Posts

ACTC-MYANMAR : How to Change Projection in Google Earth

Image
Google Earth ကနေ မိမိလိုအပ်တဲ့ပွိုင့်များကို ထုတ်ယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တခုကတော့ ကိုယ်လုပ်ငန်းခွင်မှာ သုံးစွဲတဲ့  coordinate စနစ်နဲ့ ကိုက်ညီအောင် ပြောင်းလဲပေးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို Menu Bar > Tools > Options ကနေ တဆင့် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်ကတော့ UTM စနစ်ကနေ Lat/Long ကို ပြောင်းလွှဲသုံးစွဲချင်လို့ ဒါလေးကို ပြောင်းလဲပြထားပါတယ်။ လက်တွေ့လုပ်ဆောင်ထားတဲ့ Video ကိုလည်း အောက်မှာ ထည့်ပေးထားပါတယ်။ 1.       ပထမဆုံး ရှိပြီးသား ပွိုင့်ကို right-click ထောက်ပြီး properties က တဆင့် လက်ရှိသုံးထားတဲ့ coordinate စနစ် စစ်ကြည့်ပါမယ်။ အခုကျွန်တော်ကတော့ UTM စနစ် သုံးစွဲထားတာ တွေ့ရပါမယ်။ OK နှိပ်ပြီး ပိတ်လိုက်ပါ။ 2.       Menu Bar > Tools ကို ကလစ်ပြီး ပေါ်လာတဲ့ အထဲက Options ကို ရွေးယူပါ။ 3.       Google Earth Options ပေါ်လာပါမယ်။ အဲဒီက 3D View tab ကို ကလစ်နှိပ် ပြောင်းလိုက်ပါ။ 4.       အဲဒီမှာ Show Lat/Long မှာ ပြောင်းလဲအသုံးပြုနိုင်တဲ့ Projection စနစ်များကို တွေ့ရပါမယ်။ 5.       မိမိအသုံးပြုလိုတဲ့ Projection စနစ်ကို ရွေးချယ်ပြီး OK နှိပ်ပေးပါ။ ကျွန်တော်ကတေ

ACTC-MYANMAR : Create Reference Base Points in Google Earth

Image
တခါတရံမှာ မိမိ project အတွက် တိကျတဲ့ Bench Mark များ မရနိုင်တဲ့အခါမျိုးမှာ ဖြစ်စေ၊ အကြမ်းဖျဉ်း လျာထား ကြည့်ချင်တဲ့အခါမျိုးမှာ ဖြစ်စေ Google Earth ကနေ coordinate တန်ဖိုးများ ထုတ်ယူသုံးစွဲဖို့ လိုအပ်လာပါတယ်။ တိကျဖို့ လိုအပ်တဲ့ လုပ်ငန်းများအတွက်တော့ မသင့်တော်ပါဘူး ခင်ဗျာ။ ဒီအတွက် လိုအပ်လာခဲ့ရင် အသုံးပြုနိုင်အောင် မျှဝေပေးရခြင်း ဖြစ်ပါတယ်။ အခု စလုပ်ကြည့်ရအောင်။ ရေးပြထားတာ သိပ်မရှင်းရင် လက်တွေ့လုပ်ပြထားတဲ့ video လေးကို ကြည့်နိုင်ပါတယ်ခင်ဗျာ။ 1. Google Earth ကို ကလစ် ၂ ချက် ဆင့်ခေါက်ပြီး ဖွင့်လိုက်ပါ။ Google Earth မရှိသေးသူများ ဒေါင်းလုဒ်ဆွဲရန် https://ouo.io/sp7kGkS 2. ပွင့်လာရင် ကိုယ်အလိုရှိတဲ့နေရာကို ရှာဖွေသွားရောက်လိုက်ပါ။ 3. ပွိုင့်ချဖို့ Toolbar က Add Placemark ကို ကလစ်နှိပ်လိုက်ရင် screen မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ icon လေး ပေါ်လာပါမယ်။ 4. ကိုယ်လိုချင်တဲ့နေရာကို ရောက်ဖို့ အဲဒီ icon လေးကို ကလစ်ဖိဆွဲပြီး လိုချင်တဲ့နေရာရောက်ရင် လွှတ်ချပေးပါ။ 5. ပေါ်လာတဲ့ Google Earth – New Placemark dialog က Name အကွက်မှာ မိမိမှတ်မိနိုင်တဲ့ အမည်မျိုး ပေးပြီး OK နှိပ်ပါ။ 6.

Civil 3D Tutorials : Create Line by Grid Northing/Grid Easting

Image
AutoCAD Civil 3D Training Center Myanmar ကနေပြီးတော့ Grid Northing/ Grid Easting အသုံးပြုပြီး လိုင်းဆွဲနည်းလေး မျှဝေပေးချင်ပါတယ်။ လက်တွေ့ရေးဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်ခင်ဗျာ။ ဒီနည်းလမ်းကတော့ Coordinate စနစ်တခု အသုံးပြုပြီး သတ်မှတ်ထားတဲ့ Grid Northing/ Grid Easting များကို အသုံးပြုပြီး လိုင်းဆွဲသားတာ ဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုဖို့ ပုံမှာ Coordinate စနစ်တခု သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုံမှန် Northing/ Easting ကို အသုံးပြုတာမဟုတ်ပဲ Grid Northing/ Grid Easting များကို အသုံးပြုထားလို့ ဖြစ်ပါတယ်။ ပုံမှာ Coordinate စနစ်တခု သတ်မှတ်နည်းကို https://www.actcmyanmar.com/2021/10/assign-coordinate-drawing.html မှာ ကြည့်နိုင်ပါတယ်။ အခုတော့ Coordinate စနစ် သတ်မှတ်ပြီးပုံကို အသုံးပြုထားတာမို့ စဆွဲကြည့်ရအောင်။ 1. Home – Draw Panel က Create Line by Grid Northing/Grid Easting ကို ကလစ်လုပ်ရွေးပါ။ 2. စဆွဲမယ့်ပွိုင့်ရဲ့ Grid Northing တန်ဖိုးထည့်ပြီး Enter ခေါက်ပါ။ 3. စဆွဲမယ့်ပွိုင့်ရဲ့ Grid Easting တန်ဖိုးဆက်ထည့်ပြီး Enter ခေါက်ပါ။ 4. ကျန်တဲ့ ဆက်ဆွဲရမယ်

Civil 3D Tutorials : Line Tools အသုံးပြုပြီး Traverse တခု လက်တွေ့ ဖန်တီးခြင်း

Image
ကျွန်တော်တို့ AutoCAD Civil 3D Training Center- Myanmar ကနေပြီးတော့ ဒီနေ့ မှာ Line Tools အသုံးပြုပြီး Traverse တခု လက်တွေ့ ဖန်တီးရေးဆွဲနည်း ကို တင်ဆက်ပေးလိုက်ပါတယ်။   လက်တွေ့ လိုက်လုပ်ကြည့်လို့ ရအောင်လို့ လေ့ကျင့်ခန်းဖိုင်ပါ ဒေါင်းလုဒ်လင့် ထည့်ပေးထားပါတယ်ခင်ဗျာ။ ဒီနေ့တော့ အရင်ပြောထားတဲ့လိုင်းဆွဲနည်းများကို သုံးပြီးလက်တွေ့ စမ်းဆွဲကြည့်ရအောင်။ 0105_Legal.dwg ဆိုတဲ့ဖိုင်ကို ပေးထားတဲ့လင့်ကနေ ဒေါင်းပြီးဖွင့်လိုက်ပါမယ်။ Download 0105_Legal.dwg ဒေါင်းလုဒ်ဆွဲနည်းကို ဒီမှာကြည့်ပေးပါ။  👉👉  https://www.actcmyanmar.com/2021/10/download-from-ouo.html Pcloud အကောင့်ရှိသူများကတော့ မဒေါင်းဖြစ်သေးရင် မိမိတို့အကောင့်မှာ ကူးယူသိမ်းဆည်းထားနိုင်ပါတယ်။ အကောင့်မရှိသေးသူများလည်း အကောင့်ဖွင့်ထားချင်ရင် အောက်ပါလင့်ကနေတဆင့် ဖွင့်နိုင်ပါတယ်။ https://u.pcloud.com/#page=register&invite=yqzH7ZezszOX Pcloud Premimum Account ကို တလ free စမ်းသုံးကြည့်ချင်ရင်တော့ ဒီလင့်ကနေ ဖွင့်နိုင်ပါတယ်။ Pcloud Premimum ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီးတာနဲ့ ကျွန်တော်တို့ မြင်ရမှာကတော့ အနီရောင်မြှားတခု နဲ့ အစိမ်းရောင် စာသား များ ဖြ

How to Assign Coordinate System to Drawing by ACTC-MYANMAR

Image
                ကိုယ်ဆွဲထားတဲ့ပုံကို Google Earth မှာ ကြည့်လိုတဲ့အခါမျိုးမှာ သို့မဟုတ် တကယ့် Coordinate System နဲ့ ချိတ်ဆက်ချင်တဲ့အခါမျိုးမှာဆိုရင် ကျွန်တော်တို့ဆွဲထားတဲ့ပုံကို ဘယ် coordinate စနစ် အသုံးပြုထားတယ် ဆိုတာ သတ်မှတ်ပေးဖို့ လိုအပ်လာပါတယ်။ ဒါကို ဘယ်လိုသတ်မှတ်ရမလဲဆိုတာ ဒီ video မှာ ကြည့်ရှုနိုင်ပါ တယ်ခင်ဗျာ။ 1.       Home Palettes က Toolspace ကို ကလစ်နှိပ် ဖွင့်ပါမယ်။ 2.       Toolspace ပွင့်လာရင် Settings Tab ကို ကလစ်နှိပ် ပြောင်းလိုက်ပါ။ 3.       ပြီးရင် Drawing name မှာ right-click ထောက်ပြီး Edit Drawing Settings ဆိုတာကို ရွေးပေးပါ။ 4.       Drawing Settings dialog ပွင့်လာပါမယ်။ 5.       Units and Zone ကို သွားပေးပါ။ 6.       Zone က Categories ဆိုတာမှာ ကလစ်ချပြီး သုံးလိုတဲ့ coordinate စနစ် ရွေးပေးပါ။ 7.       ဒီမှာတော့ Myanmar ကို ရွေးပြထားပါတယ်။ Myanmar အောက်မှာ သုံးစွဲနိုင်တဲ့ coordinate ဇုန် ၅ မျိုး ပါရှိပါတယ်။ 8.       မိမိ အသုံးပြုလိုတာကို ရွေးချယ်ပြီး OK နှိပ်လိုက်ပါ။ ညာဖက်အောက်ထောင့်မှာ coordinate စနစ် သတ်မှတ်ထားကြောင်း ပြတဲ့ အနီစက်လေး ပေါ်လာပါမယ်။

AutoCAD Civil3D Training | Northing Easting သုံးပြီး လိုင်းဆွဲမယ်

Image
ACTC-Myanmar ကနေ ဒီတခါ ပြောပြချင်တဲ့ အကြောင်းအရာကတော့ Northing/Easting တန်ဖိုးများ ရိုက်ထည့်ပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။   မိမိဆွဲထားတဲ့ ပုံမှာ လိုအပ်ချက် အနည်းငယ်ရှိလို့ ထပ်ဖြည့်ချင်တယ်၊ Point Import လည်း မလုပ်ချင်တော့ဘူး။ Coordinate တွေလည်း ဒီအတိုင်းပဲ ရေးမှတ်လာခဲ့တယ်ဆိုရင် ဒီနည်းကို အသုံးပြု ဆွဲသားနိုင်ပါတယ်။ လိုအပ်ချက်အနေနဲ့ ကောက်ယူထားတဲ့ Coordinate အချက်အလက်တွေ ရှိရပါမယ်။ ဒီမှာတော့ လွယ်လွယ်ကူကူ Assumed Coordinate နဲ့ ရေးဆွဲပြထားပါတယ်။ အောက်ဆုံးမှာ လက်တွေ့ရေးဆွဲပြထားတဲ့ video ထည့်ပေးထားတဲ့အတွက် Beginners များအကြိုက် ဖြစ်မှာပါ။ 1.       အရင်ဆုံး Home Tab > Draw Panel > Create Line by Northing/Easting command ကို သွားယူပါမယ်။ 2.       လိုင်းစဆွဲချင်တဲ့နေရာ ပထမပွိုင့်ရဲ့ northing တန်ဖိုး ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ 3.       ပထမပွိုင့်ရဲ့ easting တန်ဖိုး ဆက်ထည့်ပြီး enter ခေါက်ပေးပါ။ 4.       ဆက်ဆွဲမယ့်နေရာရဲ့ northing တန်ဖိုး ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ 5.       ဆက်ဆွဲမယ့်နေရာရဲ့ easting တန်ဖိုး ဆက်ထည့်ပြီး enter ခေါက်ပေးပါ။ 6.       အဲဒီနည်းအတိုင်း ကိုယ

ACTC-Myanmar | Point Name သုံးပြီး လိုင်းဆွဲမယ်

Image
 AutoCAD Civil 3D Training Center Myanmar ကနေ မိတ်ဆွေတို့အတွက် Create Line by Point Name အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။ ပုံမှန်သုံးနေကြနည်းတွေနဲ့ ဆွဲရတာ ပျင်းလာရင် ဒီနည်းလေး သုံးကြည့်ပါ။ ဒါကတော့ ပွိုင့်အမည်တွေကို အသုံးပြုပြီး လိုင်းဆွဲရတာ ဖြစ်ပါတယ်။ ကိုယ်တိုင်လေ့ကျင့်ချင်သူများအတွက် ဒေတာဖိုင်ကို https://ouo.io/OtlSS 3 မှာ ဒေါင်းနိုင်သလို http://j.gs/FvNk မှာလည်း ဒေါင်းယူနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆုံးမှာ လက်တွေ့ရေးဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်။ ကဲ စလိုက်ရအောင်။ 1.       ပထမဆုံး Home > Draw Panel > Create Line by Point Name ကို ကလစ်လုပ်ပါမယ်။ 2.       ပြီးရင် စဆွဲမယ့်ပွိုင့်အမည်ကို ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ ကိုယ်ထည့်လိုက်တဲ့ ပွိုင့်အမည်ကို command line မှာ မြင်နေရပါမယ်။ 3.       ဆက်ဆွဲမယ့် ပွိုင့်အမည်ကို ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ 4.       ဒီနည်းအတိုင်း ကိုယ်ဆွဲချင်တဲ့ လိုင်းအဆုံးမှတ်အထိ ထပ်ကာထပ်ကာ လုပ်ပေးပါ။ 5.       အဆုံးရောက်သွားရင်တော့ Esc ၂ ချက် နှိပ်ပြီး command အဆုံးသတ်လိုက်ပါ။ အခုဆို ပွိုင့်အမည်တွေသုံးပြီး လိုင်းဆွဲတာကို ကောင်းစွာနား

AutoCAD Civil3D Training Center