Civil 3D : Translate Survey Network သုံးစွဲခြင်း (အပိုင်း ၁)
AutoCAD Civil 3D Training Myanmar ကနေပြီး Translate Survey Network အကြောင်း အပိုင်း ၁ ကို ဝေမျှပေးပါရစေ။ မကြာခဏဆိုသလိုပဲ assumed coordinate စနစ်နဲ့ တိုင်းတာထားချက်များကို known coordinate စနစ်သို့ လိုက်လျောညီထွေ ချိန်ညှိပြောင်းလဲပေးရလေ့ ရှိပါတယ်။ ဒီလို ကိုဩဒိနိတ်စနစ်ပြောင်းလဲရာမှာ တိုင်းထားချက်များကို မှန်ကန်တဲ့လားရာဦးတည်ရပ်များသို့ လှည့်ပေးရပါတယ်။ နောက်တခုကတော့ assumed elevations ကနေလည်း known datum သို့ ပြောင်းလဲပေးရလေ့ ရှိပါတယ်။ အခု ဥပမာ မှာတော့ အလိုရှိတဲ့ ကိုဩဒိနိတ်စနစ်က known points ၂ ခု ပါဝင်တဲ့ ပုံကို အသုံးပြုမှာ ဖြစ်ပါတယ်။ ကနဦး import လုပ်ထားတဲ့ ဆာဗေးဖိုင်ဟာ assumed coordinate စနစ်နဲ့ တိုင်းတာထား တာဖြစ်လို့ known points ရတဲ့အခါမှာ translate command ကို သုံးပြီးတော့ known ကိုဩဒိနိတ်စနစ်နဲ့ လိုက်လျောညီထွေ ရွှေ့ပြောင်းလှည့်ပေးရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဒေါင်းယူထားတဲ့ 0204 _Translate.dwg ဆိုတဲ့ပုံကို ဖွင့်လိုက်ပါမယ်။ ဒီမှ ာ သို့ ဒီက ဒေါင်းပါခင်ဗျာ။ အဲဒီမှာ Point 10000 နှင့် Point 10001 ဆိုပြီး Known Point ၂ ခု ပါဝင်တာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခ