေ့ ဖန်တီးရေးဆွဲနည်း ကို တင်ဆက်ပေးလိုက်ပါတယ်။ လက်တွေ့ လိုက်လုပ်ကြည့်လို့ ရအောင်လို့ လေ့ကျင့်ခန်းဖိုင်ပါ ဒေါင်းလုဒ်လင့် ထည့်ပေးထားပါတယ်ခင်ဗျာ။ ဒီနေ့တော့ အရင်ပြောထားတဲ့လိုင်းဆွဲနည်းများကို သုံးပြီးလက်တွေ့ စမ်းဆွဲကြည့်ရအောင်။ 0105_Legal.dwg ဆိုတဲ့ဖိုင်ကို ပေးထားတဲ့လင့်ကနေ ဒေါင်းပြီးဖွင့်လိုက်ပါမယ်။ Download 0105_Legal.dwg ဒေါင်းလုဒ်ဆွဲနည်းကို ဒီမှာကြည့်ပေးပါ။ 👉👉 https://www.actcmyanmar.com/2021/10/download-from-ouo.html Pcloud အကောင့်ရှိသူများကတော့ မဒေါင်းဖြစ်သေးရင် မိမိတို့အကောင့်မှာ ကူးယူသိမ်းဆည်းထားနိုင်ပါတယ်။ အကောင့်မရှိသေးသူများလည်း အကောင့်ဖွင့်ထားချင်ရင် အောက်ပါလင့်ကနေတဆင့် ဖွင့်နိုင်ပါတယ်။ https://u.pcloud.com/#page=register&invite=yqzH7ZezszOX Pcloud Premimum Account ကို တလ free စမ်းသုံးကြည့်ချင်ရင်တော့ ဒီလင့်ကနေ ဖွင့်နိုင်ပါတယ်။ Pcloud Premimum ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီးတာနဲ့ ကျွန်တော်တို့ မြင်ရမှာကတော့ အနီရောင်မြှားတခု နဲ့ အစိမ်းရောင် စာသား များ ဖြ