Posts

Civil 3D: The Interface

Image
Civil 3D User Interface အကြောင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။              တကယ်လို့ သင်ဟာ Civil3D 2009 နှင့် ၎င်းရဲ့ရှေ့ Version များကိုသုံးစွဲဖူးသူ သို့မဟုတ် အခုမှ Civil3D 2014 ကို စသုံးစွဲမယ့်သူတယောက်ဖြစ်တယ်ဆိုရင် ဒီအပိုင်းဟာ သင့်အတွက် အထူးရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ Civil3D 2010 နှင့်အထက် Version များကို သုံးစွဲဖူးသူတယောက် ဖြစ်မယ်ဆိုရင်လည်း ဒီစာအုပ်တလျှောက် သုံးစွဲသွားမယ့် နည်းပညာရပ်ဆိုင်ရာ ဝေါဟာရများကို ပိုမိုနားလည်စေဖို့ အကူအညီ ဖြစ်စေမှာပါ။ Civil3D ဟာ ribbon-based interface ကို အသုံးပြုထားပြီး အဲဒီမှာပဲ tools များစွာကို ကျွန်တော်တို့ ယူငင်သုံးစွဲနိုင်ပါတယ်။ R ibbon မှာ tools များစွာကို logically စုစည်းထားတဲ့ tabs များ ၊ panels များ ဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Civil 3D 2014 နဲ့ အလုပ်လုပ်ချိန်မှာ ကျွန်တော်တို့ရဲ့အချိန်အများစုကို အောက်ပါ Figure 1.1 မှာပြထားတဲ့ Home tab မှာ ကုန်လွန်စေတာကို သတိထားမိပါလိမ့်မယ်။ Civil 3D object တခုကို click လုပ်လိုက်တဲ့အခါမှာ အဲဒီအရာနဲ့သာသက်ဆိုင်တဲ့ contextual tab တခုကို ribbon မှာ တွေ့ရမှာပါ။ Fi

Civil 3D: The Basics

AutoCAD® Civil 3D® program ကို ဆရာတဆူလို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သုံးစွဲနိုင်ဖို့ဆိုရင် စိတ်ရှည်ပြီး လေ့ကျင့်ချိန်ပေးနိုင်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။   အခြေခံအဆင့်တွေကို ပထမဦးစွာ နားလည်တတ်ကျွမ်းဖို့ လိုအပ်မယ်ဆိုတာတော့ အထူးအထွေ ပြောစရာမလိုမယ့် ကိစ္စပါ။ AutoCAD® Civil 3D® program မှာ မြောက်မြားလှစွာသော dialogs, ribbons, menus, and icons စတာတွေပါဝင်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ လန့်စရာကြီး ၊ ငါသုံးလို့လွယ်ပါ့မလား လို့ ထင်စရာပါ။ ဒီ tools တွေကို သုံးစွဲဖို့ဆိုရင် ဘယ်နားမှာ ဘာရှိတယ် ၊ ဘယ်လိုအသုံးဝင်တယ် ဆိုတာတွေကို ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အခု ပညာရပ်ဆိုင်ရာဝေါဟာရများ နှင့် User Interface အသုံးပြုပုံများကို ကျွန်တော်တို့ လေ့လာသွားမှာဖြစ်ပါတယ်။ အဲဒါအပြင် lines and curves တွေကို ဘယ်လိုတိတိကျကျဆွဲမလဲ ဆိုတဲ့နည်းလမ်းများကိုလည်း မိတ်ဆက်ပေးသွားပါမယ်။ ဟုတ်ပြီ။ ဘာတွေလေ့လာကြမလဲဆိုတာ ထပ်ပြောပြမယ်။ 1.       1.      ဘယ်လို Civil 3D object မျိုးကိုမဆို ကလစ်အနည်းငယ်နဲ့ ရှာဖွေတာပါမယ်။ 2.     2.       Drawing scale နှင့် default object layer

AutoCAD Civil3D Training Center