Posts

Pentax R-400V Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်

Image
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Surveyor များအတွက် မျှဝေပေးတဲ့ Pentax R-400V Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်ဖြစ်ပါတယ်။ အောက်ပါအမျိုးအစားများအတွက် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။   R-422VN R-423VN R-425VN R-435VN Pentax အမျိုးအစား Totalstation များ၊ Auto Level များကို ဝယ်ယူလိုပါက မြန်မာနိုင်ငံမှာ ဆိုရင်တော့  https://www.facebook.com/Instruments.kdl/  မှာ ဆက်သွယ်ဝယ်ယူ အားပေးနိုင်ပါတယ်ခင်ဗျာ။ အခြား Survey ဆက်စပ်ပစ္စည်းများကိုလည်း ရရှိနိုင်ပါတယ်။  Pentax R-400V Series Totalstation များအတွက် Basic_Procedures_Manual ဒေါင်းလုဒ်ဆွဲရန် Pentax R-400V Series Totalstation များအတွက် PowerToPoLite_Manual ဒေါင်းလုဒ်ဆွဲရန် #Pentax #Totalstation #User #Manual #Download #Myanmar #Surveyor #Civil #Engineer #Survey #Instrument #Dealer

Civil 3D : Editing Linework ပြုလုပ်ခြင်း

Image
     AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D မှာ ပါဝင်တဲ့ Editing Linework  အကြောင်း မျှဝေပေးတာပါ ခင်ဗျာ။   အရင်သင်ခန်းစာက ပုံကိုဆက်သုံးမှာ ဖြစ်တဲ့အတွက် ပထမဆွဲပြီး save ထားခဲ့တဲ့ 0202 _RoadwayFigures.dwg ကို ပြန်ဖွင့်ပါမယ်။ အဲဒီပုံမှာ အဆောက်အဦ figure လိုင်းမပိတ်ပဲ ဖြစ်နေတာကို မြင်တွေ့ရပါ။ အရင်ပုံ မရှိဘူးဆိုရင်တော့ ဒီမှာဒေါင်းယူပါ ။             အဆင့် ၁            အဲဒါကို ပြင်ဆင်ဖို့ Toolspace > Survey tab > Survey Databases ကို ဖြန့်ချပါမယ်။ Roadway > Networks > Roadway 4-22-2013  > Non-Control Points အထိသွားပါမယ်။ Non-Control Points ကို ညာကလစ်ထောက်ပြီး Edit ကို ကလစ်လုပ်လိုက်တာနဲ့ Non-Control Points Editor ပေါ်လာမှာ ဖြစ်ပါတယ်။             အဆင့် ၂             အဲဒီမှာပေါ်လာတဲ့ point list အောက်ဆုံးအထိ Scroll လုပ်ဆင်းသွားရင် နောက်ဆုံးလိုင်း ပွိုင့်နံပါတ် ၃၄ ကို မြင်တွေ့ရမှာပါ။ အဲဒါရဲ့ description ကို edit လုပ်မှာဖြစ်ပါတယ်။             အဆင့် ၃             Description field မှာ cursor ချပြီး ကလစ် ၂ ချက် ဆင့်နှိပ်ပါမယ်။ ပြီးရင် ကီးဘုတ်က မြှားခလုတ် က

Civil 3D : Survey Database and Edit Linework လေ့ကျင့်ခန်း

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D ကို ကိုယ်တိုင်လ့လာသင်ယူလိုသူများအတွက် လက်တွေ့လေ့ကျင့်နိုင်ဖို့ sharing လုပ်ပေးတာပါခင်ဗျာ။  အသုံးဝင်တယ်ဆိုရင် မိမိသူငယ်ချင်းများ လေ့လာနိုင်ဖို့ ထပ်ဆင့်မျှဝပေးပါခင်ဗျာ။ Exercise For Survey Database and Linework             ဒီလက်တွေ့လေ့ကျင့်ခန်းမှာတော့ ဆာဗေးဒေတာများပါဝင်တဲ့ ASCII file ကိုသုံးပြီး survey database ၊ network ၊ အစရှိသည်တို့ကို import လုပ်ဖန်တီးသွားမှာ   ဖြစ်ပါတယ်။              အဆင့် ၁  ပထမဦးစွာ ပေယူနစ်သုံးမှာဖြစ်တဲ့အတွက် _AutoCAD Civil 3 D (Imperial) NCS.dwt template file က နေပြီးတော့ drawing အသစ်တခု ဖွင့်ပါမယ်။ ကျွန်တော်တို့က အရင်သင်ခန်းစာကနေ လာတာမဟုတ်ပဲ ပုံအသစ်ခေါ်ယူလာခြင်းဖြစ်တာမို့ Mastering Civil 3 D.fdb_xdef ဆိုတဲ့ဖိုင်ကို C:\ProgramData\Autodesk\C 3 D 2014 \enu\Survey အောက်ကို ကူးယူထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။  Civil 3D 2018 အတွက်ဆိုရင်တော့ C:\ProgramData\Autodesk\C 3 D 2018 \enu\Survey အောက်ကို ပေါ့။  ဒီဖိုင်လမ်းကြောင်းကို ပုံမှန်အားဖြင့် ကွန်ပြူတာဝင်းဒိုးစနစ်က ဖွက်ထားတာကြောင့် မြင်တွေ့ရမှာ မဟုတ်ပါဘူး။

Civil 3D : Survey Database Component ရှင်းလင်းချက်

Image
AutoCAD Civil 3D Training Myanmar ကနေ Civil 3D နဲ့ပတ်သက်တဲ့ သိသင့်စရာများ ရှယ်ပေးပါရစေ။  Networks    Survey network ဆိုတာကတော့ ကွင်းဆင်းတိုင်းတာကောက်ယူထားတဲ့အချက်အလက်ဆိုင်ရာများကို စုစည်းထားတဲ့ နေရာတခု ဖြစ်ပါတယ်။ အဲဒီထဲမှာ စက်အထိုင်ချတဲ့နေရာတွေ၊ control points တွေ၊ non-control points များဖြစ်တဲ့ ဖတ်ချက်တွေ၊ Backsight directions တွေနဲ့ traverses စသည်တို့ ပါဝင်ပါတယ်။ Survey ဒေတာဘေ့စ်တခုမှာ Survey network တခုထက်မက များစွာပါဝင်နိုင်ပါတယ်။ ဒါကြောင့် စီမံကိန်း အပိုင်းလိုက် ကွဲပြားခြားနားတဲ့ Survey network များ သတ်မှတ်သုံးစွဲ စေနိုင်ပါတယ်။ Network Groups             Network groups ဆိုတာကတော့ Survey ဒေတာဘေ့စ်တခုအတွင်းရှိ တခုထက်မကသော Survey network များစွာပါဝင်တဲ့ အစုအဝေးကို ခေါ်ဆိုတာဖြစ်ပါတယ်။ များစွာသော Survey network များကို drawing အတွင်းသို့ drag and drop ဖိဆွဲထည့်သွင်းလိုက်ခြင်းဖြင့် Network groups ကို ရိုးရှင်းစွာဖန်တီးရယူနိုင်ပါတယ်။ Figures             ကွင်းဆင်းတိုင်းတာစဉ်က ထည့်သွင်း

AutoCAD Civil3D Training Center